အကြမ်းစား ပို့စ်ပေးနေရင်း နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေ မပေါ်သွားအောင် ဖုံးဖုံးဖိဖိ နေနေတဲ့ မမဆောင်း ရဲ့ ဗီဒီယို

မင်းသမီးချော ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တာဟာဆိုရင် အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေ နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မမဆောင်းက အခုဆိုရင် အရင်ကထက်တောင် လူအများရဲ့ စိတ်ဝင်တစားအားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ အဓိကကတော့ မမဆောင်းရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေ နဲ့ ဟန်ဆောင်မှု မရှိဘဲ ပွင့်လင်း တဲ့ စကားပြောဟန်လေးတွေကြောင့်ပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် မမဆောင်းက ကိုယ်လုံးကိုယ်ပေါက်လှပသူလေးဖြစ်တာကြောင့် ပုရိသတွေက အပြတ်အသတ် ကြွေနေရတာလည်း ဖြစ်ပါတယ် ။ မြန်မာ ဝတ်စုံလေးတွေကိုရော ခေတ်ပေါ်ဖက်ရှင်တွေ ကိုပါ လိုက်လျောညီထွေစွာ ဝတ်ဆင်တတ် တဲ့ မမဆောင်းက အခုချိန်အထိ လူငယ်လေး တစ်ယောက်လို နုဖတ်လှပနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မမဆောင်းက ကြော်ငြာတွေမနားတမ်း ရိုက်ကူးနေရတာဖြစ်ပြီး အခုလည်း သူမရဲ့အိမ်လေးမှာပဲ Photo Shooting တစ်ခု ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

မမဆောင်းက သူမရဲ့ရိုက်ကွင်းလေးကို ပရိသတ်တွေကြည့်ရှုနိုင်စေဖို့အတွက် Live လွှင့်ပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။ မမဆောင်းက ပန်းနုရောင်ဖက်ရှင်လေးနဲ့လှနေတာဖြစ်ပြီး ရှုတင်မှာ အမိုက်စားပို့စ်တွေပေးနေတာပဲ ဖြစ်ဖြစ် ပါတယ် ။ ဆိုဖာခုံပေါ်မှာလဲလျောင်းပြီး အပီအပြင် ပို့စ်ပေးနေတဲ့ မမဆောင်းကတော့ သူမရဲ့အလှအပတွေမပေါ်သွားအောင် ဖုံးဖုံးဖိဖိနေပြီး ရိုက်ကူးရေးလုပ်ခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မမဆောင်းရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-“မမဆောင်း” FB Page

Add a Comment

Your email address will not be published. Required fields are marked *

fifteen − four =