ျမန္မာေတြ အတု ယူသင့္တဲ့ တရုတ္ ကုန္သည္ တုိ႔ရဲ႕ စီးပြားေရး လွည့္ကြက္မ်ား

တေန႔ကေ႐ႊလီျမစ္ထဲ ေျပာင္းဖူးေတြသြန္ပစ္တဲ့ သတင္းေတြ ဖရဲသီးေတြ ေရာင္းမရလို႔ဆိုပီးဓါးနဲ႔ခုတ္ပီးလႊင့္ပစ္တဲ့ video ေတြတက္လာေတာ့ က်ေနာ္တ႐ုတ္ျပည္မွာ သြားေနခဲ့ဖူးတဲ့အခ်ိန္ကိုသတိရတယ္၊

တ႐ုတ္ေတြက စီးပြားေရးကို စီးပြားေရးလိုဘဲ လုပ္ပါတယ္ က်ေနာ့သူငယ္ခ်င္းေျပာဖူးတာက စီးပြားေရးမွာ အားနာတာတို႔ ကိုယ္ခ်င္းစာတာတို႔ သနားတာတို႔ သြားလုပ္ရင္‌ ေရရွည္မွာမြဲမွာတဲ့၊က်ေနာ္လဲ အဲ့စိတ္ေၾကာင့္မြဲခဲ့ဖူးပါတယ္၊ အဲ့ေနာက္ပိုင္း သိပ္မအားနာတတ္ေတာ့ပါ၊ ဘဝကသင္ေပးတယ္လို႔ဘဲ ေျပာရမွာပါ။

တ႐ုတ္ေတြက သီးႏွံေပၚခ်ိန္ဆို ျမန္မာျပည္ကေန အသီး အႏွံေတြ ကားအစင္းလိုက္ဝယ္ပါတယ္၊ ဖရဲသီး သရက္သီး ေျပာင္း အစုံဝယ္ပါတယ္ ဝယ္ဝယ္ျခင္းလဲေဈးကို ပုံမွန္ေပါက္ေဈးထက္ ေျမႇာက္ပီးဝယ္ပါတယ္၊ အဲ့လိုဝယ္လို႔ က်ယ္ေဂါင္ထဲမွာေရာ မူဆယ္မွာေရာ ဖရဲကား ေျပာင္းကား သရက္ကားေတြ ပုံေအာလာပီဆိုတာနဲ႔အဝယ္ခ်ပါေလေရာ

သီးႏွံကပုတ္ကုန္ပါ ဟိုအေၾကာင္းျပ ဒီအေၾကာင္းျပ အခ်ိန္ ဆြဲပါတယ္ ေနာက္ဆုံးကုန္သည္က စရိတ္ေထာင္း ဘယ္ေလာက္ေဈးနဲ႔ ရေအာင္ညႇိၿပီး ေအာက္ေဈးနဲ႔ေရာင္းရတာ ႏွစ္တိုင္းပါ။ တ႐ုတ္က အဲ့ထဲကေန သီးႏွံေတြကို အဆင့္ဆင့္ခြဲပီး အသီးလိုက္တမ်ိဳး စည္သြပ္ဗူးတမ်ဳိး ေဖ်ာ္ရည္တမ်ိဳး ယိုဘူးအမ်ိဳးမ်ိဳးေတြ ထုတ္လုပ္ပီး တံဆိပ္ လွလွေလးနဲ႔ အိပ္စပိုစ့္ျပန္လုပ္ပါတယ္၊ အေစ့ကို မ်ိဳးျပန္လုပ္ပါတယ္ ဘာမွ အေလအလႊင့္မရွိပါ၊ အဓိကနည္းပညာကို အသုံးခ်သြားပီး စီးပြားေရးလုပ္ၾကတာပါ၊

က်ေနာ့ သူငယ္ခ်င္းက ႀကံေပၚခ်ိန္ဆို ႀကံတကာေတြ ျမန္မာျပည္ကဝယ္ပါတယ္ သူလဲအဲ့လိုပါဘဲ ပထမ‌ေစ်းေကာင္းေပး ေနာက္ပုံလာရင္ ေလ်ာ့ဝယ္၊ ႀကိဳက္ရဲ႕သားနဲ႔ပစ္ထား ႀကံတကာေတြ ကားထဲအရည္ေပ်ာ္ ဂိုေထာင္ထဲအရည္ေပ်ာ္မွေအာက္ေဈးနဲ႔ဝယ္ပါတယ္။ ၿပီးရင္ သူ႔စက္႐ုံက သူတို႔ လင္မယား၂ေယာက္ဘဲ လုပ္တာပါ။

ျမန္မာ ႀကံတကာခဲေတြ ကို ေပါင္းအိုး ထဲျပန္ႀကိတ္ပီးေဖ်ာ္ပါတယ္ ၿပီးရင္ ခြၽတ္ေဆးေတြထည့္ နည္းပညာနဲ႔ စစ္လိုက္တဲ့အခါ ထြက္လာတဲ့ႀကံတကာ‌ေရေတြက အမဲမဟုတ္ဘဲ အျဖဴေတြျဖစ္လာပါတယ္ အဲ့ႀကံတကာေတြကို ပုံစံခြက္ထဲေလာင္းထည့္ပီး အေအးခန္းမွာ ခဲေအာင္လုပ္ၿပီးတာနဲ႔ ပလပ္စတိတ္ နဲ႔ လွလွပပ ပါကင္ျပန္ထုတ္ ဂ်ပ္ဖာထဲထည့္ပါကင္ပိတ္ပီး အိပ္စပိုစ္ျပန္ပို႔ပါတယ္။

ျမန္မာျပည္က ဝယ္တုန္းက ႀကံတကာက မဲမဲသဲသဲ ဝါး႐ြက္ နဲ႔ ထုပ္ထားတဲ့ႀကံတကာေတြက သူ႔ဆီကေနထြက္လာေရာ ျဖဴေဖြးသန႔္ရွင္းပီး ပါကင္ပိတ္ စားခ်င္စရာ ႀကံတကာ အဝိုင္းေလးေတြျဖစ္လာပါေလေရာ၊ နည္းပညာကြာသြားတဲ့အခါ ျမန္မာကေန မိတ္အင္ တ႐ုတ္ထုတ္ျဖစ္သြားခဲ့ပါတယ္။

အသားဗူးေတြလဲ ဒီလို ပါဘဲ၊ အခုခ်ိန္မွာ တ႐ုတ္ မ‌ေျပာနဲ႔ ဗီယက္နမ္တို႔ လာအိုတို႔‌ေတာင္ စည္သြပ္ဗူးေတြ ႏိုင္ငံျခားကို ပို႔ေနပါပီ ေျပာင္းဖူးေတြ သြန္ပစ္ ဖရဲသီးေတြ သြန္ပစ္လို႔ အစိုးရမေကာင္းဘူးလို႔မေျပာပါနဲ႔ လြန္ခဲ့တဲ့ႏွစ္၂၀ေလာက္ကတည္းက ေခာတ္မီဖြံၿဖိဳးေသာႏိုင္ငံေတာ္သစ္ဆီသို႔ဆိုပီး ဆိုင္းဘုတ္ အႀကီးႀကီးေတြ ၿမိဳ႕တကာ လမ္းတကာမွာ ေၾကာ္ျငာ ထားပီးသားပါ က်ေနာ္တို႔ကသာ ရွိတဲ့အထည္ခ်ဳပ္စက္႐ုံေလးေတာင္ အၿပိဳင္အဆိုင္ဆႏၵျပပီး လူ႔အခြင့္အေရးေတြေတာင္းဆိုေန‌ေတာ့ပိတ္ေျပးကုန္ပါေလေရာဗ်ာ။

J Ko Htay

unicode

မြန်မာတွေ အတု ယူသင့်တဲ့ တရုတ် ကုန်သည် တို့ရဲ့ စီးပွားရေး လှည့်ကွက်များ

တနေ့ကရွှေလီမြစ်ထဲ ပြောင်းဖူးတွေသွန်ပစ်တဲ့ သတင်းတွေ ဖရဲသီးတွေ ရောင်းမရလို့ဆိုပီးဓါးနဲ့ခုတ်ပီးလွှင့်ပစ်တဲ့ video တွေတက်လာတော့ ကျနော်တရုတ်ပြည်မှာ သွားနေခဲ့ဖူးတဲ့အချိန်ကိုသတိရတယ်၊

တရုတ်တွေက စီးပွားရေးကို စီးပွားရေးလိုဘဲ လုပ်ပါတယ် ကျနော့သူငယ်ချင်းပြောဖူးတာက စီးပွားရေးမှာ အားနာတာတို့ ကိုယ်ချင်းစာတာတို့ သနားတာတို့ သွားလုပ်ရင်‌ ရေရှည်မှာမွဲမှာတဲ့၊ကျနော်လဲ အဲ့စိတ်ကြောင့်မွဲခဲ့ဖူးပါတယ်၊ အဲ့နောက်ပိုင်း သိပ်မအားနာတတ်တော့ပါ၊ ဘဝကသင်ပေးတယ်လို့ဘဲ ပြောရမှာပါ။

တရုတ်တွေက သီးနှံပေါ်ချိန်ဆို မြန်မာပြည်ကနေ အသီး အနှံတွေ ကားအစင်းလိုက်ဝယ်ပါတယ်၊ ဖရဲသီး သရက်သီး ပြောင်း အစုံဝယ်ပါတယ် ဝယ်ဝယ်ခြင်းလဲဈေးကို ပုံမှန်ပေါက်ဈေးထက် မြှောက်ပီးဝယ်ပါတယ်၊ အဲ့လိုဝယ်လို့ ကျယ်ဂေါင်ထဲမှာရော မူဆယ်မှာရော ဖရဲကား ပြောင်းကား သရက်ကားတွေ ပုံအောလာပီဆိုတာနဲ့အဝယ်ချပါလေရော

သီးနှံကပုတ်ကုန်ပါ ဟိုအကြောင်းပြ ဒီအကြောင်းပြ အချိန် ဆွဲပါတယ် နောက်ဆုံးကုန်သည်က စရိတ်ထောင်း ဘယ်လောက်ဈေးနဲ့ ရအောင်ညှိပြီး အောက်ဈေးနဲ့ရောင်းရတာ နှစ်တိုင်းပါ။ တရုတ်က အဲ့ထဲကနေ သီးနှံတွေကို အဆင့်ဆင့်ခွဲပီး အသီးလိုက်တမျိုး စည်သွပ်ဗူးတမျိုး ဖျော်ရည်တမျိုး ယိုဘူးအမျိုးမျိုးတွေ ထုတ်လုပ်ပီး တံဆိပ် လှလှလေးနဲ့ အိပ်စပိုစ့်ပြန်လုပ်ပါတယ်၊ အစေ့ကို မျိုးပြန်လုပ်ပါတယ် ဘာမှ အလေအလွှင့်မရှိပါ၊ အဓိကနည်းပညာကို အသုံးချသွားပီး စီးပွားရေးလုပ်ကြတာပါ၊

ကျနော့ သူငယ်ချင်းက ကြံပေါ်ချိန်ဆို ကြံတကာတွေ မြန်မာပြည်ကဝယ်ပါတယ် သူလဲအဲ့လိုပါဘဲ ပထမ‌ဈေးကောင်းပေး နောက်ပုံလာရင် လျော့ဝယ်၊ ကြိုက်ရဲ့သားနဲ့ပစ်ထား ကြံတကာတွေ ကားထဲအရည်ပျော် ဂိုထောင်ထဲအရည်ပျော်မှအောက်ဈေးနဲ့ဝယ်ပါတယ်။ ပြီးရင် သူ့စက်ရုံက သူတို့ လင်မယား၂ယောက်ဘဲ လုပ်တာပါ။

မြန်မာ ကြံတကာခဲတွေ ကို ပေါင်းအိုး ထဲပြန်ကြိတ်ပီးဖျော်ပါတယ် ပြီးရင် ချွတ်ဆေးတွေထည့် နည်းပညာနဲ့ စစ်လိုက်တဲ့အခါ ထွက်လာတဲ့ကြံတကာ‌ရေတွေက အမဲမဟုတ်ဘဲ အဖြူတွေဖြစ်လာပါတယ် အဲ့ကြံတကာတွေကို ပုံစံခွက်ထဲလောင်းထည့်ပီး အအေးခန်းမှာ ခဲအောင်လုပ်ပြီးတာနဲ့ ပလပ်စတိတ် နဲ့ လှလှပပ ပါကင်ပြန်ထုတ် ဂျပ်ဖာထဲထည့်ပါကင်ပိတ်ပီး အိပ်စပိုစ်ပြန်ပို့ပါတယ်။

မြန်မာပြည်က ဝယ်တုန်းက ကြံတကာက မဲမဲသဲသဲ ဝါးရွက် နဲ့ ထုပ်ထားတဲ့ကြံတကာတွေက သူ့ဆီကနေထွက်လာရော ဖြူဖွေးသန့်ရှင်းပီး ပါကင်ပိတ် စားချင်စရာ ကြံတကာ အဝိုင်းလေးတွေဖြစ်လာပါလေရော၊ နည်းပညာကွာသွားတဲ့အခါ မြန်မာကနေ မိတ်အင် တရုတ်ထုတ်ဖြစ်သွားခဲ့ပါတယ်။

အသားဗူးတွေလဲ ဒီလို ပါဘဲ၊ အခုချိန်မှာ တရုတ် မ‌ပြောနဲ့ ဗီယက်နမ်တို့ လာအိုတို့‌တောင် စည်သွပ်ဗူးတွေ နိုင်ငံခြားကို ပို့နေပါပီ ပြောင်းဖူးတွေ သွန်ပစ် ဖရဲသီးတွေ သွန်ပစ်လို့ အစိုးရမကောင်းဘူးလို့မပြောပါနဲ့ လွန်ခဲ့တဲ့နှစ်၂၀လောက်ကတည်းက ခောတ်မီဖွံဖြိုးသောနိုင်ငံတော်သစ်ဆီသို့ဆိုပီး ဆိုင်းဘုတ် အကြီးကြီးတွေ မြို့တကာ လမ်းတကာမှာ ကြော်ငြာ ထားပီးသားပါ ကျနော်တို့ကသာ ရှိတဲ့အထည်ချုပ်စက်ရုံလေးတောင် အပြိုင်အဆိုင်ဆန္ဒပြပီး လူ့အခွင့်အရေးတွေတောင်းဆိုနေ‌တော့ပိတ်ပြေးကုန်ပါလေရောဗျာ။

J Ko Htay

Add a Comment

Your email address will not be published. Required fields are marked *

three × five =