ေမာ္လၿမိဳင္ (၁၀)ၿမိဳ႕နယ္ေဆာင္မွ Q ဝင္ေနသူ အမ်ိဳးသမီး တစ္ဦး ခိုးထြက္ေျပး

ေမာ္လၿမိဳင္ (၁၀)ၿမိဳ႕နယ္ေဆာင္မွ Q ဝင္ေနသူ အမ်ိဳးသမီး တစ္ဦး ခိုးထြက္ေျပး

တေန႔က ေမာ္လၿမိဳင္(၁၀)ၿမိဳ႕နယ္ ေဆာင္ေမာ္လၿမိဳင္ေဆာင္ မွာ Positive တစ္ဦးေတြ႕တယ္ …

ညက (၁၀)ၿမိဳ႕နယ္ေဆာင္ ေကာ့ကရိတ္ေဆာင္ မွ Facility Quarantine ဝင္ေနသည့္ အမ်ိဳးသမီးတစ္ဦး ထြက္ေျပးမႈျဖစ္ပြားခဲ့ပါတယ္။

22.6.2020 နံနက္(4:00)ခန႔္က ေမာ္လၿမိဳင္ၿမိဳ႕ ေစ်းႀကိဳရပ္ ကားဝင္းေရွ႕ ျမဝတီကားဂိတ္မွာ အမ်ိဳးသမီးတစ္ဦး မသကၤာဖြယ္ေတြ႕ရွိၿပီး ဘာမွေမးျမန္းမရေၾကာင္း

ဘိုကစ္ကြမ္းယာဆိုင္ႏွင့္ ဆိုင္ကယ္ Taxi ဆရာမ်ား မွ ဖုန္းဆက္ အကူအညီေတာင္းလာ၍ ေမာ္လၿမိဳင္ RESCUE လူမႈကယ္ဆယ္ေရးအဖြဲ႕မွ သြားေရာက္ စီစစ္ေမးျမန္းရာမွ

အဆိုပါအမ်ိဳးသမီးမွာ ျပည္ေတာ္ျပန္မ်ားအား အသြားအလာ ကန႔္သတ္ Facility Quarantine ထားရွိသည့္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀)ၿမိဳ႕နယ္ေဆာင္ ေကာ့ကရိတ္ေဆာင္မွခိုးထြက္ေျပးခဲ့သူ ျဖစ္ေၾကာင္

သိရွိရသျဖင့္ ကြၽန္ေတာ္တို႔မွ အခ်ိန္မွီ ထိန္းသိမ္းၿပီး (၁၀)ၿမိဳ႕နယ္ေဆာင္ တာဝန္ရွိသူမ်ားထံ ျပန္လည္အပ္ႏွံေပးခဲ့ပါတယ္အဆိုပါ အမ်ိဳးသမီးမွာ ေမာ္လၿမိဳင္ CBFQ Center သို႔ေရာက္ရွိသည္မွာ(၅)ရက္ခန႔္ ရွိၿပီးျဖစ္ၿပီး စိတ္က်န္းမာေရးသိပ္မေကာင္းသူဟု သိရပါသည္။

အခ်ိန္တန္လို႔ ပိုးမေတြ႕ရင္ အားလုံး အိမ္ျပန္ရမွာပါ။ ပိုးေတြ႕ခဲ့ရင္လည္း ေသေသခ်ာခ်ာ အခမဲ့ ေဆးဝါးကုသမႈေဆာင္႐ြက္ေပးဦးမွာပါ။

ႏိုင္ငံေတာ္အစိုးရ နဲ႔ တာဝန္ရွိသူေတြအားလုံးမွ အခ်ိန္ေတြ ေငြေတြေပးဆပ္ၿပီး ျပည္ပႏိုင္ငံမွျပန္ဝင္လာမႈကို အတတ္ႏိုင္ ဆုံး အေကာင္းဆုံးျဖစ္ေအာင္ လက္ခံေပးၿပီး လိုေလေသးမရွိ ထားေပးေနတာကို အားလုံးအသိပဲ ျဖစ္ပါတယ္။

ေက်းဇူးသိတတ္စြာနဲ႔ စည္းကမ္းတက်ေလး ေနေပးေစခ်င္ ပါတယ္။ မိမိေၾကာင့္ အျခားသူမ်ား စိတ္ဒုကၡ မေရာက္ၾကပါေစနဲ႔ခင္ဗ်ား။

အားလုံးလည္းပင္ပန္းေနၾကပါၿပီး

zin moe

unicode

မော်လမြိုင် (၁၀)မြို့နယ်ဆောင်မှ Q ဝင်နေသူ အမျိုးသမီး တစ်ဦး ခိုးထွက်ပြေး

တနေ့က မော်လမြိုင်(၁၀)မြို့နယ် ဆောင်မော်လမြိုင်ဆောင် မှာ Positive တစ်ဦးတွေ့တယ် … ညက (၁၀)မြို့နယ်ဆောင် ကော့ကရိတ်ဆောင် မှ Facility Quarantine ဝင်နေသည့် အမျိုးသမီးတစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။ 22.6.2020 နံနက်(4:00)ခန့်က မော်လမြိုင်မြို့ စျေးကြိုရပ် ကားဝင်းရှေ့ မြဝတီကားဂိတ်မှာ အမျိုးသမီးတစ်ဦး မသင်္ကာဖွယ်တွေ့ရှိပြီး ဘာမှမေးမြန်းမရကြောင်း

ဘိုကစ်ကွမ်းယာဆိုင်နှင့် ဆိုင်ကယ် Taxi ဆရာများ မှ ဖုန်းဆက် အကူအညီတောင်းလာ၍ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် စီစစ်မေးမြန်းရာမှ အဆိုပါအမျိုးသမီးမှာ ပြည်တော်ပြန်များအား အသွားအလာ ကန့်သတ် Facility Quarantine ထားရှိသည့် မော်လမြိုင် တက္ကသိုလ် (၁၀)မြို့နယ်ဆောင် ကော့ကရိတ်ဆောင်မှခိုးထွက်ပြေးခဲ့သူ ဖြစ်ကြောင် သိရှိရသဖြင့် ကျွန်တော်တို့မှ အချိန်မှီ ထိန်းသိမ်းပြီး (၁၀)မြို့နယ်ဆောင် တာဝန်ရှိသူများထံ ပြန်လည်အပ်နှံပေးခဲ့ပါတယ်အဆိုပါ အမျိုးသမီးမှာ မော်လမြိုင် CBFQ Center သို့ရောက်ရှိသည်မှာ(၅)ရက်ခန့် ရှိပြီးဖြစ်ပြီး စိတ်ကျန်းမာရေးသိပ်မကောင်းသူဟု သိရပါသည်။

အချိန်တန်လို့ ပိုးမတွေ့ရင် အားလုံး အိမ်ပြန်ရမှာပါ။ ပိုးတွေ့ခဲ့ရင်လည်း သေသေချာချာ အခမဲ့ ဆေးဝါးကုသမှုဆောင်ရွက်ပေးဦးမှာပါ။ နိုင်ငံတော်အစိုးရ နဲ့ တာဝန်ရှိသူတွေအားလုံးမှ အချိန်တွေ ငွေတွေပေးဆပ်ပြီး ပြည်ပနိုင်ငံမှပြန်ဝင်လာမှုကို အတတ်နိုင် ဆုံး အကောင်းဆုံး ဖြစ်အောင် လက်ခံပေးပြီး လိုလေသေးမရှိ ထားပေးနေတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျေးဇူးသိတတ်စွာနဲ့ စည်းကမ်းတကျလေး နေပေးစေချင် ပါတယ်။ မိမိကြောင့် အခြားသူများ စိတ်ဒုက္ခ မရောက်ကြပါစေနဲ့ခင်ဗျား။

အားလုံးလည်းပင်ပန်းနေကြပါပြီး

zin moe

Add a Comment

Your email address will not be published. Required fields are marked *

19 − 10 =