တော်ဝင်ဆန်တဲ့ အလှတရားတွေ ကို ပြသလိုက်တဲ့ အိချောပို

ဒါကတော့ ” စူ့ရဲ့ ပထမဆုံး photo shooting vlog လေးပါ ရှင့် နောက်ပိုင်း မှာ စူ့ရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဒီ Page နဲ့ စူ့ YouTube Channel တွေမှာတင်ပေးသွားမယ်နော် အားလုံးချစ်တယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ စူစူဟာ ဇွဲထက် ရွှေဆိုင်ရဲ့ ကြော်ငြာ ရိုက်ကူးနေတာလည်း ဖြစ်ပြီး လက်ဝတ် ရတနာလေးတွေ ကလည်း သူမ ရဲ့ အသားအရည် နဲ့ ထင်းကနဲ တောက်ပစွာ လှပနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် အိချောပိုရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

စူစူလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပို ကတော့ သူမ ရဲ့ ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံး လေးကြောင့် ပရိသတ်တွေအားလုံးက ချစ်နေရ တဲ့ ပြည်သူချစ်မင်းသမီးချောလေး တစ်ဦးလည်း ဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင် တဲ့ဇာတ်ကားတိုင်းကိုလည်း အပိုလိုမရှိကွက်တိ သရုပ်ဆောင် နိုင်တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလော မှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

သူမရဲ့ အနုပညာ သက်တမ်းဟာ လည်း ဆယ်စုနှစ်ကျော်တိုင် ခဲ့ပြီဖြစ်ပြီး ယနေ့ချိန်ထိ ပရိသတ်တွေက ချစ်ခင်အားပေးနေရ တဲ့ ထိပ် တန်းမင်းသမီး တစ်လက်အဖြစ် ရပ်တည်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။ စူစူရဲ့ ကြော်ငြာလေးတွေဟာလည်း ကြည့်ရှုသူပရိသတ် တွေကို အခါခါပြန် ကြည့်ရ လောက်အောင် ဆွဲဆောင်နိုင်လွန်း နေတာလည်း ဖြစ်ပါတယ်။ အခု မှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက် နှာမှာ ဗီဒီယိုလေးတွေ တင်ထား တာပဲ ဖြစ်ပါတယ်။

Source and Photo Crd – Ei Chaw Po’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

five × 4 =