






crd : panpoelat

unicode

ဆယ်ကျော်သက် အရွယ်ကတည်းက ကြိုက်ခဲ့ရတဲ့ မင်းသမီး ကို ထုတ်ပြောပြ လာတဲ့ မိုးယံဇွန်

မော်ဒယ်မင်းသားချော မိုးယံဇွန်ကလက်ရှိမှာမိန်းကလေးပရိတ်သတ်တွေ ရဲ့ အားပေးခြင်းကိုအထူးရရှိထားသူတစ်ဦးပါ။ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာပြီး ယခုဆိုရင်အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်နေပါပြီ။ သူပါဝင်သရုပ်ဆောင် ထားတဲ့ “အကြင်နာမြစ်ဖျား “ဇာတ်လမ်းလေး ဟာလည်းပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားပါတယ်။

ယနေ့မှာတော့ မိုးယံဇွန် တစ်ယောက် သူ့ရဲ့ ငယ်ဘဝက လျို့ဝှက်ချက်တစ်ခုကိုပရိတ်သတ်တွေကိုပြောပြလာပါတယ်။မိုးယံဇွန်က “ပထမဆုံးအကြိမ် crush နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်စကားပြောဖူးခြင်းပါ။ကျွန်တော် အဲတုန်း ၁၀တန်းစာမေးပွဲ ဖြေပီးတဲ့အချိန် အောင်စာရင်းလဲ မထွက်သေးဘူး အောင်လား ၊ ကျလားမသိ။ အမေ့အလုပ်ကိစ္စနဲ့ ဂေါက်ကွင်းကိုသွား အဲဒီမှာရိုက်ကူးရေးလုပ်နေတာ ကျတော်အရမ်းကြိုက်တဲ့မင်းသမီး မမ။

အမကို အရမ်းကြိုက်တာ ကျတော်က အမရဲ့crazy ပါ။ ကျွန်တော် ဓာတ်ပုံလေးတပုံလောက်အတူတွဲရိုက်ခွင့်ပြုပါလို့ ခွင့်တောင်းချိန် ကင်မရာဆရာသမားကျေးဇူးကြောင့် Snap မိသွားတဲ့အမှတ်တရပုံလေးပါ တွဲရိုက်တဲ့ပုံလေးကတော့အိမ်ခဏခဏပြောင်းလို့ ဘယ်ဆီရောက်နေမှန်းမသိ ဒီပုံလေး ပဲ အမှတ်တရကျန်တော့တယ်။

ဒီပုံကိုကြည့်တာနဲ့ ဘယ်သူလဲဆိုတာ သိကြ မှာပါ။” ဆိုပြီး အမှတ်တရပြောပြထားပါတယ်။မိုးယံဇွန်က မင်းသမီးချော သက်မွန်မြင့်ကိုရူးသွပ်ခဲ့တဲ့သူပါဘဲ။အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သက်မွန်ကို တော်တော်များများက ချစ်ကြပါတယ်နော်။

ပရိတ်သတ်တွေထဲကလည်း မိုးယံဇွန်လိုဘဲဟိုး ငယ်ငယ်ကတည်းက ချစ်သက်ကိုရူးသွပ်ခဲ့တဲ့သူတွေရှိလားပြောသွားဦးနော်။

crd : panpoelat

Add a Comment

Your email address will not be published. Required fields are marked *

17 − 14 =