အသံပါဝါ အားကောင်းကောင်း နဲ့ အမိုက်စား သီချင်းတွေ ကိုပါ ဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူး တလည် ပြောစရာ မလိုတော့ဘူး ထင်ပါတယ်နော် ။ သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက် ပါ ။
ဒါ့အပြင် အစီစဉ်တင်ဆက်သူ ကျော်ထက်အော င်နဲ့အတူ စုံတွဲ ပုံရိပ်တွေ မကြာခဏ တင်လေ့ရှိတဲ့အတွက် တွဲနေကြတာလားဆိုတဲ့ မေးခွန်းတွေ ပရိသတ်တွေကြားမှာ ထွက်ပေါ်ခဲ့ပါတယ် ။ လတ်တလောမှာလည်း MRTV-4 က သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်နဲ့ နှစ်ယောက်တွဲ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပြီး “ငါထင်တာတွေသာမှားပါစေ” လို့ဆုတောင်း နေကြတယ်မလား မကြာမီ လာမည် မျှော် ဆိုတဲ့စာသားလေးနဲ့ ပဟေဠိဝှက် လိုက်ပြန်ပါပြီနော် ။
ဒါပေမယ့် “ငါထင်တာတွေသာမှားပါစေ” ဆိုတာကတော့ သူမ နောက်ထပ် ထွက်မယ့် သီချင်းသစ် တစ်ပုဒ်ဖြစ်ပြီး ကျော်ထက်ဇော်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ကြောင်း Comment ကနေတဆင့် ပရိသတ်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ် ။ ဖြူဖြူပရိသတ်တွေရော ကျော်ထက်ဇော် နဲ့ ဖြူဖြူတို့ရဲ့ သီချင်းအသစ်Music Video လေးကို ကြည့်ချင်နေကြပြီလား မှတ်ချက်ပေးခဲ့ ပါဦးနော် ။
Source : Phyu Phyu Kyaw Thein
Credit; (Cele Gabar)
zawgyi
အသံပါဝါ အားေကာင္းေကာင္း နဲ႔ အမိုက္စား သီခ်င္းေတြ ကိုပါ ေဖာမန႔္အျပည့္နဲ႔ ေဖ်ာ္ေျဖတင္ဆက္ေလ့ရွိတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္း ကေတာ့ ပရိသတ္ေတြကို အၿမဲ အထူးအဆန္းေတြလုပ္ျပေလ့ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ဆိုတာကိုေတာ့ အထူး တလည္ ေျပာစရာ မလိုေတာ့ဘူး ထင္ပါတယ္ေနာ္ ။ သူမရဲ႕ အမိုက္စား ဖက္ရွင္ေတြကေတာ့ ပရိသတ္ေတြၾကားမွာ အၿမဲေရပန္းစား ေလ့ရွိၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစတဲ့အႏုပညာရွင္တစ္ေယာက္ ပါ ။
ဒါ့အျပင္ အစီစဥ္တင္ဆက္သူ ေက်ာ္ထက္ေအာ င္နဲ႔အတူ စုံတြဲ ပုံရိပ္ေတြ မၾကာခဏ တင္ေလ့ရွိတဲ့အတြက္ တြဲေနၾကတာလားဆိုတဲ့ ေမးခြန္းေတြ ပရိသတ္ေတြၾကားမွာ ထြက္ေပၚခဲ့ပါတယ္ ။ လတ္တေလာမွာလည္း MRTV-4 က သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး ေက်ာ္ထက္ေဇာ္နဲ႔ ႏွစ္ေယာက္တြဲ ပုံရိပ္ေလးေတြကို ပရိသတ္ေတြကို မွ်ေဝေပးခဲ့ၿပီး “ငါထင္တာေတြသာမွားပါေစ” လို႔ဆုေတာင္း ေနၾကတယ္မလား မၾကာမီ လာမည္ ေမွ်ာ္ ဆိုတဲ့စာသားေလးနဲ႔ ပေဟဠိဝွက္ လိုက္ျပန္ပါၿပီေနာ္ ။
ဒါေပမယ့္ “ငါထင္တာေတြသာမွားပါေစ” ဆိုတာကေတာ့ သူမ ေနာက္ထပ္ ထြက္မယ့္ သီခ်င္းသစ္ တစ္ပုဒ္ျဖစ္ၿပီး ေက်ာ္ထက္ေဇာ္နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ထားတာျဖစ္ေၾကာင္း Comment ကေနတဆင့္ ပရိသတ္ေတြကို ျပန္လည္ရွင္းျပခဲ့ပါတယ္ ။ ျဖဴျဖဴပရိသတ္ေတြေရာ ေက်ာ္ထက္ေဇာ္ နဲ႔ ျဖဴျဖဴတို႔ရဲ႕ သီခ်င္းအသစ္Music Video ေလးကို ၾကည့္ခ်င္ေနၾကၿပီလား မွတ္ခ်က္ေပးခဲ့ ပါဦးေနာ္ ။
Source : Phyu Phyu Kyaw Thein
Credit; (Cele Gabar)