စင္ေပၚက ဟာသ သမၼတ (သို႔) ဗိုင္းရပ္စ္ ကူးစက္ေနခ်ိန္ မွာ လူေထာင္ခ်ီ စုၿပီး ပြဲလုပ္တဲ့ ထရမ့္

စင္ေပၚက ဟာသ သမၼတ (သို႔) ဗိုင္းရပ္စ္ ကူးစက္ေနခ်ိန္ မွာ လူေထာင္ခ်ီ စုၿပီး ပြဲလုပ္တဲ့ ထရမ့္

သမၼတထရမ့္က ၿပီးခဲ့တဲ့ စေနေန႔ (ဇြန္လ ၂၀ ရက္) မွာ သူ႔ကို ေထာက္ခံတဲ့ ေထာင္နဲ႔ခ်ီတဲ့ လူအုပ္ကို သူ႔အေနနဲ႔ အေမရိကန္အစိုးရအရာရွိေတြကို ျပည္သူေတြကို ကို႐ိုနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးေနတာေတြ ေလွ်ာ့ခ်ေဆာင္႐ြက္ဖို႔ တိုက္တြန္းထားၿပီး အေမရိကန္အေနနဲ႔ မ်ားမ်ားစစ္ေလ မ်ားမ်ားေတြ႕ေလ ျဖစ္ေနတာေၾကာင့္ ႏွစ္ခါ နစ္နာေနရတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ထရမ့္က ဆက္လက္ ေျပာၾကားရာမွာ အေမရိကန္ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ရွိ၊ မရွိ လူ ၂၅ သန္းကို စမ္းသပ္စစ္ေဆးခဲ့ၿပီး ဘယ္ႏိုင္ငံမွ အဲ့ေလာက္စစ္ေဆးထားႏိုင္ျခင္းမရွိေသးဘူးလို႔ ဆိုပါတယ္။ ဒီပြဲမွာလည္း ထရမ့္ဟာ masks တပ္ထားခဲ့ျခင္းမရွိပါဘူး။

အဆိုပါ ေျပာၾကားမႈ ကိုေတာ့ အိမ္ျဖဴေတာ္ တာဝန္ရွိသူေတြက ထရမ့္ဟာ ဗိုင္းရပ္စ္ပိုးစစ္ေဆးမႈေတြ ေလွ်ာ့ခ်ဖို႔ ေျပာၾကားခဲ့တာဟာ ရယ္စရာတစ္ခုအေနနဲ႔ ဟာသ သေဘာမ်ိဳး ေျပာၾကားခဲ့တာသာျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းထားပါတယ္။

ထရမ့္က ႏိုင္ငံထဲက လူဦးေရ ေထာင္ေပါင္းမ်ားစြာရဲ႕ အသက္ကို ကယ္တင္ႏိုင္ဖို႔အတြက္ တ႐ုတ္နဲ႔ ဥေရာပက ခရီးသြားေတြကို ဟန႔္တားမယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ အစြန္းေရာက္ မီဒီယာေတြကလည္း သတင္းအမွန္ကို မေဖာ္ျပဘဲ သတင္းမွားကိုသာ ျဖန႔္ေဝေနတယ္လို႔လည္း စြပ္စြဲခဲ့ ပါတယ္။

အေမရိကန္ရဲ႕ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းေတြ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈဟာ ႏွစ္ဆ ေလာက္တိုးတက္လာေနတဲ့အခ်ိန္မွာပဲ ထရမ့္က လူအုပ္ႀကီးနဲ႔ အႀကီးအက်ယ္ က်င္းပတဲ့ပြဲတစ္ခုကို ကိုယ္တိုင္ျပဳလုပ္ခဲ့တာေၾကာင့္ ျပည္သူေတြက ေဝဖန္ေနၾကပါတယ္။

က်န္းမာေရးဝန္ထမ္းေတြက ေရာဂါကူးစက္မႈဟာ ယခင္ကေလာက္ အင္နဲ႔ အားနဲ႔ စမ္းသပ္ႏိုင္မႈမရွိေပမယ့္ ေတြ႕ရွိမႈရာခိုင္ႏႈန္းဟာ တိုးလာေနတယ္လို႔ ဆိုပါတယ္။ မေန႔ကပဲ အေမရိကန္ျပည္ေထာင္စုမွာ တစ္ေန႔အတြင္း လူ ၃၀,၀၀၀ ေက်ာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းအတည္ျပဳႏိုင္ခဲ့ၿပီး ဒီအေရ အတြက္ဟာ စံခ်ိန္တင္တစ္ခုျဖစ္ခဲ့ပါတယ္။

ယေန႔အထိ အေမရိကန္မာ လူဦးေရ ၂ ဒသမ ၂၃ သန္းေလာက္ ကူးစက္ ခံထားရေၾကာင္းနဲ႔ ၁၁၉,၀၀၀ ေက်ာ္ ေသဆုံးထားေၾကာင္း က်န္းမာေရးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။ ဒီလိုအေျခအေနေတြမွာပဲ ထရမ့္ဟာ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးမႈအျဖစ္ လူထုေတြ႕ဆုံပြဲကို masks မတပ္ပဲ ျပဳလုပ္ခဲ့ တာျဖစ္ပါတယ္။ ထရမ့္က ဒီပြဲမွာပဲ ကို႐ိုနာဗိုင္းရပ္စ္ကို “Kung Flu” ဗိုင္းရပ္စ္ နဲ႔ “တ႐ုတ္ဗိုင္းရပ္စ္” လို႔ နာမည္တပ္ခဲ့ပါေသးတယ္။

ထရမ့္ရဲ႕ ေပၚျပဴလာျဖစ္မႈဟာ ကို႐ိုနာဗိုင္းရပ္စ္ outbreak ျဖစ္မႈအေပၚ ကိုင္တြယ္ေျဖရွင္း ပုံေတြေၾကာင့္ က်ဆင္းလာခဲ့တာျဖစ္တယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။ လက္ရွိမွာ ဒီမိုကရက္တစ္ သမၼတေလာင္း ဂ်ိဳး ဘိုင္ဒင္က ၁၃ ပြိဳင့္ေလာက္နဲ႔ ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၆၆ ရာခိုင္ႏႈန္းေလာက္ေသာ ျပည္သူေတြက ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ေနမႈကို စိုးရိမ္ထိတ္လန႔္ေနၾက‌ေၾကာင္း သုေတသနျပဳခ်က္ေတြက ေဖာ္ျပေနေပမယ့္ ဒီထဲမွာ အေမရိကန္ျပည္ေထာင္စုကို ဦးေဆာင္ေနတဲ့ သမၼတထရမ့္တစ္ေယာက္ေတာ့ မပါဘူးလို႔ ဆိုပါတယ္။

crd : whitesone

unicode

စင်ပေါ်က ဟာသ သမ္မတ (သို့) ဗိုင်းရပ်စ် ကူးစက်နေချိန် မှာ လူထောင်ချီ စုပြီး ပွဲလုပ်တဲ့ ထရမ့်

သမ္မတထရမ့်က ပြီးခဲ့တဲ့ စနေနေ့ (ဇွန်လ ၂၀ ရက်) မှာ သူ့ကို ထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကို သူ့အနေနဲ့ အမေရိကန်အစိုးရအရာရှိတွေကို ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးနေတာတွေ လျှော့ချဆောင်ရွက်ဖို့ တိုက်တွန်းထားပြီး အမေရိကန်အနေနဲ့ များများစစ်လေ များများတွေ့လေ ဖြစ်နေတာကြောင့် နှစ်ခါ နစ်နာနေရတယ်လို့ ပြောကြားလိုက်ပါတယ်။

ထရမ့်က ဆက်လက် ပြောကြားရာမှာ အမေရိကန်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ လူ ၂၅ သန်းကို စမ်းသပ်စစ်ဆေးခဲ့ပြီး ဘယ်နိုင်ငံမှ အဲ့လောက်စစ်ဆေးထားနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဒီပွဲမှာလည်း ထရမ့်ဟာ masks တပ်ထားခဲ့ခြင်းမရှိပါဘူး။

အဆိုပါ ပြောကြားမှု ကိုတော့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ထရမ့်ဟာ ဗိုင်းရပ်စ်ပိုးစစ်ဆေးမှုတွေ လျှော့ချဖို့ ပြောကြားခဲ့တာဟာ ရယ်စရာတစ်ခုအနေနဲ့ ဟာသ သဘောမျိုး ပြောကြားခဲ့တာသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။

ထရမ့်က နိုင်ငံထဲက လူဦးရေ ထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် တရုတ်နဲ့ ဥရောပက ခရီးသွားတွေကို ဟန့်တားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အစွန်းရောက် မီဒီယာတွေကလည်း သတင်းအမှန်ကို မဖော်ပြဘဲ သတင်းမှားကိုသာ ဖြန့်ဝေနေတယ်လို့လည်း စွပ်စွဲခဲ့ ပါတယ်။

အမေရိကန်ရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေ မှာ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ နှစ်ဆ လောက်တိုးတက်လာနေတဲ့အချိန်မှာပဲ ထရမ့်က လူအုပ်ကြီးနဲ့ အကြီးအကျယ် ကျင်းပတဲ့ပွဲတစ်ခုကို ကိုယ်တိုင်ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေက ဝေဖန်နေကြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ရောဂါကူးစက်မှုဟာ ယခင်ကလောက် အင်နဲ့ အားနဲ့ စမ်းသပ်နိုင်မှုမရှိပေမယ့် တွေ့ရှိမှုရာခိုင်နှုန်းဟာ တိုးလာနေတယ်လို့ ဆိုပါတယ်။ မနေ့ကပဲ အမေရိကန်ပြည်ထောင်စုမှာ တစ်နေ့အတွင်း လူ ၃၀,၀၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းအတည်ပြုနိုင်ခဲ့ပြီး ဒီအရေ အတွက်ဟာ စံချိန်တင်တစ်ခုဖြစ်ခဲ့ပါတယ်။

ယနေ့အထိ အမေရိကန်မာ လူဦးရေ ၂ ဒသမ ၂၃ သန်းလောက် ကူးစက် ခံထားရကြောင်းနဲ့ ၁၁၉,၀၀၀ ကျော် သေဆုံးထားကြောင်း ကျန်းမာရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလိုအခြေအနေတွေမှာပဲ ထရမ့်ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအဖြစ် လူထုတွေ့ဆုံပွဲကို masks မတပ်ပဲ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ထရမ့်က ဒီပွဲမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကို “Kung Flu” ဗိုင်းရပ်စ် နဲ့ “တရုတ်ဗိုင်းရပ်စ်” လို့ နာမည်တပ်ခဲ့ပါသေးတယ်။

ထရမ့်ရဲ့ ပေါ်ပြူလာဖြစ်မှုဟာ ကိုရိုနာဗိုင်းရပ်စ် outbreak ဖြစ်မှုအပေါ် ကိုင်တွယ်ဖြေရှင်း ပုံတွေကြောင့် ကျဆင်းလာခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ လက်ရှိမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုး ဘိုင်ဒင်က ၁၃ ပွိုင့်လောက်နဲ့ ဦးဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုရဲ့ ၆၆ ရာခိုင်နှုန်းလောက်သော ပြည်သူတွေက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နေမှုကို စိုးရိမ်ထိတ်လန့်နေကြ‌ကြောင်း သုတေသနပြုချက်တွေက ဖော်ပြနေပေမယ့် ဒီထဲမှာ အမေရိကန်ပြည်ထောင်စုကို ဦးဆောင်နေတဲ့ သမ္မတထရမ့်တစ်ယောက်တော့ မပါဘူးလို့ ဆိုပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five + 12 =