ပတ္သတ္မႈ ရွိခဲ့ရင္လည္း လြတ္လပ္သူေတြ ျဖစ္တဲ့ အတြက္ လူမႈက်င့္ဝတ္ ေဖာက္ဖ်က္ခဲ့တာ မရွိပါဘူး ဆိုတဲ့ မယ္လိုဒီ

ပတ္သတ္မႈ ရွိခဲ့ရင္လည္း လြတ္လပ္သူေတြ ျဖစ္တဲ့ အတြက္ လူမႈက်င့္ဝတ္ ေဖာက္ဖ်က္ခဲ့တာ မရွိပါဘူး ဆိုတဲ့ မယ္လိုဒီ

စိတ္ပူပင္ေနၾကတဲ့ ပရိသတ္ႀကီး ကို အသိေပးပါရေစရွင္ ကြၽန္မအေန နဲ႔ မတူညီမႈမ်ားစြာနဲ႔ ညႇိမရတဲ့အေနအထား အေျခအေနေတြေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ကတည္းက အမ်ိဳးသားနဲ႔ လမ္းခြဲခဲ့ၾကတာပါ။သားေလးနဲ႔ မိဘမ်ားရဲ႕မ်က္ႏွာ၊ ေထာက္ထားစရာေတြရွိတာေၾကာင့္သာ တရားဝင္ မထုတ္မေျပာခဲ့တာပါ တစ္မိုးထဲ ေအာက္၊ မိဘမ်ားနဲ႔အတူ လြတ္လပ္စြာေနထိုင္ခဲ့ၾကတာ ကာလအေတာ္ၾကာၿပီဆိုတာ ရင္းႏွီးတဲ့ မိတ္ေဆြေတြ သိၾကပါတယ္။

သားေလးကိစၥရွိတာပဲျဖစ္ျဖစ္၊ ပြဲလမ္းေတြ ရွိခဲ့တာပဲျဖစ္ျဖစ္ သူနဲ႔ကြၽန္မက သားေလးရဲ႕မိဘအေနနဲ႔ေရာ၊ မိတ္ေဆြေကာင္းအေနနဲ႔ေရာ မိသားစုလို ပုံမွန္သြားလာတာလည္း ရွိခဲ့ၾကေပမယ့္လည္း ႏွစ္ဦးစလုံးဟာ လြတ္လပ္သူ၊ အမွီအခိုကင္းသူအေနနဲ႔ သီးျခားရပ္တည္ခဲ့ၾကတာပါ. တရားဝင္ လြတ္လပ္ၾကသူေတြမို႔လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္၊ ကိုယ္ေရးကိုယ္တာကိစၥကအစ စြက္ဖက္မႈလည္း မလုပ္ၾကပါဘူး။

အေႏွာင္အဖြဲ႕ကင္းတဲ့ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္နဲ႔ ကြၽန္မရဲ႕ ရပ္တည္မႈမွာ ဘယ္သူ႔ကိုမွ ဘယ္မိသားစုကိုမွ ထိခိုက္ေစျခင္းလည္း မရွိခဲ့တာေတာ့ ေသခ်ာပါတယ္။တရားဝင္လြတ္လပ္တဲ့သူတစ္ေယာက္အေနနဲ႔ တစ္စုံတစ္ေယာက္နဲ႔ ပက္သက္မႈရွိခဲ့ရင္လည္း လြတ္လပ္သူေတြျဖစ္တဲ့ အတြက္ လူမႈက်င့္ဝတ္ေဖာက္ဖ်က္ခဲ့တာမရွိပါဘူး.. လြတ္လပ္သူေတြအေနနဲ႔ ကိုယ္ပိုင္သီးျခားရပ္တည္ေနတာျဖစ္ပါတယ္။

စိတ္ပူေပးၾကတဲ့ ပရိသတ္ႀကီးကို ေနာက္ဆုံး အေနနဲ႔ ေျပာျပခ်င္တာေလးပါ။ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ သီးျခားလြတ္လပ္စြာရပ္တည္ေနတဲ့ ကြၽန္မအတြက္ စိုးရိမ္ပူပန္ေပးသူမ်ားေရာ၊ အထင္လြဲမွားေနသူမ်ားေရာ၊ အားလုံးပဲ ေအးခ်မ္းၾကပါေစ.. သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ လိုရာ ဆႏၵျပည့္ၾကပါေစရွင္။

crd : panpyoelat

unicode

ပတ်သတ်မှု ရှိခဲ့ရင်လည်း လွတ်လပ်သူတွေ ဖြစ်တဲ့ အတွက် လူမှုကျင့်ဝတ် ဖောက်ဖျက်ခဲ့တာ မရှိပါဘူး ဆိုတဲ့ မယ်လိုဒီ

စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီး ကို အသိပေးပါရစေရှင် ကျွန်မအနေ နဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲခဲ့ကြတာပါ။သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထားစရာတွေရှိတာကြောင့်သာ တရားဝင် မထုတ်မပြောခဲ့တာပါ တစ်မိုးထဲ အောက်၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာလအတော်ကြာပြီဆိုတာ ရင်းနှီးတဲ့ မိတ်ဆွေတွေ သိကြပါတယ်။

သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေ ရှိခဲ့တာပဲဖြစ်ဖြစ် သူနဲ့ကျွန်မက သားလေးရဲ့မိဘအနေနဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့်လည်း နှစ်ဦးစလုံးဟာ လွတ်လပ်သူ၊ အမှီအခိုကင်းသူအနေနဲ့ သီးခြားရပ်တည်ခဲ့ကြတာပါ. တရားဝင် လွတ်လပ်ကြသူတွေမို့လည်း တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ရေးကိုယ်တာကိစ္စကအစ စွက်ဖက်မှုလည်း မလုပ်ကြပါဘူး။

အနှောင်အဖွဲ့ကင်းတဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကျွန်မရဲ့ ရပ်တည်မှုမှာ ဘယ်သူ့ကိုမှ ဘယ်မိသားစုကိုမှ ထိခိုက်စေခြင်းလည်း မရှိခဲ့တာတော့ သေချာပါတယ်။တရားဝင်လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပက်သက်မှုရှိခဲ့ရင်လည်း လွတ်လပ်သူတွေဖြစ်တဲ့ အတွက် လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမရှိပါဘူး.. လွတ်လပ်သူတွေအနေနဲ့ ကိုယ်ပိုင်သီးခြားရပ်တည်နေတာဖြစ်ပါတယ်။

စိတ်ပူပေးကြတဲ့ ပရိသတ်ကြီးကို နောက်ဆုံး အနေနဲ့ ပြောပြချင်တာလေးပါ။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ ကျွန်မအတွက် စိုးရိမ်ပူပန်ပေးသူများရော၊ အထင်လွဲမှားနေသူများရော၊ အားလုံးပဲ အေးချမ်းကြပါစေ.. သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာ ဆန္ဒပြည့်ကြပါစေရှင်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =