အရြယ္ တင္ လြန္းလို႔ သမီး နဲ႔ေတာင္ ညီအစ္မလား လို႔ အထင္မွား ခံေနရ တဲ့ ေဒါက္တာမေလး

အရြယ္ တင္ လြန္းလို႔ သမီး နဲ႔ေတာင္ ညီအစ္မလား လို႔ အထင္မွား ခံေနရ တဲ့ ေဒါက္တာမေလး

ကေလးမိခင္ သြားဆရာဝန္ အမ်ိဳးသမီး တစ္ေယာက္ဟာ အရြယ္တင္လြန္းတဲ့တြက္ သမီးျဖစ္သူနဲ႔ ညီအစ္မလားလို႔ ထင္မွတ္မွားခံေနရတယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ သူမရဲ့အသက္က လူႀကီးပိုင္းကို ေရာက္ေနပါၿပီ။ သူမဟာ ေတာင္ကိုရီးယားနိုင္ငံသူျဖစ္ၿပီး၊ သြားေဆးခန္းတစ္ခု မွာ တာဝန္ခံေဒါက္တာ တစ္ဦး ျဖစ္ပါတယ္။နာမည္ကေတာ့ လီဆူဂ်င္ ျဖစ္ပါတယ္။ လီဆူဂ်င္ဟာ အရြယ္တင္တဲ့နတ္သမီးတစ္ပါးလို႔ တင္စားခံေနရၿပီး၊ လက္ရွိအသက္ (၅၁)ႏွစ္လို႔ေတာင္ ဘယ္သူကမွ မထင္ပါဘူးတဲ့။ သူမရဲ့အသက္ကို (၂၀)ေက်ာ္ အစိတ္ေလာက္ပဲ ရွိမယ္လို႔ ထင္ၾကပါတယ္။ သမီးျဖစ္သူ ကေတာ့ မိခင္ျဖစ္သူနဲ႔ ညီအစ္မလို႔ အထင္ခံေနရတာကို သေဘာမက်ပါဘူးတဲ့။

ေနာက္ၿပီး မိခင္လီဆူဂ်င္ဟာ သူမကို သမီးတစ္ေယာက္လို ဂ႐ု မစိုက္ဘဲ၊ လူမႈကြန္ရက္ကို အထူးအာ႐ုံစိုက္ေနတာကိုလည္း သေဘာမက်ဘူးလို႔ ဆိုပါတယ္။ သူတို႔ သားအမိႏွစ္ေယာက္ဟာ သမီး အလယ္တန္းေက်ာင္းသူဘဝကတည္းက စကားသိပ္မေျပာျဖစ္ၾကဘူးဆိုတာ လီဆူဂ်င္က ဝန္ခံခဲ့ပါတယ္။ သူမ လူမႈကြန္ရက္ စြဲလမ္းေနတယ္ဆိုတာကိုေတာ့ ဆူဂ်င္က ျငင္းပယ္ခဲ့ၿပီး၊ လူမႈကြန္ရက္ဟာ မရွိမျဖစ္မဟုတ္ဘူးလို႔ ဆိုပါတယ္။သူမတို႔ သားအမိႏွစ္ေယာက္ဟာ မိခင္ကလည္း အလုပ္နဲ႔ပိေနေတာ့ ႏွစ္ေယာက္သား ေႏြးေႏြးေထြးေထြး ေနဖို႔အခ်ိန္ ရွားပါးတယ္လို႔ ဆို ပါတယ္။ ႏွစ္ေယာက္စလုံးကို ကိုရီးယားရဲ့နာမည္ေက်ာ္တီဗြီအစီအစဥ္ျဖစ္တဲ့ ” Same bed, Different dreams “အစီစဥ္က ဖိတ္ေခၚျခင္း ခံခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ တီဗြီအစီအစဥ္မွာ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လို ေတြးခဲ့လဲဆိုတာ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခဲ့ပါ တယ္။

လူမႈကြန္ရက္ အသုံးျပဳသူေတြကေတာ့ ဆူဂ်င္ဟာ ေသြးစုပ္ ဖုတ္ေကာင္ တစ္ဦးျဖစ္လိမ့္မယ္လို႔ ဟာသလုပ္ခဲ့ပါတယ္။ အသားေရ တြန္လိမ့္တာ၊ ဆံပင္ျဖဴတာ၊ အထိုင္အထ ေႏွးေကြးတာေတြ မရွိတဲ့အတြက္မို႔ ဒီလို ေျပာရတာလို႔ ဆိုပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကလည္း ဆူဂ်င္တစ္ေယာက္ ဒီေလာက္ ႏုပ်ိဳေနတာဟာ ျဖစ္နိုင္ေျခ အရွိဆုံးက ခြဲစိတ္ျပဳျပင္ထားတာေတြေၾကာင့္ ျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။ေတာင္ကိုရီးယားဆိုတာကလည္း အလွအပကို ေငြနဲ႔ဝယ္ယူတဲ့ ထိပ္သီးနိုင္ငံျဖစ္ၿပီး၊ ခြဲစိတ္ဖို႔အတြက္ လုံေလာက္တဲ့ ပိုက္ဆံပမာဏရွိရင္ အသားကို စြတ္စြတ္ျဖဴေအာင္ လုပ္လို႔ရသလို၊ သြားေတြ၊ မ်က္ႏွာျပင္နဲ႔ ႏွာေခါင္းခြဲစိတ္ျပဳျပင္တာေတြ၊ အရပ္ရွည္ေအာင္ ခြဲစိတ္တာေတြ၊ ရင္သားနဲ႔ ဗိုက္သားအဆီခ်ပ္ေအာင္ ခြဲစိတ္တာေတြဟာ တစ္ေနရာတည္းမွာေတာင္ စုံလင္ေအာင္ လုပ္လို႔ရတယ္လို႔ ဆိုပါတယ္။

crd :shwewiki

unicode

အရွယ် တင် လွန်းလို့ သမီး နဲ့တောင် ညီအစ်မလား လို့ အထင်မှား ခံနေရ တဲ့ ဒေါက်တာမလေး

ကလေးမိခင် သွားဆရာဝန် အမျိုးသမီး တစ်ယောက်ဟာ အရွယ်တင်လွန်းတဲ့တွက် သမီးဖြစ်သူနဲ့ ညီအစ်မလားလို့ ထင်မှတ်မှားခံနေရတယ်လို့ ဆိုပါတယ်။ တကယ်တော့ သူမရဲ့အသက်က လူကြီးပိုင်းကို ရောက်နေပါပြီ။ သူမဟာ တောင်ကိုရီးယားနိုင်ငံသူဖြစ်ပြီး၊ သွားဆေးခန်းတစ်ခု မှာ တာဝန်ခံဒေါက်တာ တစ်ဦး ဖြစ်ပါတယ်။နာမည်ကတော့ လီဆူဂျင် ဖြစ်ပါတယ်။ လီဆူဂျင်ဟာ အရွယ်တင်တဲ့နတ်သမီးတစ်ပါးလို့ တင်စားခံနေရပြီး၊ လက်ရှိအသက် (၅၁)နှစ်လို့တောင် ဘယ်သူကမှ မထင်ပါဘူးတဲ့။ သူမရဲ့အသက်ကို (၂၀)ကျော် အစိတ်လောက်ပဲ ရှိမယ်လို့ ထင်ကြပါတယ်။ သမီးဖြစ်သူ ကတော့ မိခင်ဖြစ်သူနဲ့ ညီအစ်မလို့ အထင်ခံနေရတာကို သဘောမကျပါဘူးတဲ့။

နောက်ပြီး မိခင်လီဆူဂျင်ဟာ သူမကို သမီးတစ်ယောက်လို ဂရု မစိုက်ဘဲ၊ လူမှုကွန်ရက်ကို အထူးအာရုံစိုက်နေတာကိုလည်း သဘောမကျဘူးလို့ ဆိုပါတယ်။ သူတို့ သားအမိနှစ်ယောက်ဟာ သမီး အလယ်တန်းကျောင်းသူဘဝကတည်းက စကားသိပ်မပြောဖြစ်ကြဘူးဆိုတာ လီဆူဂျင်က ဝန်ခံခဲ့ပါတယ်။ သူမ လူမှုကွန်ရက် စွဲလမ်းနေတယ်ဆိုတာကိုတော့ ဆူဂျင်က ငြင်းပယ်ခဲ့ပြီး၊ လူမှုကွန်ရက်ဟာ မရှိမဖြစ်မဟုတ်ဘူးလို့ ဆိုပါတယ်။သူမတို့ သားအမိနှစ်ယောက်ဟာ မိခင်ကလည်း အလုပ်နဲ့ပိနေတော့ နှစ်ယောက်သား နွေးနွေးထွေးထွေး နေဖို့အချိန် ရှားပါးတယ်လို့ ဆို ပါတယ်။ နှစ်ယောက်စလုံးကို ကိုရီးယားရဲ့နာမည်ကျော်တီဗွီအစီအစဉ်ဖြစ်တဲ့ ” Same bed, Different dreams “အစီစဉ်က ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ တီဗွီအစီအစဉ်မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လို တွေးခဲ့လဲဆိုတာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါ တယ်။

လူမှုကွန်ရက် အသုံးပြုသူတွေကတော့ ဆူဂျင်ဟာ သွေးစုပ် ဖုတ်ကောင် တစ်ဦးဖြစ်လိမ့်မယ်လို့ ဟာသလုပ်ခဲ့ပါတယ်။ အသားရေ တွန်လိမ့်တာ၊ ဆံပင်ဖြူတာ၊ အထိုင်အထ နှေးကွေးတာတွေ မရှိတဲ့အတွက်မို့ ဒီလို ပြောရတာလို့ ဆိုပါတယ်။ ဒါပေမယ့် တချို့ကလည်း ဆူဂျင်တစ်ယောက် ဒီလောက် နုပျိုနေတာဟာ ဖြစ်နိုင်ခြေ အရှိဆုံးက ခွဲစိတ်ပြုပြင်ထားတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားဆိုတာကလည်း အလှအပကို ငွေနဲ့ဝယ်ယူတဲ့ ထိပ်သီးနိုင်ငံဖြစ်ပြီး၊ ခွဲစိတ်ဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံပမာဏရှိရင် အသားကို စွတ်စွတ်ဖြူအောင် လုပ်လို့ရသလို၊ သွားတွေ၊ မျက်နှာပြင်နဲ့ နှာခေါင်းခွဲစိတ်ပြုပြင်တာတွေ၊ အရပ်ရှည်အောင် ခွဲစိတ်တာတွေ၊ ရင်သားနဲ့ ဗိုက်သားအဆီချပ်အောင် ခွဲစိတ်တာတွေဟာ တစ်နေရာတည်းမှာတောင် စုံလင်အောင် လုပ်လို့ရတယ်လို့ ဆိုပါတယ်။

crd :shwewiki

Add a Comment

Your email address will not be published. Required fields are marked *

twelve + seventeen =