တရုတ္ ဆုိတဲ့ အသံကုိ လံုးဝမၾကားခ်င္ ဟု အေမရိကန္ သမ ၼတ ထရမ့္ေျပာ

တရုတ္ ဆုိတဲ့ အသံကုိ လံုးဝမၾကားခ်င္ ဟု အေမရိကန္ သမ ၼတ ထရမ့္ေျပာ

အေ မရိကန္သမၼတ ထရမ့္ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ တ႐ုတ္ႏိုင္ငံအေပၚ ျပင္းျပင္းထန္ထန္ ေျပာဆိုဆက္ခံခဲ့ၿပီး ယခုအခါ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ စကားေျပာလိုစိတ္ မရွိေတာ့ဘဲ တ႐ုတ္ႏွင့္ ဆက္ဆံေရးကို ျဖတ္ေတာက္မည္ဟု ၾကသပေတးေန႔က ၿခိမ္းေျခာက္ေျပာဆို ခဲ့ပါတယ္။

ဒါဟာ Covid-19 ေရာဂါ ကူးစက္မႈေတြ နဲ႔ ဆက္စပ္လို႔ ကမာၻေပၚမွာ စီးပြားေရး အင္အား အေတာင့္တင္းဆုံး ႏိုင္ငံႀကီး ႏွစ္ခုရဲ႕ အစိုးရေတြၾကား ဆက္ဆံေရး ယိုယြင္းလာေနတာကို ပိုၿပီး ထင္သာျမင္သာ ျဖစ္လာေစပါတယ္။

အေမရိကန္ဟာ တစ္ကမာၻလုံးမွာ Covid-19 ေရာဂါဒဏ္ ကို အဆိုးဆုံး ခံစားေနရတဲ့ ႏိုင္ငံပါ။ ဒီအတြက္လည္း ထရမ့္ရဲ႕ အစိုးရက ေရာဂါ ကူးစက္မႈေတြ အစျပဳခဲ့ရာ တ႐ုတ္ႏိုင္ငံကို အျပစ္တင္လိုတဲ့ သေဘာထားမ်ိဳး ရွိေနပါတယ္။ ေမလ ၁၄ ရက္က အင္တာဗ်ဴး အစီအစဥ္မွာေတာ့ ထရမ့္က ေရာဂါကူးစက္မႈေတြ စတင္ ခဲ့တဲ့ အခ်ိန္မွာ တ႐ုတ္ရဲ႕ ကိုင္တြယ္ တုံ႔ျပန္မႈေတြကို အရမ္း စိတ္ပ်က္မိတယ္လို႔ ေဝဖန္ခဲ့ပါတယ္။

တကယ္ဆိုရင္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ မႈေတြဟာ တ႐ုတ္ ပိုင္နက္ထဲမွာတင္ ခ်ိဳးႏွိမ္ထားႏိုင္ခဲ့သင့္ၿပီး ကမာၻ႔ကပ္ေရာဂါႀကီး ျဖစ္မလာသင့္ဘူးလို႔လည္း ထရမ့္က ဆိုပါတယ္။ “ကြၽန္ေတာ္ သူနဲ႔ (ရွီက်င့္ဖိန္႔) အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေပမယ့္ အခုေတာ့ သူနဲ႔ စကားမေျပာခ်င္ပါဘူး” ဟု ထရမ့္က ေျပာပါတယ္။

လာမည့္ ႏိုဝင္ဘာ ၃ ရက္တြင္ ဒုတိယသက္တမ္း အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အေမရိကန္သမၼတက “သူတို႔ (တ႐ုတ္) အေနနဲ႔ ကူးစက္မႈကို ရပ္တန္႔သြားေအာင္ လုပ္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ အဲဒါလိုမ်ိဳး မျဖစ္ခဲ့ဘူး” လုိ႔ ေျပာပါတယ္။ ဒါ့အျပင္ တ႐ုတ္နဲ႔ ဆက္ဆံေရး ျဖတ္ေတာက္တဲ့ထိ ျပင္းျပင္းထန္ထန္ တုံ႔ျပန္တာ မ်ိဳးေတာင္ ရွိေကာင္း ရွိႏိုင္တယ္လို႔လည္း ထရမ့္က မွတ္ခ်က္ ေပးခဲ့ပါတယ္။

ထရမ့္က “ကြၽန္ေတာ္တို႔မွာ သတင္းအခ်က္ အလက္ေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ဆိုးတာက ဗိုင္းရပ္စ္က ဓာတ္ခြဲခန္းမွပဲ လာလာ၊ လင္းႏို႔မွပဲ လာလာ ခင္ဗ်ားတို႔ သိထားရမွာက ဒါက တ႐ုတ္ကေနလာတာ တ႐ုတ္မွာပဲ ရပ္တန္႔သင့္ခဲ့တာ” လုိ႔ ဆုိပါတယ္။

အေမရိကန္ဖက္က လုပ္ႏိုင္တာေတြ အမ်ားႀကီး ရွိေၾကာင္း၊ တ႐ုတ္ ေက်ာင္းသားေတြကို ဗီဇာခြင့္ျပဳမႈ ပိတ္ပင္တာကစလို႔ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို လုံးဝ ဥႆုံ ျဖတ္ေတာက္တဲ့ထိ ဘာမဆို ျဖစ္ႏိုင္ေၾကာင္း ထရမ့္က ဆိုပါတယ္။

တကယ္လို႔ တ႐ုတ္နဲ႔ ဆက္ဆံေရး ျဖတ္ေတာက္မယ္ ဆိုရင္ အေမရိကန္လည္း ႏွစ္စဥ္ ေဒၚလာ ၅၀၀ ဘီလီယံေလာက္ သက္သာသြားမယ္လို႔ ထရမ့္က ေျပာပါတယ္။ ဒါဟာ တ႐ုတ္ကေန အေမရိကန္ကို တင္သြင္းတဲ့ ႏွစ္အလိုက္ ပို႔ကုန္ တန္ဖိုးကို ရည္ၫႊန္းတာပါ။ ထရမ့္ကေတာ့ တ႐ုတ္ကေန ကုန္စည္ေတြ တင္သြင္းေနတာ ကို အေမရိကန္အတြက္ ထိခိုက္ ဆုံးရႈံးမႈ တစ္ခုလို႔ပဲ သတ္မွတ္ ယူဆထားပါတယ္။

unicode

တရုတ် ဆိုတဲ့ အသံကို လုံးဝမကြားချင် ဟု အမေရိကန် သမ ္မတ ထရမ့်ပြော

အေ မရိကန်သမ္မတ ထရမ့်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ပြောဆိုဆက်ခံခဲ့ပြီး ယခုအခါ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စကားပြောလိုစိတ် မရှိတော့ဘဲ တရုတ်နှင့် ဆက်ဆံရေးကို ဖြတ်တောက်မည်ဟု ကြသပတေးနေ့က ခြိမ်းခြောက်ပြောဆို ခဲ့ပါတယ်။

ဒါဟာ Covid-19 ရောဂါ ကူးစက်မှုတွေ နဲ့ ဆက်စပ်လို့ ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုရဲ့ အစိုးရတွေကြား ဆက်ဆံရေး ယိုယွင်းလာနေတာကို ပိုပြီး ထင်သာမြင်သာ ဖြစ်လာစေပါတယ်။

အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ Covid-19 ရောဂါဒဏ် ကို အဆိုးဆုံး ခံစားနေရတဲ့ နိုင်ငံပါ။ ဒီအတွက်လည်း ထရမ့်ရဲ့ အစိုးရက ရောဂါ ကူးစက်မှုတွေ အစပြုခဲ့ရာ တရုတ်နိုင်ငံကို အပြစ်တင်လိုတဲ့ သဘောထားမျိုး ရှိနေပါတယ်။ မေလ ၁၄ ရက်က အင်တာဗျူး အစီအစဉ်မှာတော့ ထရမ့်က ရောဂါကူးစက်မှုတွေ စတင် ခဲ့တဲ့ အချိန်မှာ တရုတ်ရဲ့ ကိုင်တွယ် တုံ့ပြန်မှုတွေကို အရမ်း စိတ်ပျက်မိတယ်လို့ ဝေဖန်ခဲ့ပါတယ်။

တကယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် မှုတွေဟာ တရုတ် ပိုင်နက်ထဲမှာတင် ချိုးနှိမ်ထားနိုင်ခဲ့သင့်ပြီး ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်မလာသင့်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ “ကျွန်တော် သူနဲ့ (ရှီကျင့်ဖိန့်) အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပေမယ့် အခုတော့ သူနဲ့ စကားမပြောချင်ပါဘူး” ဟု ထရမ့်က ပြောပါတယ်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ဒုတိယသက်တမ်း အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမေရိကန်သမ္မတက “သူတို့ (တရုတ်) အနေနဲ့ ကူးစက်မှုကို ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါလိုမျိုး မဖြစ်ခဲ့ဘူး” လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဆက်ဆံရေး ဖြတ်တောက်တဲ့ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်တာ မျိုးတောင် ရှိကောင်း ရှိနိုင်တယ်လို့လည်း ထရမ့်က မှတ်ချက် ပေးခဲ့ပါတယ်။

ထရမ့်က “ကျွန်တော်တို့မှာ သတင်းအချက် အလက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဆိုးတာက ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှပဲ လာလာ၊ လင်းနို့မှပဲ လာလာ ခင်ဗျားတို့ သိထားရမှာက ဒါက တရုတ်ကနေလာတာ တရုတ်မှာပဲ ရပ်တန့်သင့်ခဲ့တာ” လို့ ဆိုပါတယ်။

အမေရိကန်ဖက်က လုပ်နိုင်တာတွေ အများကြီး ရှိကြောင်း၊ တရုတ် ကျောင်းသားတွေကို ဗီဇာခွင့်ပြုမှု ပိတ်ပင်တာကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးကို လုံးဝ ဥဿုံ ဖြတ်တောက်တဲ့ထိ ဘာမဆို ဖြစ်နိုင်ကြောင်း ထရမ့်က ဆိုပါတယ်။

တကယ်လို့ တရုတ်နဲ့ ဆက်ဆံရေး ဖြတ်တောက်မယ် ဆိုရင် အမေရိကန်လည်း နှစ်စဉ် ဒေါ်လာ ၅၀၀ ဘီလီယံလောက် သက်သာသွားမယ်လို့ ထရမ့်က ပြောပါတယ်။ ဒါဟာ တရုတ်ကနေ အမေရိကန်ကို တင်သွင်းတဲ့ နှစ်အလိုက် ပို့ကုန် တန်ဖိုးကို ရည်ညွှန်းတာပါ။ ထရမ့်ကတော့ တရုတ်ကနေ ကုန်စည်တွေ တင်သွင်းနေတာ ကို အမေရိကန်အတွက် ထိခိုက် ဆုံးရှုံးမှု တစ်ခုလို့ပဲ သတ်မှတ် ယူဆထားပါတယ်။

unicode

Add a Comment

Your email address will not be published. Required fields are marked *

9 − 2 =