ကိုဗစ္ လူနာ မ်ားတြင္ သံုးပံု တစ္ပံု သည္ ေက်ာက္ ကပ္ ပ်က္စီး သြားေၾကာင္း ပညာရွင္မ်ား ေလ့လာေတြ႕ရိွ

ကိုဗစ္ လူနာ မ်ားတြင္ သံုးပံု တစ္ပံု သည္ ေက်ာက္ ကပ္ ပ်က္စီး သြားေၾကာင္း ပညာရွင္မ်ား ေလ့လာေတြ႕ရိွ

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ေဆး႐ုံမ်ား တြင္ COVID-19 ျဖင့္ ကုသမႈခံယူေနရသည့္ လူနာမ်ားအနက္ သုံးပုံတစ္ပုံသည္ ေက်ာက္ကပ္ပ်က္စီးခဲ့ၿပီး ၁၅ ရာခိုင္ႏႈန္းသည္ ေက်ာက္ကပ္ ေဆးကုသမႈ ခံယူေနရေၾကာင္း အေမရိကန္သုေတသပညာရွင္မ်ားက ေမ ၁၄ ရက္တြင္ ေျပာဆို လိုက္သည္။

နယူေယာက္ၿမိဳ႕ရိွ ေနာ့သ္ဝဲ က်န္းမာေရးအဖြဲ႕က ေလ့လာမႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ပထမဆုံး ကုသမႈခံယူရသည့္ လူနာ ၅၄၄၉ ဦးအနက္ ၃၆ ဒသမ ၆ ရာခိုင္ႏႈန္းသည္ ေက်ာက္ကပ္အႀကီးအက်ယ္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း နယူးေယာက္ ေနာ့သ္ဝဲရွိ သုေတသနကိုဦးေဆာင္ခဲ့သူမ်ား အနက္တစ္ဦးျဖစ္သည့္ ပညာရွင္ ေဒါက္တာ ကဲနာ ဂ်ဗဲရီက ေျပာဆိုခဲ့သည္။ ေတြ႕ရွိမႈကို Kidney International ဂ်ာနယ္တြင္ေဖာ္ျပထားသည္။

ေက်ာက္ကပ္အတြင္းရွိ ေရပိုႏွင့္ အညစ္ အေၾကးမ်ားကို ဖယ္ထုတ္ႏိုင္ျခင္းမရွိပါက ေက်ာက္ကပ္ပ်က္စီးေလ့ရွိေၾကာင္း ဆိုသည္။ ေက်ာက္ကပ္ပ်က္စီးသည့္ လူနာမ်ားအနက္ ၁၄ ဒသမ ၃ ရာခိုင္ႏႈန္းသည္ ေက်ာက္ကပ္ေဆးရန္ လိုအပ္ေနေၾကာင္း ေဒါက္တာဂ်ာဗဲရီက ေျပာဆိုခဲ့သည္။

ယခုေလ့လာမႈသည္ COVID-19 လူနာမ်ားရွိ ေက်ာက္ကပ္ ပ်က္စီးမႈႏွင့္ ပတ္သက္၍ လူအမ်ားဆုံးေလ့လာခဲ့သည့္ ေလ့လာမႈျဖစ္သည္။ မတ္ ၁ ရက္မွ ဧၿပီ ၅ ရက္အထိ COVID-19 ျဖင့္ ေဆး႐ုံတင္ကုသမႈခံယူခဲ့သည့္ လူနာ ၅၄၄၉ ဦး၏ေဆးမွတ္တမ္းမ်ားကို ေလ့လာၿပီး ေဒါက္တာဂ်ာဗဲရီႏွင့္ အဖြဲ႕က သုံးသပ္ ခဲ့ျခင္းျဖစ္သည္။

COVID-19 ကူးစက္ၿပီး မၾကာမီတြင္ ေက်ာက္ကပ္ ပ်က္စီးမႈရွိလာေၾကာင္း ေတြ႕ရွိခဲ့သည္။ ေက်ာက္ကပ္ပ်က္စီးသျဖင့္ ေဆး႐ုံသို႔ေရာက္ရွိလာသည့္ လူနာ သို႔မဟုတ္ ေဆး႐ုံသို႔ေရာက္ရွိၿပီး ပထမ ၂၄ နာရီအတြင္း ေက်ာက္ကပ္ပ်က္စီးသည့္ လူနာ ၃၇ ဒသမ ၃ ရာခိုင္ႏႈန္းရွိေနေၾကာင္း ေလ့လာေတြ႕ရွိ ခဲ့သည္။

ေရာဂါျပင္းထန္ေသာ လူနာမ်ား အသက္ရႉစက္ အကူအညီယူေနရခ်ိန္တြင္လည္း ေက်ာက္ကပ္ပ်က္စီးမႈရွိလာတတ္ေၾကာင္း ေဒါက္တာဂ်ာဗဲရီကေျပာ ဆိုခဲ့သည္။ အသက္ရႉစက္ျဖင့္ေနရသည့္ လူနာ ၁၀၀၀ ေက်ာ္အနက္ ၉၀ ရာခိုင္ႏႈန္းသည္ ေက်ာက္ကပ္ပ်က္စီး မႈရွိတတ္သည္။

အေမရိကန္ႏိုင္ငံတြင္ လက္ရိွ အခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁.၄ သန္းေက်ာ္ရိွေနၿပီး ေသဆံုးသူ ၈၆၉၁၂ ရိွၿပီ ျဖစ္သည္။

unicode

ကိုဗစ် လူနာ များတွင် သုံးပုံ တစ်ပုံ သည် ကျောက် ကပ် ပျက်စီး သွားကြောင်း ပညာရှင်များ လေ့လာတွေ့ရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဆေးရုံများ တွင် COVID-19 ဖြင့် ကုသမှုခံယူနေရသည့် လူနာများအနက် သုံးပုံတစ်ပုံသည် ကျောက်ကပ်ပျက်စီးခဲ့ပြီး ၁၅ ရာခိုင်နှုန်းသည် ကျောက်ကပ် ဆေးကုသမှု ခံယူနေရကြောင်း အမေရိကန်သုတေသပညာရှင်များက မေ ၁၄ ရက်တွင် ပြောဆို လိုက်သည်။

နယူယောက်မြို့ရှိ နော့သ်ဝဲ ကျန်းမာရေးအဖွဲ့က လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ကုသမှုခံယူရသည့် လူနာ ၅၄၄၉ ဦးအနက် ၃၆ ဒသမ ၆ ရာခိုင်နှုန်းသည် ကျောက်ကပ်အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကြောင်း နယူးယောက် နော့သ်ဝဲရှိ သုတေသနကိုဦးဆောင်ခဲ့သူများ အနက်တစ်ဦးဖြစ်သည့် ပညာရှင် ဒေါက်တာ ကဲနာ ဂျဗဲရီက ပြောဆိုခဲ့သည်။ တွေ့ရှိမှုကို Kidney International ဂျာနယ်တွင်ဖော်ပြထားသည်။

ကျောက်ကပ်အတွင်းရှိ ရေပိုနှင့် အညစ် အကြေးများကို ဖယ်ထုတ်နိုင်ခြင်းမရှိပါက ကျောက်ကပ်ပျက်စီးလေ့ရှိကြောင်း ဆိုသည်။ ကျောက်ကပ်ပျက်စီးသည့် လူနာများအနက် ၁၄ ဒသမ ၃ ရာခိုင်နှုန်းသည် ကျောက်ကပ်ဆေးရန် လိုအပ်နေကြောင်း ဒေါက်တာဂျာဗဲရီက ပြောဆိုခဲ့သည်။

ယခုလေ့လာမှုသည် COVID-19 လူနာများရှိ ကျောက်ကပ် ပျက်စီးမှုနှင့် ပတ်သက်၍ လူအများဆုံးလေ့လာခဲ့သည့် လေ့လာမှုဖြစ်သည်။ မတ် ၁ ရက်မှ ဧပြီ ၅ ရက်အထိ COVID-19 ဖြင့် ဆေးရုံတင်ကုသမှုခံယူခဲ့သည့် လူနာ ၅၄၄၉ ဦး၏ဆေးမှတ်တမ်းများကို လေ့လာပြီး ဒေါက်တာဂျာဗဲရီနှင့် အဖွဲ့က သုံးသပ် ခဲ့ခြင်းဖြစ်သည်။

COVID-19 ကူးစက်ပြီး မကြာမီတွင် ကျောက်ကပ် ပျက်စီးမှုရှိလာကြောင်း တွေ့ရှိခဲ့သည်။ ကျောက်ကပ်ပျက်စီးသဖြင့် ဆေးရုံသို့ရောက်ရှိလာသည့် လူနာ သို့မဟုတ် ဆေးရုံသို့ရောက်ရှိပြီး ပထမ ၂၄ နာရီအတွင်း ကျောက်ကပ်ပျက်စီးသည့် လူနာ ၃၇ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။

ရောဂါပြင်းထန်သော လူနာများ အသက်ရှူစက် အကူအညီယူနေရချိန်တွင်လည်း ကျောက်ကပ်ပျက်စီးမှုရှိလာတတ်ကြောင်း ဒေါက်တာဂျာဗဲရီကပြော ဆိုခဲ့သည်။ အသက်ရှူစက်ဖြင့်နေရသည့် လူနာ ၁၀၀၀ ကျော်အနက် ၉၀ ရာခိုင်နှုန်းသည် ကျောက်ကပ်ပျက်စီး မှုရှိတတ်သည်။

အမေရိကန်နိုင်ငံတွင် လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၄ သန်းကျော်ရှိနေပြီး သေဆုံးသူ ၈၆၉၁၂ ရှိပြီ ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *

1 × five =