ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်မနောက ငယ်စဥ်ကလေးဘဝက အသက်ကယ်ခဲ့ဖူးတဲ့ အသက်သခင်ကျေးဇူးရှင်ကို သွားရောက် ကျေးဇူးဆပ်ခဲ့တဲ့အကြောင်းကိုအခုလိုပြန်လည်ပြောပြလာခဲ့ပါတယ်နော်။ အဆိုတော်မနောက ကျနော် နတ်ရေကန်ရွာမှာ နေတုန်းက တတိယတန်းကျောင်းသားဘဝ အသက်ဆယ်နှစ်ခန့်ပေါ့ဗျာ၊ စာမေးပွဲဖြေ သည့်ရက်မှာ တအားဖျားတယ်၊ အိမ်ကနေခြေလျင်လာဖြေရတာပေါ့၊ ကျနော့် အိမ်က ဘယ်သူမှကျောင်းလိုက်မပို့နိုင်ဘူး၊ စား ဝတ် နေရေးအတွက်တစ်နေ့လုပ် တစ်နေ့စားဘဝတွေ အတွက်ကတော့ ဖျားတာ နာတာဟာ သာမန်လိုဖြစ်နေတာပေါ့ ။
စာဖြေပြီးအပြန် လမ်းကိုမလျှောက်နိုင်တော့ဘူး၊ အဲဒီအချိန် ယခုပုံထဲက ဒေါ်ကြီးအိမ်ရှေ့ခုံလေးပေါ်မှာ နားရင်းအဖျားတက်ပြီးအိပ်ပျော်သွားတာလားကိုမသိလိုက်ပါဘူး၊ ပြန်နိုးလို့ ကြည့်လိုက်မှ ဒေါ်ကြီးတို့အိမ်ထဲ ကုတင်ပေါ်မှာဆနွင်းမှိုင်းခံပေးထားပြီး စောင်ခြုံကြီးနဲ့ဖြစ်နေတော့မှ ငါဘယ်ရောက်နေတာပါလိမ့်ဆိုပြီး ကြောင်တောင် တောင်ဖြစ်နေတာပေါ့။ အဲဒီတော့မှ ဒေါ်ကြီးက ငါ့တူတအားအဖျားတက်နေလို့တဲ့၊ သနားလို့စေတနာဖြင့် ကုပေးထားတာ သိရတယ်၊ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဖြူစင်သောစေတနာ မေတ္တာကို အလေးထားပြီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့ခဲ့ပါတယ်၊ကျနော့်တို့ ဒီဘဝမှာတင်ပဲ မိမိကဆပ်စရာရှိသောကျေးဇူးတရားများကို သိသမျှ မြင်သမျှ ပြန်ဆက်သင့်ပါတယ်။
နောင်ဘဝဆိုတာကြီးလည်း ပြန်မရလိုတော့လျှင်အရာအားလုံး စွန့်လွှတ်နိုင်ရမယ်၊ စွဲစရာမှန်သမျှ အစွဲကင်းလေနိဗ္ဗာန်နီးလေပဲမို့ ကျနော်တို့တွေ လူ့ဘဝရတုန်း အခွင့်အရေးရရှိတာဖြစ်တယ်၊ ကြိုးစားပြီး ဝိပဿနာတရား အားထုတ်မယ်ဆိုလျှင်ရကိုရနိုင်ပါတယ်၊ ဆယ်တန်းကျောင်းသားတစ်ယောက်ကိုသူငယ်တန်းစာတွေကစပြီး ပြန်သင်ရမယ်ဆိုလျှင် ဘယ်လိုခံစားရမလဲ ။
ကျနော်တို့တွေ နောင်ဘဝ သူများဝမ်းဗိုက်ထဲမှာပဋိသန္ဓေ ပြန်တည် ပြန်မွေး ကလေးဘဝကနေ ပြန်စစာတွေသင် မြင်သမျှတွေ့သမျှအကုန်မှတ်ယူနေမည့်ဘဝကနေ အခုလိုဝိပဿနာ တရားအားထုတ်ဖို့ပြန်ပြီးလေ့လာရဦးမယ်၊ ဒါတောင် ဘာမှမသေချာဘူးဗျို့၊ ဘဝနေထိုင်မှုလမ်းချော်သွားခဲ့လျှင်ငရဲပါကျနိုင်သေးတယ်ပေါ့ဗျာ။ ဒါကြောင့် ယခု ရရှိထားတဲ့လူ့ဘဝ လက်ရှိအသက်အရွယ်ကနေစပြီး တရားအားထုတ်သင့်ပါတယ်ခင်ဗျာ၊ လေးစားစွာဖြင့် မောင်မနော ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ် ၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
crd
zawgyi
ပရိတ္သတ္ႀကီးေရ၊အခုတစ္ခါမွာဆိုရင္ေတာ့အဆိုေတာ္မေနာက ငယ္စဥ္ကေလးဘဝက အသက္ကယ္ခဲ့ဖူးတဲ့ အသက္သခင္ေက်းဇူးရွင္ကို သြားေရာက္ ေက်းဇူးဆပ္ခဲ့တဲ့အေၾကာင္းကိုအခုလိုျပန္လည္ေျပာျပလာခဲ့ပါတယ္ေနာ္။ အဆိုေတာ္မေနာက က်ေနာ္ နတ္ေရကန္႐ြာမွာ ေနတုန္းက တတိယတန္းေက်ာင္းသားဘဝ အသက္ဆယ္ႏွစ္ခန္႔ေပါ့ဗ်ာ၊ စာေမးပြဲေျဖ သည့္ရက္မွာ တအားဖ်ားတယ္၊ အိမ္ကေနေျခလ်င္လာေျဖရတာေပါ့၊ က်ေနာ့္ အိမ္က ဘယ္သူမွေက်ာင္းလိုက္မပို႔ႏိုင္ဘူး၊ စား ဝတ္ ေနေရးအတြက္တစ္ေန႔လုပ္ တစ္ေန႔စားဘဝေတြ အတြက္ကေတာ့ ဖ်ားတာ နာတာဟာ သာမန္လိုျဖစ္ေနတာေပါ့ ။
စာေျဖၿပီးအျပန္ လမ္းကိုမေလွ်ာက္ႏိုင္ေတာ့ဘူး၊ အဲဒီအခ်ိန္ ယခုပုံထဲက ေဒၚႀကီးအိမ္ေရွ႕ခုံေလးေပၚမွာ နားရင္းအဖ်ားတက္ၿပီးအိပ္ေပ်ာ္သြားတာလားကိုမသိလိုက္ပါဘူး၊ ျပန္ႏိုးလို႔ ၾကည့္လိုက္မွ ေဒၚႀကီးတို႔အိမ္ထဲ ကုတင္ေပၚမွာဆႏြင္းမႈိင္းခံေပးထားၿပီး ေစာင္ၿခဳံႀကီးနဲ႔ျဖစ္ေနေတာ့မွ ငါဘယ္ေရာက္ေနတာပါလိမ့္ဆိုၿပီး ေၾကာင္ေတာင္ ေတာင္ျဖစ္ေနတာေပါ့။ အဲဒီေတာ့မွ ေဒၚႀကီးက ငါ့တူတအားအဖ်ားတက္ေနလို႔တဲ့၊ သနားလို႔ေစတနာျဖင့္ ကုေပးထားတာ သိရတယ္၊ အထူးေက်းဇူးတင္ပါတယ္ခင္ဗ်ာ၊ ျဖဴစင္ေသာေစတနာ ေမတၱာကို အေလးထားၿပီး လက္ဆယ္ျဖာ ထိပ္မွာမိုးလို႔ ရွိခိုးကန္ေတာ့ခဲ့ပါတယ္၊က်ေနာ့္တို႔ ဒီဘဝမွာတင္ပဲ မိမိကဆပ္စရာရွိေသာေက်းဇူးတရားမ်ားကို သိသမွ် ျမင္သမွ် ျပန္ဆက္သင့္ပါတယ္။
ေနာင္ဘဝဆိုတာႀကီးလည္း ျပန္မရလိုေတာ့လွ်င္အရာအားလုံး စြန္႔လႊတ္ႏိုင္ရမယ္၊ စြဲစရာမွန္သမွ် အစြဲကင္းေလနိဗၺာန္နီးေလပဲမို႔ က်ေနာ္တို႔ေတြ လူ႔ဘဝရတုန္း အခြင့္အေရးရရွိတာျဖစ္တယ္၊ ႀကိဳးစားၿပီး ဝိပႆနာတရား အားထုတ္မယ္ဆိုလွ်င္ရကိုရႏိုင္ပါတယ္၊ ဆယ္တန္းေက်ာင္းသားတစ္ေယာက္ကိုသူငယ္တန္းစာေတြကစၿပီး ျပန္သင္ရမယ္ဆိုလွ်င္ ဘယ္လိုခံစားရမလဲ ။
က်ေနာ္တို႔ေတြ ေနာင္ဘဝ သူမ်ားဝမ္းဗိုက္ထဲမွာပဋိသေႏၶ ျပန္တည္ ျပန္ေမြး ကေလးဘဝကေန ျပန္စစာေတြသင္ ျမင္သမွ်ေတြ႕သမွ်အကုန္မွတ္ယူေနမည့္ဘဝကေန အခုလိုဝိပႆနာ တရားအားထုတ္ဖို႔ျပန္ၿပီးေလ့လာရဦးမယ္၊ ဒါေတာင္ ဘာမွမေသခ်ာဘူးဗ်ိဳ႕၊ ဘဝေနထိုင္မႈလမ္းေခ်ာ္သြားခဲ့လွ်င္ငရဲပါက်ႏိုင္ေသးတယ္ေပါ့ဗ်ာ။ ဒါေၾကာင့္ ယခု ရရွိထားတဲ့လူ႔ဘဝ လက္ရွိအသက္အ႐ြယ္ကေနစၿပီး တရားအားထုတ္သင့္ပါတယ္ခင္ဗ်ာ၊ ေလးစားစြာျဖင့္ ေမာင္မေနာ ဆိုၿပီးေတာ့သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာေရးသားေဖာ္ျပထားပါတယ္ ၊စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
crd