

တနင်္ဂနွေသားသမီး


ရပ်ဝေးခရီးနိုင်ငံရပ်ခြား ကိစ္စစီစဉ်ထားသူများအဆင်ပြေချောမွေ့ပါလိမ့်မည်



တနင်္လာသားသမီး

ရပ်ဝေးမှဆွေမျိုးများ ရောက်ရှိလာတတ်ပါသည် ရစရာရှိသောအမွေအနှစ်များရရှိမည့်ကာလပါ






အင်္ဂါသားသမီး







ဗုဒ္ဓဟူးသားသမီး





ကြာသာပတေးသားသမီး




သောကြာသားသမီး





စနေသားသမီး





ကျော်ဘိုဘိုဟိန်း

unicode

တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (22-6-2020 to 28-6-2020)

တနင်္ဂနွေသားသမီး

အကြီးအကဲ ဆရာသမားတို့၏ကူညီမစတာခံရပါလိမ့်မည် အလုပ်သစ်အကိုင်သစ်များလုပ်ကိုင်ရပါမည်

ရပ်ဝေးခရီးနိူင်ငံရပ်ခြား ကိစ္စစီစဉ်ထားသူများအဆင်ပြေချောမွေ့ပါလိမ့်မည်

ကျန်းမာရေးတွင်ဆေးကောင်းဝါး ကောင်းတွေ့မည် ငယ်ရွယ်သူများအချစ်သစ်တွေ့ပါလိမ့်မည်

ထီ၅၆ပါသောထီထိုးပါ ယတြာ လိပ်စာ မကြာခဏကျွေးပါ

တနင်္လာသားသမီး

ရပ်ဝေးမှဆွေမျိူးများ ရောက်ရှိလာတတ်ပါသည် ရစရာရှိသောအမွေအနှစ်များရရှိမည့်ကာလပါ

အလုပ်တွင်လုပ်ဖော်ကိုင် ဖက်များနှင့်အဆင်မပြေဖြစ်နေတတ်ပါသည်

ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ်ထိန်းပါ သည်းခံခြင်းဖြင့်အရာရာအောင်မြင်ပါလိမ့်မည်

ကျန်းမာရေးတွင် ဆီးကျင်ဆီးအောင့်ဝေဒနာခံစားရပါမည်

ငယ်ရွယ်သူများအချစ်ရေးတွင် ငယ်ချစ်ဟောင်းနှင့်ပြန်လည်ဆုံတွေ့ရပါလိမ့်မည် ထီ၃၅ပါသောထီထိုးပါ ယတြာ

နေအိမ်ရှိထီးအဟောင်း ဖိနပ်အဟောင်းတွေကိုအနောက်တောင်အရပ်သို့စွန့်ထုတ်လိုက်ပါ

အင်္ဂါသားသမီး

ဘဝအတွက်ကြီးမားသော အပြောင်းအလဲများပြုလုပ်ရမည့်အချိန်ကာလပါ ကံကြမ္မာကောင်းတွေပြန်လည်ဦးမော့လာပါပြီ

ရပ်တန့်နေသောလုပ်ငန်းများပြန်လည် လည်ပတ်လာပါလိမ့်မည်

မိတ်ကောင်းဆွေကောင်းများထံမှ လည်းအကူအညီကောင်းများရရှိပါလိမ့်မည်

ခြေထောက်မတော်တဆထိခိုက် မိတတ်ပါသည်

အချစ်ရေးတွင်ဇွဲရှိရှိသာဆက်ကြိုးစားပါ အဆင်ပြေဖို့အလွန်နီးစပ်နေပါပြီ ထီ၂၀ပါသောထီထိုးပါ

ယတြာ အုန်းသီးတစ်လုံးကိုရေမျှောပြီးလိုရာဆုတောင်းပါ

ဗုဒ္ဓဟူးသားသမီး

စိတ်ရောကိုယ်ပါပင်ပန်းနေရမည့် ကာလပါ အလုပ်အကိုင်အလွန်ရှုပ်ထွေးပြီးဝင်ငွေပိုင်းဆိုင်ရာပင်ပန်းသလောက်မရတတ်ပါ

သားသမီးအတွက်လည်းစိုးရိမ်ပူပန်နေရ တဲ့ကာလပါ အာရုံကြောအားနည်း၍မကြာခဏသတိမေ့နေလိမ့်မည်

ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိပါလိမ့်မည်

ထီ ၇အစ၅အဆုံးထိုးပါ ယတြာ နေအိမ်ဘုရား တွင်ရွှေရင်အေးလှုဒါန်းပေးပါ

ကြာသာပတေးသားသမီး

အိုးသစ်အိမ်သစ်နေရာထိုင်ခင်းအသစ်နေထိုင်ရပါမည် လက်အောက်ငယ်သားများနှင့်ပါတ်သက်၍စိတ်သောကဖြစ်စရာများကြုံရတတ်ပါသည်

စာချူပ်စာတမ်းကိစ္စတွေအထူးသတိထားပါအမှားအယွင်းတွေဖြစ်နေတတ်ပါသည်

အိပ်မပျော်ဖြစ်ပြီးမျက်စိကြောင်နေတတ်ပါသည် ချစ်သူမရှိသေးသူများချစ်သူရည်းစားရပါမည် ထီ၆အစ၄အဆုံးထိုးပါ ယတြာ ငါးစာကျွေးပေးပါ

သောကြာသားသမီး

မိတ်ဆွေဆရာသမားများအပေါ်တွင်ပေးကမ်းကူညီလို စိတ်များဖြစ်ပေါ်နေလိမ့်မည် ရာထူးတိုးခြင်း

အလုပ်တွင်နေရာကောင်းရခြင်းများကြုံရပါ လိမ့်မည်

ကျန်းမာရေးအနည်းငယ်ချူ ချာမည် မိမိထက် အသက်ငယ်သူနှင့်ချစ်သူရည်းစားဖြစ်လိမ့်မည်

ထီ ၆အစ၅အဆုံးထိုးပါ ယတြာ လမ်းဘေး ခလေးများအားဖီးကြမ်းဌက်ပျောသီးဒါနပြုလိုက်ပါ

စနေသားသမီး

အများအပေါ်တွင်စိတ်ကောင်းထားကူညီ တတ်မူကြောင့်မိမိအားလည်းအကူအညီပေးမည့်သူများပေါ်လာပါလိမ့်မည်

မိမိလုပ်ငန်းအတွက်စပ်တူရှယ်ယာလုပ်လိုသူများ ပေါ်ပေါက်လာပါလိမ့်မည်

ဝက်ခြံဘုများမျက်နှာတွင်ထွက်လာပါလိမ့်မည် ခရီးထွက်ရင်း မိမိစိတ်ဝင်စားရမည့်သူကိုစတင်တွေ့ရှိရမည့်ကာလပါ

ထီ ၉အစ၇အဆုံးထိုးပါ ယတြာ နေအိမ်ဘုရားတွင်လက်ဖက်ထမင်းလှုပေးပါ

ကျော်ဘိုဘိုဟိန်း

Add a Comment

Your email address will not be published. Required fields are marked *

six − 5 =