





unicode

ကလေးလေး တစ်ယောက်လို မျက်နှာအမူအယာ မျိုးစုံလုပ်ပြီး ပရိသတ်တွေ ကို အသည်းယားစေ ခဲ့တဲ့ ခင်ဝင့်ဝါ

Miss Supranational Myanmar 2013 ဆုရှင် ခင်ဝင့်ဝါ ကတော့ အလှမယ်ဘဝ ကနေ နိုင်ငံကျော် မင်းသမီးဖြစ်လာပြီး အခုဆိုရင် အောင်မြင်မှုများစွာ ရရှိနေပြီ ဖြစ်ပါတယ်။ ခင်ဝင့်ဝါက ရုပ်ရှင် ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်နေ့ထက်တစ်နေ့ တိုးပြီး ရရှိလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခင်ဝင့်ဝါ ရဲ့ အနုပညာလှုပ်ရှားမှု တိုင်းကို စိတ်ဝင်စားစွာနဲ့ အားပေးနေကြဆဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေ ရပ်နားထားရပြီး အိမ်မှာပဲနေနေ ရတဲ့ ခင်ဝင့်ဝါက ဒီနေ့မှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ဆယ်လ်ဖီပုံလှလှလေးတွေကို မျှဝေထားပါတယ်။ ခင်ဝင့်ဝါရဲ့ ဟန်ပန် အမူအယာလေးက ကလေးလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ မချစ် ပဲနေနနိုင်မယ် မထင်ပါဘူး။

ခင်ဝင့်ဝါကတော့ ဘယ်အရွယ်ရောက်ရောက် ကလေး တစ်ယောက်လို ချစ်စရာကောင်းနေတာတော့ အားနည်းချက် လိုတောင် ဖြစ်နေပြီနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ခင်ဝင့်ဝါ ကိုကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်။

Source: Khin Wint Wah’s fb

Add a Comment

Your email address will not be published. Required fields are marked *

11 − 7 =