“သူမအားပေးခဲ့ရတဲ့ ဘောလုံးအသင်းအနိုင်ရသွားလို့ အောင်ပွဲခံတဲ့အနေ နဲ့ ရွှေလက်စွပ် မဲဖောက်ပေးမယ်” ဆိုတဲ့ “မေကဗျာ”

ပရိသတ်ကြီးရေ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ်တစ်ခု ကြာရပ်တည်ခဲ့ပြီး ဒီနေ့ အချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ သရုပ်ဆောင် မေကဗျာကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး အဝတ်အစားတွေ ကို live လွှင့်ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။မေကဗျာကတော့ ကိုယ်ပိုင် ဖက်ရှင်ဆိုင်ကြီးကိုလည်း ဖွင့်ထားပြီး ချစ်ခင်အားပေးကြတဲ့ သူတွေကို ဝက်ဝက်ကွဲ အားပေးနေကြတာလည်း ဖြစ်ပါတယ်။

အွန်လိုင်း Live Sale တွေရောင်းချရင်း နဲ့ ပရိသတ်တွေနဲ့ ထိတွေ့မှုအမြဲရှိတဲ့ မေကဗျာဟာ ဒီကနေ့မှာလည်း အားလုံးအတွက် ပျော်စရာ သတင်းကောင်းလေးကို ပါးလာခဲ့ပါတယ်။ မေကဗျာက “ကဲ နိုင်ပီကွ နက်ဖန်ည Chirstmax လက်ဆောင်ရွှေလက်စွပ် ၃ ကွင်းမဲဖောက်ပေးမယ်ကွာ။ သဲလေးတို့ရာ 💍💍💍” ဆိုပြီး အာဂျင်တီးနားအသင်းနိုင်လို့ ဝမ်းသာတဲ့အနေ နဲ့ မဲဖောက် လက်ဆောင်ပေးမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။

မေကဗျာကတော့ သူမရဲ့ ချစ်ပရိသတ်တွေကို ခရစ္စမတ်လက်ဆောင်အနေနဲ့ ရွှေလက်စွပ်သုံးကွင်းမဲဖောက်ပေးကာ ပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။ မေကဗျာရဲ့ ရွှေလက်စွပ်ကံကောင်းသူ ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Source: May Kabyar’s fb

zawgyi




Source: May Kabyar’s fb