မီတာခ က်သင့္ေငြ အေ ပၚ သံသယ ရွိ က တိုင္ၾကား ႏိုင္

လွ်ပ္ စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနဝန္ႀကီးဌာနမွ လစဥ္ ေကာက္ခံေနေသာ မီတာခက်သင့္ေငြကို သံသယရွိပါက တိုင္ၾကား ႏိုင္ၿပီး ခ်က္ခ်င္းေျဖရွင္း ေပးေနေၾကာင္း ယင္းဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ေျပာသည္။ “မီတာခေတြ ျမင့္တယ္ဆိုတာက ကိုယ့္မီတာမွာ ရွိေနတဲ့ ေဘလ္ ကို စိတ္ထဲ သံသယရွိတယ္ဆိုရင္ ခ်က္ခ်င္း Complaint တက္လို႔ရတဲ့ Call Center ေတြဖြင့္ထားပါတယ္။ ၿမိဳ႕နယ္႐ုံးကိုလည္း ခ်က္ခ်င္းသြားၿပီးဆက္သြယ္ရင္ ခ်က္ခ်င္းလိုက္ ေျဖရွင္း ေပးေနပါတယ္” ဟု ၎က ေျပာသည္။

၎ကဆက္လက္ၿပီး “ကိုယ္သုံး မွျဖစ္မွာေလ။ နဂိုကတည္းက ဒီႏႈန္းပဲေလ။ အခုမွ ႏႈန္းသစ္သတ္မွတ္တာမွ မဟုတ္တာ ဟိုးအစကတည္းက ဒီႏႈန္းေလ မီတာခေတြ ေျပာင္းလဲကတည္းက ဒီႏႈန္းပဲ ေၾကညာထားၿပီးသားေလ။ က်ေနာ္တို႔ လုပ္တယ္ဆိုတာ ႏိုင္ငံေတာ္အစိုးရရဲ႕ မူဝါဒ အတိုင္း လုပ္တာပဲေပါ့” ဟု ထပ္မံရွင္းျပသည္။ ဧၿပီလ၏ မီတာခက်သင့္ေငြမ်ားသည္ ယခင္လမ်ားထက္ ၂ ဆခန္႔ ပိုမိုကုန္က်ေနသျဖင့္ ယခုရက္ပိုင္းအတြင္း ျပည္သူလူထုက ေဝဖန္မႈမ်ားလည္း ရွိေနသည္။

အစိုးရပိုင္းက ထိုသို႔ ခ်က္ခ်င္းေျဖရွင္းေပးေနသည္ ဟု ေျပာၾကားေသာ္လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမ်ားတြင္ ျပည္သူမ်ား၏ Complaint ျပဳလုပ္မႈမ်ားကိုလည္း လွ်ပ္စစ္ဓာတ္အားေပးေရး အဖြဲ႕က ေသခ်ာစြာ ေျဖရွင္းေပးေနမႈ မရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေန ျပည္သူအခ်ိဳ႕က ေဝဖန္လ်က္ရွိသည္။ တာေမြၿမိဳ႕နယ္ သုခ လမ္းေနသူ ဦးမ်ိဳးျမင့္က “ဘာလို႔ အဲဒီေလာက္မ်ားေနလည္း ေမးဖို႔သြားတာ။ မီတာ႐ုံးတခုလုံး ကိုယ္လို လူေတြခ်ည္းပဲ။ မီတာပုံးကို ဓာတ္ပုံ႐ိုက္လာလား။ မ႐ိုက္လာရင္ ျပန္႐ိုက္ၿပီးမွလာ။ ႐ိုက္လာတဲ့သူက်ေတာ့ ယူနစ္ကေတာ့ မွန္ေနတယ္ ဖတ္တာ မမွားဘူး သုံးတာမ်ားလို႔။ အဲဒီစကားေတြပဲ လူတိုင္းကို ထပ္ခါထပ္ခါ ေျပာေနေတာ့ Complaint တက္လည္း ဘာထူးလို႔လဲ” ဟု ေျပာသည္။

“ပုံမွန္ ၅ ေသာင္းေလာက္က်တာကို အခုက ၁ သိန္း နီးပါး က်တယ္။ ကိုယ့္တအိမ္ထဲမွားေနလားလို႔ လိုက္ေမးၾကည့္ေတာ့ ပတ္ဝန္းက်င္အကုန္ အဲဒီလို က်ေနတယ္။ Stay Home ဆိုတာႀကီး အေၾကာင္းျပၿပီး ယူနစ္ ၂ ဆ တက္စရာ အေၾကာင္း မရွိဘူးေလ” ဟု ၎က ဆိုသည္။ ရန္ကုန္တိုင္းေဒသႀကီးလွ်ပ္စစ္ ဓာတ္အားေပးေရးအဖြဲ႕ YESC မွ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္သူက “ပိုဖတ္တာေတာ့ မျဖစ္ဘူးဗ်။ မီတာကေတာ့ ေတြ႕တဲ့ဂဏန္းကို ဖတ္ရတာ။ တခုေတာ့ရွိတယ္ Stay Home ေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ လူေတြလည္း အမ်ားစု အိမ္မွာေနၾကာတာကိုး” ဟု တုံ႔ျပန္ေျပာၾကားသည္။

ပုံမွန္ မီတာယူနစ္ ၂၀၀ ခန္႔ သုံးစြဲသူမ်ားက ၄၀၀ နီးပါး ျဖစ္ေနၿပီး ၄၀၀ သုံးစြဲသူက ၈၀၀ခန္႔၊ ၈၀၀ ဝန္းက်င္ သုံးစြဲသူက ယူနစ္ ၁၅၀၀ ခန္႔အထိ တေျပးညီ ႏွစ္ဆနီးပါး ယူနစ္ကုန္က်မႈအေပၚ လွ်ပ္စစ္ဓာတ္အားအဖြဲ႕၏ System အမွားအယြင္း သို႔မဟုတ္ တမင္တကာ ျပဳလုပ္သည္ဟု ျပည္သူလူထုအၾကား ေဝဖန္မႈမ်ား ရွိေန သည္။

မီတာခ နှစ်ဆကျော်၊ သုံးဆ တိုးမြှင့် …

ဒဂုံၿမိဳ႕နယ္ေန ေဒၚေအးေအးျမင့္က “ အိမ္ဆိုင္ေလးဖြင့္ၿပီး အရင္ ကတည္းက အိမ္မွာပဲေနတာ။ မီတာခ ေလွ်ာ့ေပးမယ္ဆို ေတာ့ ဟုတ္ၿပီေပါ့။ ပုံမွန္မီတာခ ၁၂၀၀၀ ေလာက္က်တာ ခုက သုံးေသာင္းနီးပါးဆိုေတာ့ ဘာထူးလို႔လဲ။ ေဈးဝယ္စင္တာ ေတြမွာ Discount ခ်သလိုပဲ ဟန္ေဆာင္ ပန္ေဆာင္နဲ႔” ဟု ေျပာသည္။ ဧၿပီလ ၁ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ သုံးစြဲခဲ့ေသာ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ ၁၅၀ ယူနစ္အထိ ကင္းလြတ္ခြင့္ျပဳခဲ့ၿပီး ေမလ ၁ ရက္ေန႔ ၁၅ ရက္ေန႔အထိ လွ်ပ္စစ္ဓာတ္အား သုံးစြဲမႈ ၇၅ ယူနစ္ အထိ ေငြေၾကးေကာက္ ခံမႈ ကင္းလြတ္ခြင့္ ျပဳမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားသည္။

ဧရာဝတီ

unicode

လျှပ် စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဝန်ကြီးဌာနမှ လစဉ် ကောက်ခံနေသော မီတာခကျသင့်ငွေကို သံသယရှိပါက တိုင်ကြား နိုင်ပြီး ချက်ချင်းဖြေရှင်း ပေးနေကြောင်း ယင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။ “မီတာခတွေ မြင့်တယ်ဆိုတာက ကိုယ့်မီတာမှာ ရှိနေတဲ့ ဘေလ် ကို စိတ်ထဲ သံသယရှိတယ်ဆိုရင် ချက်ချင်း Complaint တက်လို့ရတဲ့ Call Center တွေဖွင့်ထားပါတယ်။ မြို့နယ်ရုံးကိုလည်း ချက်ချင်းသွားပြီးဆက်သွယ်ရင် ချက်ချင်းလိုက် ဖြေရှင်း ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းကဆက်လက်ပြီး “ကိုယ်သုံး မှဖြစ်မှာလေ။ နဂိုကတည်းက ဒီနှုန်းပဲလေ။ အခုမှ နှုန်းသစ်သတ်မှတ်တာမှ မဟုတ်တာ ဟိုးအစကတည်းက ဒီနှုန်းလေ မီတာခတွေ ပြောင်းလဲကတည်းက ဒီနှုန်းပဲ ကြေညာထားပြီးသားလေ။ ကျနော်တို့ လုပ်တယ်ဆိုတာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒ အတိုင်း လုပ်တာပဲပေါ့” ဟု ထပ်မံရှင်းပြသည်။ ဧပြီလ၏ မီတာခကျသင့်ငွေများသည် ယခင်လများထက် ၂ ဆခန့် ပိုမိုကုန်ကျနေသဖြင့် ယခုရက်ပိုင်းအတွင်း ပြည်သူလူထုက ဝေဖန်မှုများလည်း ရှိနေသည်။

အစိုးရပိုင်းက ထိုသို့ ချက်ချင်းဖြေရှင်းပေးနေသည် ဟု ပြောကြားသော်လည်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများတွင် ပြည်သူများ၏ Complaint ပြုလုပ်မှုများကိုလည်း လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က သေချာစွာ ဖြေရှင်းပေးနေမှု မရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဝေဖန်လျက်ရှိသည်။ တာမွေမြို့နယ် သုခ လမ်းနေသူ ဦးမျိုးမြင့်က “ဘာလို့ အဲဒီလောက်များနေလည်း မေးဖို့သွားတာ။ မီတာရုံးတခုလုံး ကိုယ်လို လူတွေချည်းပဲ။ မီတာပုံးကို ဓာတ်ပုံရိုက်လာလား။ မရိုက်လာရင် ပြန်ရိုက်ပြီးမှလာ။ ရိုက်လာတဲ့သူကျတော့ ယူနစ်ကတော့ မှန်နေတယ် ဖတ်တာ မမှားဘူး သုံးတာများလို့။ အဲဒီစကားတွေပဲ လူတိုင်းကို ထပ်ခါထပ်ခါ ပြောနေတော့ Complaint တက်လည်း ဘာထူးလို့လဲ” ဟု ပြောသည်။

“ပုံမှန် ၅ သောင်းလောက်ကျတာကို အခုက ၁ သိန်း နီးပါး ကျတယ်။ ကိုယ့်တအိမ်ထဲမှားနေလားလို့ လိုက်မေးကြည့်တော့ ပတ်ဝန်းကျင်အကုန် အဲဒီလို ကျနေတယ်။ Stay Home ဆိုတာကြီး အကြောင်းပြပြီး ယူနစ် ၂ ဆ တက်စရာ အကြောင်း မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ YESC မှ အထွေထွေမန်နေဂျာ ဦးကျော်သူက “ပိုဖတ်တာတော့ မဖြစ်ဘူးဗျ။ မီတာကတော့ တွေ့တဲ့ဂဏန်းကို ဖတ်ရတာ။ တခုတော့ရှိတယ် Stay Home ကြောင့်လည်း ဖြစ်နိုင်တယ်။ လူတွေလည်း အများစု အိမ်မှာနေကြာတာကိုး” ဟု တုံ့ပြန်ပြောကြားသည်။

ပုံမှန် မီတာယူနစ် ၂၀၀ ခန့် သုံးစွဲသူများက ၄၀၀ နီးပါး ဖြစ်နေပြီး ၄၀၀ သုံးစွဲသူက ၈၀၀ခန့်၊ ၈၀၀ ဝန်းကျင် သုံးစွဲသူက ယူနစ် ၁၅၀၀ ခန့်အထိ တပြေးညီ နှစ်ဆနီးပါး ယူနစ်ကုန်ကျမှုအပေါ် လျှပ်စစ်ဓာတ်အားအဖွဲ့၏ System အမှားအယွင်း သို့မဟုတ် တမင်တကာ ပြုလုပ်သည်ဟု ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိနေ သည်။

မီတာခ နှဈဆကြောျ၊ သုံးဆ တိုးမွှင့ျ …

ဒဂုံမြို့နယ်နေ ဒေါ်အေးအေးမြင့်က “ အိမ်ဆိုင်လေးဖွင့်ပြီး အရင် ကတည်းက အိမ်မှာပဲနေတာ။ မီတာခ လျှော့ပေးမယ်ဆို တော့ ဟုတ်ပြီပေါ့။ ပုံမှန်မီတာခ ၁၂၀၀၀ လောက်ကျတာ ခုက သုံးသောင်းနီးပါးဆိုတော့ ဘာထူးလို့လဲ။ ဈေးဝယ်စင်တာ တွေမှာ Discount ချသလိုပဲ ဟန်ဆောင် ပန်ဆောင်နဲ့” ဟု ပြောသည်။ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးစွဲခဲ့သော အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး မေလ ၁ ရက်နေ့ ၁၅ ရက်နေ့အထိ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၇၅ ယူနစ် အထိ ငွေကြေးကောက် ခံမှု ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *

4 × 5 =