မီတာခေတြ ဒီလ မွာ အမ်ားႀကီး ျဖစ္ေန ရတဲ့ အဓိက အေၾကာင္းအရင္း

မီတာခေတြ ဒီလ မွာ အမ်ားႀကီး ျဖစ္ေန ရတဲ့ အဓိက အေၾကာင္းအရင္း

မီတာ ရာဇဝင္ကို တုတ္ထမ္းေျပာ ရတယ္ဗ်၊ အရင္ ကတည္းက လႊတ္ေတာ္အမတ္ေတြ ေတြ႕ဆုံပြဲမွာ (အီးပီစီ အင္ယာ ပါလာရင္) ကြၽန္ေတာ္ ထထေျပာတာ။ ထားေတာ့၊ အဲဒီ အေၾကာင္း ေနာက္ မွ ေျပာမယ္။ အခုက မီတာခ ေလ်ာ့တဲ့အေၾကာင္း စေျပာရေအာင္။

မီတာခက အေျခခံ လူတန္းစား မသုံးမျဖစ္ သုံးရတဲ့ ပမာဏ ကို ေဈးေလ်ာ့ေကာက္ၿပီး နည္းနည္း ဇိမ္ခံဖို႔ဘက္ ေရာက္လာေလေလ ေဈးတင္ေလေလ လုပ္ထားတာ။ ယူနစ္ ၃၀ ထိ သုံးဆယ့္ ငါးက်ပ္၊ ယူနစ္ ၃၀ကေန ၅၀ အထိ ငါးဆယ္က်ပ္ စသျဖင့္ေပါ့ေလ။ ဒါေပမယ့္ သူတို႔သည္ ရမ္းေကာက္ အဆင့္ပဲ။ ဥပမာ အေျခခံ လူတန္းစားဟာ မီးေခ်ာင္း၂၊ မီးဖို၁၊ မီးပူ၁၊ ပ်မ္းမွ် သုံးရင္ တလ ယူနစ္ ဘယ္ေလာက္က်လဲ တြက္မထားဘူး။

ဒီေတာ့ အဲကြန္းေလာက္ ထသုံးရင္ကို ယူနစ္က မ်ားသြားေရာ။ ဆိုလိုတာက အဲကြန္း သည္ ဇိမ္ခံပစၥည္းဆိုတဲ့ အယူအဆကေန လာတာ။ မီးေလး တပြင့္ထြန္းၿပီး ယပ္ခတ္ေနသူသာ မီတာခ မက်ပဲ ေနမွာ။ က်န္းမာေရးမွာ က်န္းမာေရး အသုံးစရိတ္ ကပ္ဆိုက္ျခင္း Catastrophic health expenditure ဆိုတာ ရွိတယ္။ ဒီလဝင္ေငြထဲက စားေသာက္စရိတ္ႏႈတ္၊ က်န္တဲ့ အစားအစာ မဟုတ္တာ ကုန္က်စရိတ္ရဲ႕ ၄၀% ေလာက္ကို က်န္းမာေရးအတြက္ သုံးလိုက္ရရင္ ဒီမိသားစု နလန္မထူႏိုင္ဘူး ဆိုတဲ့ အယူကေနလာတာ။ ကြၽန္ေတာ္တို႔လည္း မီတာခ ကပ္ဆိုက္ျခင္း ဆိုတာ ထည့္ရေတာ့မယ္ ထင္တယ္။

အခု အေမစုက မီတာခ ေလ်ာ့မယ္ ဆိုတာ ေအာက္က ယူနစ္ ၁၅၀ ဖိုးအထိပဲ။ ေအာက္က ယူနစ္ ၁၅၀ဖိုးေနာ္။ (၁၅၀ဖိုးဆိုတာ ၁၅၀အတြက္ ေငြကိုပဲ ေျပာတာ) ၿပီးရင္ ယူနစ္ ၁၅၁ကေန အထက္ က်သေလာက္ ဆက္ေကာက္မွာ။ ဆိုလိုတာက ယူနစ္ ၁၅၀ ႏႈတ္ၿပီး ေအာက္ကေန တယူနစ္ သံုးဆယ္ က်ပ္ကေန ျပန္မစဘူး။ အဲဒါ နားလည္ဖို႔ လိုပါတယ္။

ဒါေပမယ့္ (ေစာေစာက အီးပီစီ အင္ယာ ကို ထေျပာခဲ့တာ ျပန္ေျပာရရင္) ယူနစ္ဖတ္တဲ့ မီတာစာေရးက မွန္းဖတ္ၾကတာ။ အတိအက် မဖတ္ဘူး။ ဆိုလိုတာက ၁၇၀ ယူနစ္ရွိရင္ သူက ဒီလမွာ ၁၅၀ ပဲ ဖတ္သြားတယ္။ ဒီေတာ့ ဒီလအတြက္ ယူနစ္ ၂၀ က က်န္ေနတယ္။ ဒီယူနစ္ ၂၀ က ေနာက္လမွာ သြားေပါင္းတဲ့အခါက်ရင္ ယူနစ္ ၁၅၀ကေန ၂၀၀ၾကားမွာ က်သင့္တဲ့ တယူနစ္ တရာ့ႏွစ္ဆယ္က်ပ္ ေနရာမွာ မရွိေတာ့ပဲ (ေနာက္လက ယူနစ္ေတြနဲ႔ ေပါင္းသြားတာ ျဖစ္တဲ့အတြက္) တယူနစ္ တရာကအစိတ္က်ပ္ေနရာမွာ ေရာက္ေနေရာ။ ကိုမီတာစာေရးတို႔ မွန္းဖတ္တဲ့လ မ်ားေ လေလ၊ ယူနစ္ေဈးက ႀကီးတဲ့ေနရာ ေရာက္ေလေလ ျဖစ္ေတာ့ မီတာအမွန္ဖတ္တဲ့ ဧၿပီလလို လမ်ိဳးမွာ မတရား က်ကုန္တယ္။

ဟုတ္ကဲ့။ အခု အေမစုက မီတာခကို ေလ်ာ့မယ္ ေျပာ လိုက္ေတာ့ မီတာေတြ မွန္းမဖတ္ပဲ အတည့္ဖတ္ေတာ့ အရင္လေတြက စုထားတာေတြပါ ေပါင္းဖတ္ၿပီး မ်ားသြားေရာ။ ဒီေတာ့ မီတာခက ေလ်ာ့ေကာက္ပါမယ္ဆိုမွ ပိုေပးရေရာ။

အမွန္က အီးပိစိက အလုပ္မလုပ္တာ။ (ဆက္ေျပာရဦးမယ္) ကြၽန္ေတာ္ အဲလို ေျပာေတာ့ အင္ယာက ဘာေျပာလဲ ဆိုေတာ့ သူတို႔မွာ လူမရွိလို႔ လူဦးေရမေလာက္လို႔ မွန္းဖတ္ရတာတဲ့။ လူမရွိတာ အီးပီစီရဲ႕ ကိစၥ။ မရွိရင္ ရွိေအာင္ လုပ္ေပါ့။ ပက္ဆံေတြ ေကာက္ထားတာပဲဟာ။ သူ႔ကိစၥ သူမေျဖရွင္းႏိုင္တာနဲ႔ ျပည္သူက မီတာခ ပိုေပးရတယ္ ဆိုတာ အဓိပၸါယ္ မရွိဘူးလို႔ ေျပာခဲ့တယ္။ အဲဒီလိုနဲ႔ လူမုန္းမ်ားလာတာပဲ။

သကၠမုိးညဳိ

unicode

မီတာခတွေ ဒီလ မှာ အများကြီး ဖြစ်နေ ရတဲ့ အဓိက အကြောင်းအရင်း

မီတာ ရာဇဝင်ကို တုတ်ထမ်းပြော ရတယ်ဗျ၊ အရင် ကတည်းက လွှတ်တော်အမတ်တွေ တွေ့ဆုံပွဲမှာ (အီးပီစီ အင်ယာ ပါလာရင်) ကျွန်တော် ထထပြောတာ။ ထားတော့၊ အဲဒီ အကြောင်း နောက် မှ ပြောမယ်။ အခုက မီတာခ လျော့တဲ့အကြောင်း စပြောရအောင်။

မီတာခက အခြေခံ လူတန်းစား မသုံးမဖြစ် သုံးရတဲ့ ပမာဏ ကို ဈေးလျော့ကောက်ပြီး နည်းနည်း ဇိမ်ခံဖို့ဘက် ရောက်လာလေလေ ဈေးတင်လေလေ လုပ်ထားတာ။ ယူနစ် ၃၀ ထိ သုံးဆယ့် ငါးကျပ်၊ ယူနစ် ၃၀ကနေ ၅၀ အထိ ငါးဆယ်ကျပ် စသဖြင့်ပေါ့လေ။ ဒါပေမယ့် သူတို့သည် ရမ်းကောက် အဆင့်ပဲ။ ဥပမာ အခြေခံ လူတန်းစားဟာ မီးချောင်း၂၊ မီးဖို၁၊ မီးပူ၁၊ ပျမ်းမျှ သုံးရင် တလ ယူနစ် ဘယ်လောက်ကျလဲ တွက်မထားဘူး။

ဒီတော့ အဲကွန်းလောက် ထသုံးရင်ကို ယူနစ်က များသွားရော။ ဆိုလိုတာက အဲကွန်း သည် ဇိမ်ခံပစ္စည်းဆိုတဲ့ အယူအဆကနေ လာတာ။ မီးလေး တပွင့်ထွန်းပြီး ယပ်ခတ်နေသူသာ မီတာခ မကျပဲ နေမှာ။ ကျန်းမာရေးမှာ ကျန်းမာရေး အသုံးစရိတ် ကပ်ဆိုက်ခြင်း Catastrophic health expenditure ဆိုတာ ရှိတယ်။ ဒီလဝင်ငွေထဲက စားသောက်စရိတ်နှုတ်၊ ကျန်တဲ့ အစားအစာ မဟုတ်တာ ကုန်ကျစရိတ်ရဲ့ ၄၀% လောက်ကို ကျန်းမာရေးအတွက် သုံးလိုက်ရရင် ဒီမိသားစု နလန်မထူနိုင်ဘူး ဆိုတဲ့ အယူကနေလာတာ။ ကျွန်တော်တို့လည်း မီတာခ ကပ်ဆိုက်ခြင်း ဆိုတာ ထည့်ရတော့မယ် ထင်တယ်။

အခု အမေစုက မီတာခ လျော့မယ် ဆိုတာ အောက်က ယူနစ် ၁၅၀ ဖိုးအထိပဲ။ အောက်က ယူနစ် ၁၅၀ဖိုးနော်။ (၁၅၀ဖိုးဆိုတာ ၁၅၀အတွက် ငွေကိုပဲ ပြောတာ) ပြီးရင် ယူနစ် ၁၅၁ကနေ အထက် ကျသလောက် ဆက်ကောက်မှာ။ ဆိုလိုတာက ယူနစ် ၁၅၀ နှုတ်ပြီး အောက်ကနေ တယူနစ် သုံးဆယ် ကျပ်ကနေ ပြန်မစဘူး။ အဲဒါ နားလည်ဖို့ လိုပါတယ်။

ဒါပေမယ့် (စောစောက အီးပီစီ အင်ယာ ကို ထပြောခဲ့တာ ပြန်ပြောရရင်) ယူနစ်ဖတ်တဲ့ မီတာစာရေးက မှန်းဖတ်ကြတာ။ အတိအကျ မဖတ်ဘူး။ ဆိုလိုတာက ၁၇၀ ယူနစ်ရှိရင် သူက ဒီလမှာ ၁၅၀ ပဲ ဖတ်သွားတယ်။ ဒီတော့ ဒီလအတွက် ယူနစ် ၂၀ က ကျန်နေတယ်။ ဒီယူနစ် ၂၀ က နောက်လမှာ သွားပေါင်းတဲ့အခါကျရင် ယူနစ် ၁၅၀ကနေ ၂၀၀ကြားမှာ ကျသင့်တဲ့ တယူနစ် တရာ့နှစ်ဆယ်ကျပ် နေရာမှာ မရှိတော့ပဲ (နောက်လက ယူနစ်တွေနဲ့ ပေါင်းသွားတာ ဖြစ်တဲ့အတွက်) တယူနစ် တရာကအစိတ်ကျပ်နေရာမှာ ရောက်နေရော။ ကိုမီတာစာရေးတို့ မှန်းဖတ်တဲ့လ များေ လလေ၊ ယူနစ်ဈေးက ကြီးတဲ့နေရာ ရောက်လေလေ ဖြစ်တော့ မီတာအမှန်ဖတ်တဲ့ ဧပြီလလို လမျိုးမှာ မတရား ကျကုန်တယ်။

ဟုတ်ကဲ့။ အခု အမေစုက မီတာခကို လျော့မယ် ပြော လိုက်တော့ မီတာတွေ မှန်းမဖတ်ပဲ အတည့်ဖတ်တော့ အရင်လတွေက စုထားတာတွေပါ ပေါင်းဖတ်ပြီး များသွားရော။ ဒီတော့ မီတာခက လျော့ကောက်ပါမယ်ဆိုမှ ပိုပေးရရော။

အမှန်က အီးပိစိက အလုပ်မလုပ်တာ။ (ဆက်ပြောရဦးမယ်) ကျွန်တော် အဲလို ပြောတော့ အင်ယာက ဘာပြောလဲ ဆိုတော့ သူတို့မှာ လူမရှိလို့ လူဦးရေမလောက်လို့ မှန်းဖတ်ရတာတဲ့။ လူမရှိတာ အီးပီစီရဲ့ ကိစ္စ။ မရှိရင် ရှိအောင် လုပ်ပေါ့။ ပက်ဆံတွေ ကောက်ထားတာပဲဟာ။ သူ့ကိစ္စ သူမဖြေရှင်းနိုင်တာနဲ့ ပြည်သူက မီတာခ ပိုပေးရတယ် ဆိုတာ အဓိပ္ပါယ် မရှိဘူးလို့ ပြောခဲ့တယ်။ အဲဒီလိုနဲ့ လူမုန်းများလာတာပဲ။

သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *

16 − 3 =