unicode
“ပရိသတ် မဟုတ်ဘဲ ယောင်ဝါးဝါး နဲ့ ကဲ့ရဲ့တဲ့သူတွေ ကို ဒဲ့ပြောလိုက် တဲ့ အိမ့်ချစ်”
အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ ထိရောက်အောင် သီဆိုဖျော်ဖြေနိုင်တဲ့ အဆိုတော်မလေး အိမ့်ချစ်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ ခြေရာကို မှီအောင် လိုက်နိုင်တဲ့ သမီးလေးပဲဖြစ် ပါတယ်နော်..။ အိမ့်ချစ် ရဲ့ “ကမ္ဘာငယ်လေး၊ အချစ်ရေး၊ ကြွေလွင့်ရတော့မယ်” ဆိုတဲ့ သီချင်းတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းလေးတွေပဲဖြစ်ပါတယ်.။
အိမ့်ချစ်ဟာ မိန်းကလေးပရိသတ်တွေ ရဲ့ ရင်ထဲကို ထိရှခံစားရအောင် အသည်းကွဲသီချင်းလေးတွေကို သီဆိုနိုင်သူပဲဖြစ်ပါတယ်နော်.။ ဒီနေ့ မေလ (၁၄)ရက်နေ့မှာတော့ အိမ့်ချစ်က ပရိသတ်မဟုတ်ဘဲ ယောင်ဝါးဝါးလုပ်ကာ Social Media မှာ Friends Request လုပ်ကာ Add ခိုင်းတဲ့ သူတွေကို “Fan ယောင်ယောင် ဘာယောင်ယောင်နဲ့ ကိုယ့်အားပေးတာလဲမဟုတ်ပဲ ရှိသမျှcele အကုန် လိုက်အပ်ခိုင်းနေတဲ့သူမျိုးဆို မအပ်ပါဘူးရှင် .။ ကိုယ့်အကြောင်းတွေရှဲပေးတဲ့သူ ကိုယ့်သီချင်းတစ်ပုဒ်မကျန်သိတဲ့သူ ကိုယ့်မကောင်းကြောင်းပြောရင်ရေးကြရင် ကိုယ်နဲ့တောင် မသိပဲဖြေရှင်းပေးတဲ့သူမျိုးတွေ့ရင် သူတို့တောင် မအပ်ခိုင်းပဲကိုယ်ကကို သွားအပ်လိုက်တာပါ.။
This is me Eint Chit .Edit : တချို့တွေက ကိုယ့် ကိုပုံမှန်လေး အားပေးတယ် ကောမန့်တွေရေးတယ်.။ အဲ့လိုပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ အိမ့်ချစ်ကတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ နေထိုင် တတ်တဲ့ သူပါ ပဲနော် ပရိသတ်ကြီး.။ ပရိသတ်ကြိးလည်း ပွင့်လင်းစွာ နေတတ်သူ အိမ့်ချစ်ကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source: Eint Chit’s Facebook
Sakura(Cele Connections)