crd : whitesone
unicode
ကိုရိုနာ ဗိုင်းရပ်စ် ပိုးရှိသူ စကားကျယ်ကျယ်ပြောပါက ကူးစက်နိုင်ကြောင်း တွေ့ရှိ
ကိုရိုနာ ဗိုင်းရပ်စ်ပိုးရှိသူ စကားကျယ်ကျယ်ပြောပါက အခြား သူများကို ကူးစက်နိုင်ကြောင်း လေ့လာတွေ့ရှိ…
ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူတစ်ဦးက တစ်မိနစ်လောက် စကားကို ကျယ်ကျယ်ပြောလိုက်မယ် ဆိုရင်တောင် ဗိုင်ရပ်စ်ပိုးပါတဲ့ Droplets လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးပေါင်း တစ်ထောင်ကျော်ဟာ လေထဲကိုပျံ့နှံ့သွားပြီး၊ တစ်ခြားလူတွေကို ကူးစက်စေဖို့ လုံလောက်ေ စတယ်လို့ သုတေသီပညာရှင်တွေ ရဲ့ တွေ့ရှိချက်အသစ်ကို မေလ (၁၅)ရက်နေ့က Business Insider သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဗိုင်းရပ်စ်ပိုးပါတဲ့ အမှုန်လေးတွေ ဟာ လေထဲမှာ (၈) မိနစ်ကျော်ကြာ ဆက်လက် တည်ရှိနေနိုင်ပြီး၊ ဒါဟာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုရဲ့ ပုံစံတစ်မျိုးဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိတဲ့ ပညာရှင်တွေကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူက အသံပိုကျယ်ကျယ် စကားပြောလေလေ ဗိုင်းရပ်စ်ပိုးပါတဲ့ အမှုန်လေးတွေ ကို ထုတ်လုပ်တဲ့ အရေအတွက် ပိုးများလေလေဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိချက်အ သစ်က ဆိုပါတယ်။
crd : whitesone