ဗိုင္းရပ္စ္ ကို လုံးဝ ထိန္းခ်ဳပ္ႏိုင္ၿပီ ဟု သတ္မွတ္၍ မရေသးသျဖင့္ ျပည္သူေတြအေနနဲ႔ မေပါ့ဆၾကရန္ အတိုင္ပင္ခံပုဂၢိဳလ္က ပန္ၾကား တိုက္တြန္း လိုက္

ဗိုင္းရပ္စ္ ကို လုံးဝ ထိန္းခ်ဳပ္ႏိုင္ၿပီ ဟု သတ္မွတ္၍ မရေသးသျဖင့္ ျပည္သူေတြအေနနဲ႔ မေပါ့ဆၾကရန္ အတိုင္ပင္ခံပုဂၢိဳလ္က ပန္ၾကား တိုက္တြန္း လိုက္

ျမန္မာ ႏိုင္ငံ အတြင္း (COVID 19) ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ လုံးဝ ထိန္းခ်ဳပ္ ႏိုင္ၿပီဟု သတ္မွတ္ လို႔ မရႏိုင္ ေသး လို႔ ျပည္သူေတြ အေနနဲ႔ ေပါ့ဆ မႈ မရွိဘဲ က်န္းမာေရး ၫႊန္ၾကား ခ်က္ ေတြကို လိုက္ နာၾကဖို႔ ႏိုင္ငံေတာ္ ၏အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က တိုက္ တြန္း လိုက္ပါတယ္။ ျမန္မာႏိုင္ငံ တဝန္း ညမထြက္ရအခ်ိန္ကို ည (၁၂) နာရီမွ မနက္ (၄) နာရီအထိ ေျပာင္းလဲ ေလွ်ာ့ခ်သတ္မွတ္ခဲ့သလို ရန္ကုန္နဲ႔ စစ္ကိုင္းတိုင္း က ၿမိဳ႕နယ္ (၅) ၿမိဳ႕မွာ Stay at Home အစီအစဥ္ ကို ပယ္ဖ်က္ ေပးလိုက္ၿပီးေနာက္ ခုလို သတိေပး ထုတ္ျပန္ လိုက္တာပါ။

ျပည္သူေတြ အေနနဲ႔ ခုလိုေျဖ ေလွ်ာ့မႈအေပၚ ေပါ့ဆမႈ မရွိဘဲ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ဌာနက ထုတ္ျပန္ ထားတဲ့ (COVID 19) ေရာဂါ ကာကြယ္ ၊ တားဆီး ၊ ထိန္းခ်ဳပ္ ေရးဆိုင္ရာ သတိေပး ၫႊန္ၾကားခ်က္ ေတြကို က်န္းမာေရး အသိ၊ က်န္းမာေရး သတိနဲ႔ တိက် စြာ လိုက္နာ ေဆာင္႐ြက္ သြား ၾက ဖို႔လည္း ေဒၚေဆာင္ဆန္းစုၾကည္ က ေမလ (၁၄) ရက္ေန႔စြဲ နဲ႔ ပန္ ၾကားခ်က္ ထုတ္ျပန္ ထားပါတယ္။

ႏိုင္ငံေတာ္ အစိုးရ၊ ျပည္ေထာင္စု ဝန္ႀကီးဌာနေတြ၊ ေနျပည္ေတာ္ ေကာင္စီ၊ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အစိုးရအဖြဲ႕ေတြနဲ႔ ျပည္ သူ လူထု ပူးေပါင္းအားနဲ႔ (COVID 19) ေရာဂါ ကာကြယ္၊ တားဆီး၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို တက္ညီလက္ညီ ေဆာင္႐ြက္ ခဲ့ရာ အခု အခ်ိန္မွာ အတိုင္းအတာတစ္ရပ္ အထိ ထိန္းသိမ္းႏိုင္ခဲ့သည္ကို ေတြ႕ရွိရတဲ့အတြက္ Stay at Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္(၅)ခုကို ေျဖ ေလွ်ာ့တာ အပါအဝင္ ထုတ္ျပန္ထားတဲ့ အမိန႔္နဲ႔ ၫႊန္ၾကား ခ်က္ေတြကို တဆင့္ခ်င္း ေျဖေလွ်ာ့ေပးေနတယ္လို႔လည္း ဆိုပါတယ္။

unicode

ဗိုင်းရပ်စ် ကို လုံးဝ ထိန်းချုပ်နိုင်ပြီ ဟု သတ်မှတ်၍ မရသေးသဖြင့် ပြည်သူတွေအနေနဲ့ မပေါ့ဆကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်က ပန်ကြား တိုက်တွန်း လိုက်

မြန်မာ နိုင်ငံ အတွင်း (COVID 19) ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝ ထိန်းချုပ် နိုင်ပြီဟု သတ်မှတ် လို့ မရနိုင် သေး လို့ ပြည်သူတွေ အနေနဲ့ ပေါ့ဆ မှု မရှိဘဲ ကျန်းမာရေး ညွှန်ကြား ချက် တွေကို လိုက် နာကြဖို့ နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက် တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံ တဝန်း ညမထွက်ရအချိန်ကို ည (၁၂) နာရီမှ မနက် (၄) နာရီအထိ ပြောင်းလဲ လျှော့ချသတ်မှတ်ခဲ့သလို ရန်ကုန်နဲ့ စစ်ကိုင်းတိုင်း က မြို့နယ် (၅) မြို့မှာ Stay at Home အစီအစဉ် ကို ပယ်ဖျက် ပေးလိုက်ပြီးနောက် ခုလို သတိပေး ထုတ်ပြန် လိုက်တာပါ။

ပြည်သူတွေ အနေနဲ့ ခုလိုဖြေ လျှော့မှုအပေါ် ပေါ့ဆမှု မရှိဘဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနက ထုတ်ပြန် ထားတဲ့ (COVID 19) ရောဂါ ကာကွယ် ၊ တားဆီး ၊ ထိန်းချုပ် ရေးဆိုင်ရာ သတိပေး ညွှန်ကြားချက် တွေကို ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိနဲ့ တိကျ စွာ လိုက်နာ ဆောင်ရွက် သွား ကြ ဖို့လည်း ဒေါ်ဆောင်ဆန်းစုကြည် က မေလ (၁၄) ရက်နေ့စွဲ နဲ့ ပန် ကြားချက် ထုတ်ပြန် ထားပါတယ်။

နိုင်ငံတော် အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ပြည် သူ လူထု ပူးပေါင်းအားနဲ့ (COVID 19) ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းတွေကို တက်ညီလက်ညီ ဆောင်ရွက် ခဲ့ရာ အခု အချိန်မှာ အတိုင်းအတာတစ်ရပ် အထိ ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့ရှိရတဲ့အတွက် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်(၅)ခုကို ဖြေ လျှော့တာ အပါအဝင် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြား ချက်တွေကို တဆင့်ချင်း ဖြေလျှော့ပေးနေတယ်လို့လည်း ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

14 − 12 =