
အလန်းတဲ့စတိုင်တွေ နဲ့ အမိုက်စား ကကွက်တွေကို အပီဒွန့်နေကြတဲ့ ဝါဆိုမိုးဦးတို့ ညီအစ်မတွေ ရဲ့ ဗီဒီယိုဖိုင်









unicode

နာမည် ကြီးနေတဲ့ ဝါဆိုမိုးဦးတို့ ညီအစ်မတွေ ရဲ့ အလန်းတဲ့စတိုင်တွေ နဲ့ အမိုက်စား ကကွက်တွေကို အပီဒွန့်နေကြတဲ့ ဗီဒီယိုဖိုင် …

အနုပညာ အလုပ်တွေကို ဝါသနာပါလွန်း တာကြောင့် ကလေးဘဝ ကတည်းက သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။

သူမရဲ့ ကိုယ်လုံးလေး ဟာလည်း မိန်းကလေးချင်း တောင် ငေးမော ယူရလောက်အောင် မိမိုက်လွန်းနေ တာလည်း ဖြစ်ပါတယ်။

ဆိုဆိုဟာ သရုပ်ဆောင် အလုပ်ကို သာမကဘဲ သီချင်းဆိုရတာ ကိုလည်း ဝါသနာပါ လွန်းသူဖြစ်ပြီး Single Song လေးတွေလည်း အွန်လိုင်းကနေ တစ်ဆင့် မကြာခဏ ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။

ဝါဆိုဟာ လက်ရှိ မှာလည်း ချစ်သူနဲ့ အတူ မန္တလေး ၊ ပြင်ဦးလွင် ကို အပန်းဖြေခရီးထွက်နေတာပဲ ဖြစ်ပါတယ်။ မကြာခဏ ဆို သလို အမိုက်စား Tik Tok လေးတွေ ဆော့ကစား တင်ဆက်ပေးနေ တာလည်း ဖြစ်ပါတယ်။

ဆိုဆို ဟာ အကက ရတာကိုလည်း နှစ်သက်သူ တစ်ယောက် ဖြစ်ပြီး အခုမှာ လည်း ညီမလေးတွေ နဲ့အတူ ကထားတဲ့ Cover Dance ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဝေမျှပေး ထားတာပဲ ဖြစ်ပါတယ်။

ဆိုဆို ကလည်း ” ဝါဆိုတို့ညီအမတွေရဲ့ ကိုဗစ်ကြီး မဖြစ်ခင်က အပျော်ရိုက်ထား တဲ့ Dance Cover လေးပါ

ဆိုဆိုတို့ညီအမတွေ ကို ချစ်ပေးကြပါနော်လို့ ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် စည်းချက်ညီညီနဲ့ အမိုက်စားကကွက်တွေနဲ့ မြူးမြူးကြွကြွလေးအပီဒွန့်နေကြတဲ့ ဝါဆိုမိုးဦးတို့ညီအစ်မတွေရဲ့ Video လေးကို တင်ဆက်ပေး လိုက် ရပါတယ်နော်။

Source and Photo Crd – Warso Moe Oo’s Facebook Account and Directed by – YeNaung

Add a Comment

Your email address will not be published. Required fields are marked *

4 × five =