အညိုရောင်ဂါဝန်လေး နဲ့ အရုပ်မလေးတစ်ရုပ်လို ချစ်ဖို့ကောင်းနေခဲ့တဲ့ မင်းသမီးချောလေး “မေမီကိုကို”

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်ဆင်တတ်တာကြောင့် လူကြီးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပါရရှိထားတဲ့သူ တစ်ယောက်ပါ။

မေမီကိုကိုကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မြင်နေကျပုံစံတွေကနေ ကွဲထွက်နေတဲ့ ပုံစံလေးဝတ်ဆင်ကာ ဂါဝန်လေးနဲ့ ပွဲတက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ မေမီကိုကိုကတော့ ဒီပုံလေးတွေထဲမှာ အရုပ်မလေးတစ်ရုပ်လို ချစ်ဖို့ကောင်းနေပြီး အခုလိုပုံစံနဲကလည်း လိုက်ဖက်ကြောင်း ပရိသတ်တွေကပါ မှတ်ချက်ပေးနေခဲ့ကြပါတယ်။

ပုံလေးတွေကိုတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဝေလာရီကရိုက်ပေးထားတာဖြစ်ပြီး မေမီကတော့ပုံလှလှလေးတွေအတွက် ဝေလာရီကိုကျေးဇူးတင်ကြောင်းပြောထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မေမီရဲ့ ချစ်စရာကောင်းလှတဲ့ ဒီပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

Chilli – CeleZone

zawgyi




Chilli – CeleZone