





crd : whitesone

unicode

ပြုံးအလှပိုင်ရှင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ တပ်မတော် မှ အငြိမ်းစား ယူသွားပြီ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ တပ်ကနေ အငြိမ်းစား ယူသွားပြီဖြစ်

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေသည် တပ်မတော်အရန်အင်အားအနေဖြင့် စစ်တပ်မူလတာဝန်ထမ်းဆောင်နေရာမှ ယခုအခါ အနားယူသွားပြီဖြစ်ကြောင်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ အငြိမ်းစား ယူသွားပြီဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေ ဝန်ကြီးအဖြစ်ကနေ အနားယူတဲ့အခါမှာ တပ်မတော် အရန်အင်အား နဲ့ စစ်တပ်မူလတာဝန်ထမ်းဆောင်ပါတယ်။ အခုအချိန်မှာတော့ အငြိမ်းစားယူပြီဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ သည် ဖေ‌ဖော်ဝါရီလ ၄ ရက်နေ့အထိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ၏ နေရာကို စစ်ဘက်ရေးရာရာ လုံခြုံရေး အရာရှိချုပ် တာဝန် ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် အစားထိုးလဲလှယ် ခဲ့ခြင်းဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

eight + two =