ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ကုသႏိုင္ရန္ ျမန္မာ့ တိုင္းရင္းေဆး (၄) မ်ိဳးကို သုေတသနျပဳလုပ္

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ကုသႏိုင္ရန္ ျမန္မာ့ တိုင္းရင္းေဆး (၄) မ်ိဳးကို သုေတသနျပဳလုပ္

ကိုဗစ္-၁၉ ေရာဂါႀကိဳတင္ကာကြယ္ ကုသႏိုင္ ေအာင္ ျမန္မာ့တိုင္းရင္းေဆး ၄ မ်ိဳးကို သုေတသန ျပဳလုပ္ေနတယ္လို႔ ျမန္မာႏိုင္ငံတိုင္းရင္းေဆးဗဟိုေကာင္စီကေန သိရပါတယ္။ တိုင္းရင္ေဆးအမွတ္(၁)၊ (၇)၊ (၂၃)နဲ႔ (၂၅)တို႔ ေလးမ်ိဳးကို ေပါင္းစပ္ၿပီးေတာ့ အဆုတ္ေရာဂါ နဲ႔ အဖ်ားေရာဂါကို တိုက္ဖ်က္ ကုသ ႏိုင္တာေၾကာင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ကုသေပးဖို႔ သုေတသနျပဳလုပ္ေနတာလို႔ ျမန္မာႏိုင္ငံတိုင္းရင္းေဆး ဗဟိုေကာင္စီအဖြဲ႕ဝင္ သမားေတာ္ႀကီး၊ ဦးဟိဏ္းထက္က ေျပာပါတယ္။

ေဆးနံပါတ္ (၁) က မက္လင္ခ်ဥ္သီးနဲ႔ ေဖာ္စပ္ထားတဲ့ သလိပ္ပုပ္ ေပ်ာက္ေဆးျဖစ္ၿပီး ေဆးနံပါတ္ (၇) ကေတာ့ ႏြယ္ခ်ိဳ၊ စမုံမ်ိဳး ၅ ပါးနဲ႔ေဖာ္စပ္ထားတဲ့ ေခ်ာင္းဆိုးေပ်ာက္ေဆး ျဖစ္တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ေဆးနံပါတ္ (၂၃) က လင္းေနျမစ္အပါဝင္ (၂၃) မ်ိဳးနဲ႔ေဖာ္စပ္ထားတဲ့ အဖ်ားေရာဂါနဲ႔ အကိုက္အခဲ ေပ်ာက္ကင္းၿပီး ေဆးနံပါတ္ (၂၅)ကေတာ့ ပဒဲျမင့္မိုရ္နဲ႔ ေဖာ္စပ္ထားတဲ့ အဖ်ားေရာဂါေပ်ာက္ကင္းေဆး ျဖစ္တယ္လို႔ ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါဟာ ေခ်ာင္းဆိုးေရာဂါနဲ႔ အဖ်ားေရာဂါ ကို အေျခခံတာေၾကာင့္ ေခ်ာင္းဆိုးေပ်ာက္ေဆး ၂ မ်ိဳးနဲ႔ ဖ်ားနာေပ်ာက္ေဆး ၂ မ်ိဳးကို ေပါင္းစပ္ၿပီး သုေတသနျပဳလုပ္တာျဖစ္ၿပီး အေျခအေနေကာင္းတယ္လို႔ ၾကားသိရပါတယ္။အဲဒီေဆးသာ သုေတသနျပဳလုပ္ၿပီး ေအာင္ျမင္ခဲ့ရင္ ေဘးထြက္ဆိုးက်ိဳးမရွိဘဲ ကုန္က်စရိတ္ သက္သာကာ ျပည္သူလူထုအတြက္ အေထာက္ပံ့ေကာင္းေတြ ျဖစ္လာႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ တိုင္းရင္းေဆးေကာင္စီကေန သိရပါတယ္။

ဒီဗီႀဘီ

unicode

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသနိုင်ရန် မြန်မာ့ တိုင်းရင်းဆေး (၄) မျိုးကို သုတေသနပြုလုပ်

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ကုသနိုင် အောင် မြန်မာ့တိုင်းရင်းဆေး ၄ မျိုးကို သုတေသန ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဗဟိုကောင်စီကနေ သိရပါတယ်။ တိုင်းရင်ဆေးအမှတ်(၁)၊ (၇)၊ (၂၃)နဲ့ (၂၅)တို့ လေးမျိုးကို ပေါင်းစပ်ပြီးတော့ အဆုတ်ရောဂါ နဲ့ အဖျားရောဂါကို တိုက်ဖျက် ကုသ နိုင်တာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသပေးဖို့ သုတေသနပြုလုပ်နေတာလို့ မြန်မာနိုင်ငံတိုင်းရင်းဆေး ဗဟိုကောင်စီအဖွဲ့ဝင် သမားတော်ကြီး၊ ဦးဟိဏ်းထက်က ပြောပါတယ်။

ဆေးနံပါတ် (၁) က မက်လင်ချဉ်သီးနဲ့ ဖော်စပ်ထားတဲ့ သလိပ်ပုပ် ပျောက်ဆေးဖြစ်ပြီး ဆေးနံပါတ် (၇) ကတော့ နွယ်ချို၊ စမုံမျိုး ၅ ပါးနဲ့ဖော်စပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေး ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဆေးနံပါတ် (၂၃) က လင်းနေမြစ်အပါဝင် (၂၃) မျိုးနဲ့ဖော်စပ်ထားတဲ့ အဖျားရောဂါနဲ့ အကိုက်အခဲ ပျောက်ကင်းပြီး ဆေးနံပါတ် (၂၅)ကတော့ ပဒဲမြင့်မိုရ်နဲ့ ဖော်စပ်ထားတဲ့ အဖျားရောဂါပျောက်ကင်းဆေး ဖြစ်တယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ချောင်းဆိုးရောဂါနဲ့ အဖျားရောဂါ ကို အခြေခံတာကြောင့် ချောင်းဆိုးပျောက်ဆေး ၂ မျိုးနဲ့ ဖျားနာပျောက်ဆေး ၂ မျိုးကို ပေါင်းစပ်ပြီး သုတေသနပြုလုပ်တာဖြစ်ပြီး အခြေအနေကောင်းတယ်လို့ ကြားသိရပါတယ်။အဲဒီဆေးသာ သုတေသနပြုလုပ်ပြီး အောင်မြင်ခဲ့ရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကုန်ကျစရိတ် သက်သာကာ ပြည်သူလူထုအတွက် အထောက်ပံ့ကောင်းတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီကနေ သိရပါတယ်။

ဒီဗီြဘီ

Add a Comment

Your email address will not be published. Required fields are marked *

one × 4 =