မာယာ ျပကၡဒိန္အရ (၂၀၂၀)ခုႏွစ္ ဇြန္လဟာ ကမာၻပ်က္မယ့္လ ဆိုတာ သင္သိ ပါသလား …?

မာယာ ျပကၡဒိန္အရ (၂၀၂၀)ခုႏွစ္ ဇြန္လဟာ ကမာၻပ်က္မယ့္လ ဆိုတာ သင္သိ ပါသလား …?

မာယာလူမ်ိဳးေတြရဲ႕ အနာဂတ္ ေဟာကိန္း ျပကၡဒိန္အရ အခုႏွစ္ (၂၀၂၀)ခုႏွစ္ ဟာ ကမာၻပ်က္မယ့္ႏွစ္လို႔ ဆိုထားပါတယ္။ ရက္အတိအက်အားျဖင့္ဆိုရင္ မာယာျပကၡဒိန္ကြၽမ္းက်င္သူေတြရဲ႕ တြက္ခ်က္မႈအရ အခုႏွစ္ ဇြန္လ (၂၁)ရက္ ေနၾကတ္မယ့္ေန႔ဟာ ကမာၻပ်က္မယ့္ေန႔ျဖစ္ေၾကာင္း အတိအက် အေျဖထြက္ ထားပါတယ္။ ဒါေၾကာင့္ မာယာေတြရဲ႕ ကမာၻပ်က္ေန႔စြဲဟာ တက္တက္စင္ေအာင္ကို လြဲသြားၿပီလို႔ ဆိုရမွာပါ။ ကမာၻႀကီးဟာ ဇြန္လ(၂၁)ရက္ေန႔ကို လြန္ေျမာက္လို႔ အခု ဇြန္လ(၂၂)ရက္ဆိုတဲ့ မနက္ျဖန္ႀကီးကို ေအာင္ျမင္စြာ ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ပါတယ္။ ယခင္ ေဟာကိန္းတုန္း ကလည္း (၂၀၁၂)ခုႏွစ္မွာ ကမာၻပ်က္မယ္လို႔ ေဟာခဲ့ေပမယ့္ ကမာၻႀကီးဟာ အဲဒီႏွစ္ကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ပထမ ကမာၻပ်က္ေဟာကိန္း မွာ မာယာပညာရွင္ေတြက (၂၀၁၂)ခုႏွစ္ ဒီဇင္ဘာ (၂၁)ရက္လို႔ ေကာက္ယူရေသာ္လည္း ဘာမွ ထူးျခားတဲ့ ကမာၻပ်က္ကိန္းမ်ိဳး မႀကဳံခဲ့ရပါ။ သို႔ေသာ္ အခုႏွစ္မွာေတာ့ထူးျခားတဲ့ တိုက္ဆိုင္မႈေတြ ရွိေနပါတယ္။ ကမာၻႀကီးဟာ အညႇိဳးအာဃာတေတြနဲ႔ ေဖာင္းပြမႈေတြ ပိုမ်ား လာပါတယ္။ ေဒါသတရားေတြနဲ႔ ႏိုင္လိုမင္းထက္ျပဳမႈေတြဟာ ပိုအားေကာင္းလာပါတယ္။လစ္ျဗားနဲ႔ အီဂ်စ္တို႔ရဲ႕ ႏိုင္ငံေရးတင္းမာမႈဟာ အထြတ္အထိပ္ကို ေရာက္လာခဲ့ၿပီျဖစ္ၿပီး၊ အီဂ်စ္သမၼတ Abdel Fattah al-Sisi က စစ္ျပင္ဖို႔ အမိန႔္ေပးလိုက္ပါၿပီ။ တ႐ုတ္-အိႏၵိယ ကလည္း အခုပဲ ထၿပီးတိုက္ေတာ့မေယာင္ နယ္စပ္အသီးသီးမွာ စစ္အင္အားေတြ ျဖည့္တင္းၿပီး၊ စစ္ေရးအရ ၿခိမ္းေျခာက္ေနပါတယ္။ ပါကစၥတန္ကလည္း အထိအခိုက္မခံတဲ့ နယ္စပ္ျပႆနာေတြကို အိႏၵိယအတြက္ ဖန္တီးေပးၿပီး၊ စစ္ဦးအစ စိန္ေခၚမႈေတြ ျပေနပါတယ္။

တ႐ုတ္ဟာ ကမာၻ႔စူပါပါဝါကို ကန္လက္ ကေန လႊဲေျပာင္းရယူႏိုင္ေရး၊ ကန္ ျပည္တြင္းပဋိပကၡေတြနဲ႔ တိုင္ပတ္ေနခ်ိန္မွာ တစ္ျခားႏိုင္ငံေတြကိုလည္း အမွည့္ေႁခြစနစ္နဲ႔ တိုက္ခိုက္ေနပါတယ္။ ပင္လယ္ရပ္ျခားႏိုင္ငံေတြကို ဆိုက္ဘာနည္းနဲ႔ စီးပြားေရးကိုလိုနီ နယ္ခ်ယ့္နည္းနဲ႔ စိန္ေခၚမႈေတြ ျပဳလုပ္ေနၿပီး၊ ေတာင္တ႐ုတ္ပင္လယ္ နဲ႔ ဆက္စပ္ဧရိယာေတြျဖစ္တဲ့ ဂ်ပန္၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွားတို႔ရဲ႕ ေရပိုင္နက္ေတြကိုပါ တၿပိဳင္တည္း ၿခိမ္းေျခာက္ေနခဲ့တာပါ။ေတာင္နဲ႔ေျမာက္ကိုရီးယားကလည္း အခုဆိုရင္ ၿငိမ္းခ်မ္းေရး ၿပိဳကြဲသြားပါၿပီ။ ေျမာက္ကိုရီးယားက ႏွစ္ႏိုင္ငံဆက္ဆံေရး႐ုံးကို ၿဖိဳခ် လိုက္တာပါ။ ေနာက္ၿပီး ေတာင္ကိုးရီယားဘက္က တစ္ခုခု သည္းမခံႏိုင္တာ လုပ္တာနဲ႔ စစ္ေရးအရ တိုက္ခိုက္အေရးယူမယ္လို႔လည္း ၿခိမ္းေျခာက္လိုက္ပါတယ္။ ေတာင္ကိုရီးယားဘက္ကလည္း ေျမာက္တို႔ရဲ႕ နယ္စပ္စည္းအနီးကို စစ္တပ္ေတြနဲ႔ တိုက္ေလယာဥ္ေတြ ပို႔ထားၿပီး ပါၿပီ။

လက္ရွိၿခိမ္းေျခာက္ေနတဲ့ အညႇိဳး အာဃာတေတြက ကမာၻႀကီးအတြက္ အခုလမဟုတ္ေတာင္ ယခုႏွစ္မွာ သက္ေရာက္မႈေတြ ရွိမလာဘူးလို႔ မေျပာႏိုင္ပါဘူး။NASA ရဲ႕ ကမာၻပ်က္ေဟာကိန္းကေတာ့ လူရယ္စရာ ျဖစ္ခဲ့ပါတယ္။ သူတို႔တစ္ေတြ အတိအက် တြက္ခ်က္ၿပီး ကမာၻကို နီဘီ႐ူၿဂိဳဟ္ႀကီးက (၂၀၀၃)ခုႏွစ္ ဇြန္လ မွာ ကမာၻကို တိုက္႐ိုက္ ထိမွန္မယ္လို႔ ဆိုပါတယ္။ ထိမွန္ခဲ့ရင္ ကမာၻမွာ အသက္ရွင္တဲ့လူ နည္းနည္းပါးပါးပဲ ရွိမယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သိတဲ့ အတိုင္း သူရဲ႕ ေဟာကိန္းလည္း တက္တက္စင္ ေအာင္လြဲ ခဲ့ပါတယ္။ တျခား ေရွ႕ျဖစ္ေဟာ ဆရာေတြ ရဲ႕ ေဟာကိန္းေတြကလည္း တက္တက္ စင္ေအာင္ လြဲေနေသးတာဟာ ကမာၻ အတြက္ေတာ့ အေတာ္ေလးကို အားရစရာပါ။ အခု မာယာေဟာကိန္း ကလည္း လြဲေနဆဲပါဘဲ။ တခ်ိဳ႕သူေတြက လြန္ေလၿပီးေသာ ေရွ႕ျဖစ္ေဟာဆရာေတြက ဘယ္လို ေဟာခဲ့တာဆိုၿပီး တကယ္မဟုတ္တဲ့ ေဟာကိန္းေတြကို ဖြၾကတာမ်ိဳး ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခု အခ်ိန္ထိ ကမာၻႀကီး သက္ရွည္က်န္းမာေနတာ ဝမ္းသာစရာပဲ ျဖစ္ပါတယ္။

Credit Celecrazynews
Ref Express/ Zeenews/ Wiki

unicode

မာယာ ပြက္ခဒိန်အရ (၂၀၂၀)ခုနှစ် ဇွန်လဟာ ကမ္ဘာပျက်မယ့်လ ဆိုတာ သင်သိ ပါသလား …?

မာယာလူမျိုးတွေရဲ့ အနာဂတ် ဟောကိန်း ပြက္ခဒိန်အရ အခုနှစ် (၂၀၂၀)ခုနှစ် ဟာ ကမ္ဘာပျက်မယ့်နှစ်လို့ ဆိုထားပါတယ်။ ရက်အတိအကျအားဖြင့်ဆိုရင် မာယာပြက္ခဒိန်ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရ အခုနှစ် ဇွန်လ (၂၁)ရက် နေကြတ်မယ့်နေ့ဟာ ကမ္ဘာပျက်မယ့်နေ့ဖြစ်ကြောင်း အတိအကျ အဖြေထွက် ထားပါတယ်။ ဒါကြောင့် မာယာတွေရဲ့ ကမ္ဘာပျက်နေ့စွဲဟာ တက်တက်စင်အောင်ကို လွဲသွားပြီလို့ ဆိုရမှာပါ။ ကမ္ဘာကြီးဟာ ဇွန်လ(၂၁)ရက်နေ့ကို လွန်မြောက်လို့ အခု ဇွန်လ(၂၂)ရက်ဆိုတဲ့ မနက်ဖြန်ကြီးကို အောင်မြင်စွာ ချဉ်းနင်းဝင်ရောက်လာခဲ့ပါတယ်။ ယခင် ဟောကိန်းတုန်း ကလည်း (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်လို့ ဟောခဲ့ပေမယ့် ကမ္ဘာကြီးဟာ အဲဒီနှစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပထမ ကမ္ဘာပျက်ဟောကိန်း မှာ မာယာပညာရှင်တွေက (၂၀၁၂)ခုနှစ် ဒီဇင်ဘာ (၂၁)ရက်လို့ ကောက်ယူရသော်လည်း ဘာမှ ထူးခြားတဲ့ ကမ္ဘာပျက်ကိန်းမျိုး မကြုံခဲ့ရပါ။ သို့သော် အခုနှစ်မှာတော့ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိနေပါတယ်။ ကမ္ဘာကြီးဟာ အညှိုးအာဃာတတွေနဲ့ ဖောင်းပွမှုတွေ ပိုများ လာပါတယ်။ ဒေါသတရားတွေနဲ့ နိုင်လိုမင်းထက်ပြုမှုတွေဟာ ပိုအားကောင်းလာပါတယ်။လစ်ဗြားနဲ့ အီဂျစ်တို့ရဲ့ နိုင်ငံရေးတင်းမာမှုဟာ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီဖြစ်ပြီး၊ အီဂျစ်သမ္မတ Abdel Fattah al-Sisi က စစ်ပြင်ဖို့ အမိန့်ပေးလိုက်ပါပြီ။ တရုတ်-အိန္ဒိယ ကလည်း အခုပဲ ထပြီးတိုက်တော့မယောင် နယ်စပ်အသီးသီးမှာ စစ်အင်အားတွေ ဖြည့်တင်းပြီး၊ စစ်ရေးအရ ခြိမ်းခြောက်နေပါတယ်။ ပါကစ္စတန်ကလည်း အထိအခိုက်မခံတဲ့ နယ်စပ်ပြဿနာတွေကို အိန္ဒိယအတွက် ဖန်တီးပေးပြီး၊ စစ်ဦးအစ စိန်ခေါ်မှုတွေ ပြနေပါတယ်။

တရုတ်ဟာ ကမ္ဘာ့စူပါပါဝါကို ကန်လက် ကနေ လွှဲပြောင်းရယူနိုင်ရေး၊ ကန် ပြည်တွင်းပဋိပက္ခတွေနဲ့ တိုင်ပတ်နေချိန်မှာ တစ်ခြားနိုင်ငံတွေကိုလည်း အမှည့်ခြွေစနစ်နဲ့ တိုက်ခိုက်နေပါတယ်။ ပင်လယ်ရပ်ခြားနိုင်ငံတွေကို ဆိုက်ဘာနည်းနဲ့ စီးပွားရေးကိုလိုနီ နယ်ချယ့်နည်းနဲ့ စိန်ခေါ်မှုတွေ ပြုလုပ်နေပြီး၊ တောင်တရုတ်ပင်လယ် နဲ့ ဆက်စပ်ဧရိယာတွေဖြစ်တဲ့ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ရဲ့ ရေပိုင်နက်တွေကိုပါ တပြိုင်တည်း ခြိမ်းခြောက်နေခဲ့တာပါ။တောင်နဲ့မြောက်ကိုရီးယားကလည်း အခုဆိုရင် ငြိမ်းချမ်းရေး ပြိုကွဲသွားပါပြီ။ မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖြိုချ လိုက်တာပါ။ နောက်ပြီး တောင်ကိုးရီယားဘက်က တစ်ခုခု သည်းမခံနိုင်တာ လုပ်တာနဲ့ စစ်ရေးအရ တိုက်ခိုက်အရေးယူမယ်လို့လည်း ခြိမ်းခြောက်လိုက်ပါတယ်။ တောင်ကိုရီးယားဘက်ကလည်း မြောက်တို့ရဲ့ နယ်စပ်စည်းအနီးကို စစ်တပ်တွေနဲ့ တိုက်လေယာဉ်တွေ ပို့ထားပြီး ပါပြီ။

လက်ရှိခြိမ်းခြောက်နေတဲ့ အညှိုး အာဃာတတွေက ကမ္ဘာကြီးအတွက် အခုလမဟုတ်တောင် ယခုနှစ်မှာ သက်ရောက်မှုတွေ ရှိမလာဘူးလို့ မပြောနိုင်ပါဘူး။NASA ရဲ့ ကမ္ဘာပျက်ဟောကိန်းကတော့ လူရယ်စရာ ဖြစ်ခဲ့ပါတယ်။ သူတို့တစ်တွေ အတိအကျ တွက်ချက်ပြီး ကမ္ဘာကို နီဘီရူဂြိုဟ်ကြီးက (၂၀၀၃)ခုနှစ် ဇွန်လ မှာ ကမ္ဘာကို တိုက်ရိုက် ထိမှန်မယ်လို့ ဆိုပါတယ်။ ထိမှန်ခဲ့ရင် ကမ္ဘာမှာ အသက်ရှင်တဲ့လူ နည်းနည်းပါးပါးပဲ ရှိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်း သူရဲ့ ဟောကိန်းလည်း တက်တက်စင် အောင်လွဲ ခဲ့ပါတယ်။ တခြား ရှေ့ဖြစ်ဟော ဆရာတွေ ရဲ့ ဟောကိန်းတွေကလည်း တက်တက် စင်အောင် လွဲနေသေးတာဟာ ကမ္ဘာ အတွက်တော့ အတော်လေးကို အားရစရာပါ။ အခု မာယာဟောကိန်း ကလည်း လွဲနေဆဲပါဘဲ။ တချို့သူတွေက လွန်လေပြီးသော ရှေ့ဖြစ်ဟောဆရာတွေက ဘယ်လို ဟောခဲ့တာဆိုပြီး တကယ်မဟုတ်တဲ့ ဟောကိန်းတွေကို ဖွကြတာမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု အချိန်ထိ ကမ္ဘာကြီး သက်ရှည်ကျန်းမာနေတာ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Credit Celecrazynews
Ref Express/ Zeenews/ Wiki

Add a Comment

Your email address will not be published. Required fields are marked *

nineteen − fifteen =