ထိုင္းျပည္ေတာ္ျပန္ မ်ား လိုက္ပါ လာတဲ့ မွန္လုံယာဥ္ ခဲျဖင့္ အထုခံရ

ထိုင္းျပည္ေတာ္ျပန္ မ်ား လိုက္ပါ လာတဲ့ မွန္လုံယာဥ္ ခဲျဖင့္ အထုခံရ

စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ေမာင္းကုန္းအုပ္စု၊ ေမာင္းကုန္းစစ္ေဆးေရးဂိတ္အနီးမွာ ဇြန္လ ၂၁ ရက္ေန႔ ညဦးပိုင္းက ထိုင္းႏိုင္ငံက ျပန္လာသူေတြကို တင္လာတဲ့ မွန္လုံယာဥ္ကို အမည္မသိ ဆိုင္ကယ္စီးလာသူေတြက ခဲနဲ႔ထုခဲ့တာေၾကာင့္ ကားမွန္ကြဲၿပီး ကားေပၚပါ အမ်ိဳးသမီး ၁ ဦး ဒဏ္ရာရရွိခဲ့ ပါတယ္။

ထိုင္းႏိုင္ငံကေန ျပန္ လာတဲ့ အေယာက္ ၄၀ ဟာ ကရင္ျပည္နယ္မွာ Q ၂၁ ရက္ဝင္ခဲ့ၿပီး ျပည္နယ္အစိုးရအခ်င္းခ်င္း ခ်ိတ္ဆက္မႈနဲ႔ ျမစ္ႀကီးနား၊ မိုးေကာင္းစတဲ့ၿမိဳ႕နယ္ေတြကို နန္းေတာ္ဝင္ မွန္လုံကားနဲ႔ ပို႔ေဆာင္ေပးတာျဖစ္ပါတယ္။

ေမာင္းကုန္းေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမႈး ဦးလွျမင့္က “ကားသမားရဲ႕ ေျပာျပခ်က္အရေတာ့ ေနာက္ကလိုက္လာတဲ့ ဆိုင္ကယ္က ေက်ာ္တက္ခ်င္တာ။ လမ္းက်ဥ္းေတာ့ ေက်ာ္မရဘူးေပါ့။ မႏၲေလးတိုင္းထဲကေန စစ္ကိုင္းတိုင္းထဲအဝင္ ေမာင္းကုန္းစစ္ေဆးေရး ဂိတ္ေရာက္ေတာ့ ကားက ခဏရပ္ခ်ိန္မွာ ဆိုင္ကယ္စီးလာသူေတြက ကားသမားကို စိန္ေခၚတာေပါ့။ ဂိတ္ကေန ကားထြက္လာခ်ိန္မွာ ဆိုင္ကယ္ ၂ စီး၊ လူ ၅ ေယာက္ျဖစ္သြားတယ္။ ေရွ႕ကေန ႀကိဳေစာင့္ၿပီး ဆိုင္ကယ္တစ္စီး လူတစ္ေယာက္စီ ဆင္းၿပီး ကားကို ခဲနဲ႔ထုခဲ့ၿပီး မႏၲေလးတိုင္းဘက္ ေနာက္ေၾကာင္း ျပန္ စီးေျပးတာေပါ့” လို႔ ေျပာပါတယ္။

ကားေပၚပါ အမ်ိဳးသမီးတဦးကေတာ့ ပြန္းပဲ့ ထိခိုက္ဒဏ္ရာ အနည္းငယ္ရသြားတယ္။ ရဲကင္းစခန္း တာဝန္ရွိသူေတြရယ္၊ ေဆးမႉးရယ္နဲ႔ လိုအပ္တာေတြ ကူညီေဆာင္႐ြက္ေပးခဲ့တယ္လို႔ သိရပါတယ္။

သက္ဆိုင္ရာ နယ္ေျမခံရဲတပ္ဖြဲ႕အခ်င္းခ်င္း ခ်ိတ္ဆက္ ကာ တရားခံ ဖမ္းဆီးရမိေရး လုပ္ေဆာင္ေနတယ္လို႔ ေမာင္းကုန္းရဲကင္းစခန္းမႉး ဒုရဲအုပ္ ျမတ္ဇြဲမာန္ကိုက ေျပာပါတယ္။ ေနရပ္ျပန္ေတြ တင္ေဆာင္လာတဲ့ကားကေတာ့ ရဲစခန္းစစ္ခ်က္ယူတာ၊ ေဆးကုသမႈေပးတာေတြ ျပဳလုပ္ၿပီး ညတြင္းခ်င္းပဲ ကခ်င္ျပည္နယ္ ကို ဆက္လက္ေမာင္း ထြက္သြားတယ္လို႔ သိရပါတယ္။

unicode

ထိုင်းပြည်တော်ပြန် များ လိုက်ပါ လာတဲ့ မှန်လုံယာဉ် ခဲဖြင့် အထုခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းအုပ်စု၊ မောင်းကုန်းစစ်ဆေးရေးဂိတ်အနီးမှာ ဇွန်လ ၂၁ ရက်နေ့ ညဦးပိုင်းက ထိုင်းနိုင်ငံက ပြန်လာသူတွေကို တင်လာတဲ့ မှန်လုံယာဉ်ကို အမည်မသိ ဆိုင်ကယ်စီးလာသူတွေက ခဲနဲ့ထုခဲ့တာကြောင့် ကားမှန်ကွဲပြီး ကားပေါ်ပါ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။

ထိုင်းနိုင်ငံကနေ ပြန် လာတဲ့ အယောက် ၄၀ ဟာ ကရင်ပြည်နယ်မှာ Q ၂၁ ရက်ဝင်ခဲ့ပြီး ပြည်နယ်အစိုးရအချင်းချင်း ချိတ်ဆက်မှုနဲ့ မြစ်ကြီးနား၊ မိုးကောင်းစတဲ့မြို့နယ်တွေကို နန်းတော်ဝင် မှန်လုံကားနဲ့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။

မောင်းကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး ဦးလှမြင့်က “ကားသမားရဲ့ ပြောပြချက်အရတော့ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်က ကျော်တက်ချင်တာ။ လမ်းကျဉ်းတော့ ကျော်မရဘူးပေါ့။ မန္တလေးတိုင်းထဲကနေ စစ်ကိုင်းတိုင်းထဲအဝင် မောင်းကုန်းစစ်ဆေးရေး ဂိတ်ရောက်တော့ ကားက ခဏရပ်ချိန်မှာ ဆိုင်ကယ်စီးလာသူတွေက ကားသမားကို စိန်ခေါ်တာပေါ့။ ဂိတ်ကနေ ကားထွက်လာချိန်မှာ ဆိုင်ကယ် ၂ စီး၊ လူ ၅ ယောက်ဖြစ်သွားတယ်။ ရှေ့ကနေ ကြိုစောင့်ပြီး ဆိုင်ကယ်တစ်စီး လူတစ်ယောက်စီ ဆင်းပြီး ကားကို ခဲနဲ့ထုခဲ့ပြီး မန္တလေးတိုင်းဘက် နောက်ကြောင်း ပြန် စီးပြေးတာပေါ့” လို့ ပြောပါတယ်။

ကားပေါ်ပါ အမျိုးသမီးတဦးကတော့ ပွန်းပဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရသွားတယ်။ ရဲကင်းစခန်း တာဝန်ရှိသူတွေရယ်၊ ဆေးမှူးရယ်နဲ့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက် ကာ တရားခံ ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ မောင်းကုန်းရဲကင်းစခန်းမှူး ဒုရဲအုပ် မြတ်ဇွဲမာန်ကိုက ပြောပါတယ်။ နေရပ်ပြန်တွေ တင်ဆောင်လာတဲ့ကားကတော့ ရဲစခန်းစစ်ချက်ယူတာ၊ ဆေးကုသမှုပေးတာတွေ ပြုလုပ်ပြီး ညတွင်းချင်းပဲ ကချင်ပြည်နယ် ကို ဆက်လက်မောင်း ထွက်သွားတယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

4 × 5 =