





unicode

အမိုက်စား ကကွက်လေးတွေကို နာမည်ကြီး သီချင်းမြူးမြူးလေးတွေ နဲ့ အပီအပြင် ကပြထားတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဝေဖန်တိုက်ခိုက်မှုတွေ ကြားကနေ ကြိုးစားကာ အောင်မြင်လာခဲ့သူလေးဖြစ်ပြီး အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာတောင် ရရှိနေပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေရိုက်ကူးရင်းကနေ တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ရိုးသားဖြူစင်တဲ့ ဖြူဖြူထွေးရဲ့စိတ်ထားနဲ့ အမူအရာလေးတွေကြောင့် အားပေးချစ်ခင်နေတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးက ကြော်ငြာလေးတွေ အများအပြားရိုက်ကူးနေရသလို သူမ ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိဘတွေကိုလုပ်ကျွေးပြုစုနေပြီလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက ပျော်ပျော်နေတတ်သလို အကကိုလည်းဝါသနာပါသူလေးဖြစ်တာကြောင့် မကြာခဏဆိုသလို အပျော်တမ်းအကဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိ တာပဲ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက သီချင်းမြူးမြူးလေးတွေနဲ့ အပီအပြင်ကပြီး Tik Tok ကစားထားတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးက လတ်တလောမှာ အရမ်းကိုနာမည်ကြီး ရေပန်းစားနေတဲ့ သီချင်းလေးတွေနဲ့ အမိုက်စားကပြထားတာ ဖြစ်ပါတယ်။ သီချင်းတီးလုံးလေးအတိုင်း ကကွက်မျိုးစုံကို ပျော်ပျော်ပါးပါးကနေတဲ့ ဖြူဖြူထွေးကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေး ရဲ့အမိုက်စား Tik Tok အကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phyu Phyu Htwe’s FB Page
Photo Credit-Phyu Phyu Htwe’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *

20 − sixteen =