





unicode

အသည်းယားစရာ ကောင်းတဲ့ အမူအရာလေးတွေ နဲ့ ကြည်ရှုသူတိုင်း အချစ်ပိုမိစေအောင် သရုပ်ဆောင်ထားတဲ့ ခန့် ရဲ့ Tiktok ဗီဒီယိုဖိုင်လေး

ပရိသတ်ကြီးရေ “အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲလေးမှာ အတွင်းရေးမှူး မလေး ရှေးရေစက်ဆိုတဲ့ အေးဆေးတည်ငြိမ်တဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ ခန့်က လေးစုံတွဲဆိုတဲ့ ဇာတ်လမ်းတွဲလေး နဲ့ အနုပညာလောက ထဲကို စတင်ဝင်ရောက်ခဲ့ပေမယ့် ပရိသတ်တွေလူသိနည်းခဲ့တာလည်းဖြစ်ပါတယ်…..။

ခန့်က ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးနဲ့ ပြစ်ချက်မရှိလှပလွန်းတဲ့ မျက်နှာလေးအပြင် ပိန်ပါး ကျစ်လစ်တဲ့ သေးသွယ်သွယ်ကိုယ်ခန္ဓာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခန့်က လတ်တလောမှာတော့ ကြော်ငြာတွေ နဲ့ photo shootingတွေကိုလည်း လက်ခံရိုက်ကူးနေရတာလည်းဖြစ်ပါတယ်….။

ခန့်က သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ချစ်စရာကောင်းတဲ့ အလှပုံရိပ်လေးတွေနဲ့ Tiktok ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတဆင့်ပရိသတ်တွေဆီကို မျှဝေပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ သည်းယားစရာကောင်းတဲ့ အမူအရာလေးတွေနဲ့ မြင်ရသူတိုင်းက အချစ်ပိုစေမယ့် ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ကဲ……ချစ်ရတဲ့ ပရိသတ်တွေလည်း ခန့်ရဲ့ အဆိုပါ ဗီဒီယိုလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်……။

Source & Photo credit – Khant Thiri Zaw’s FB account

Add a Comment

Your email address will not be published. Required fields are marked *

eight + thirteen =