မြန်မာဝတ်စုံလေး နဲ့ ချစ်ဖို့ကောင်းတဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် အလွမ်းပြေတင်ပေးလိုက်တဲ့ “ခွန်းနေကြည်ချို”

ပရိသတ်ကြီးရေ ခွန်းနေကြည်ချို ကတော့ မကြာသေးခင်က MRTV -4 ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသခဲ့တဲ့ ‘ဝိပါက’ဇာတ်လမ်းတွဲမှာ မိခိုင်အဖြစ်နဲ့ ပါဝင်ခဲ့သူပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပြီးသွားသည့်တိုင်အောင် မိခိုင်ရယ်လို့ပရိသတ်တွေရဲ့ချစ်ခင်မှုကိုသိမ်းပိုက်ထား နိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။

ခွန်းနေကြည်ချိုကတော့ ချစ်ကြတဲ့ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီး နဲ့ပြန်လည်ဆက်ဆံတတ်ပြီး ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရလေအောင်လည်း အမြဲလိုလို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပုံလေးတွေကို မျှဝေဖော်ပြပေးနေခဲ့ပါတယ်။ လတ်တလောမှာလည်း မိခိုင်လေးကတော့ မြန်မာဝတ်စုံနဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေ ဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ မိခိုင်လေးရဲ့ မြန်မာဆန်ဆန် လှတဲ့အလှကို ချီးကျူးနေခဲ့ပြီး မိခိုင်လေးကို လွမ်းနေကြကြောင်းလည်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မိခိုင်လေးကို လွမ်းနေကြတဲ့ပရိသတ်တွေအတွက် မိခိုင်ရဲ့ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

crd – CeleZone

zawgyi




crd – CeleZone