အခုချိန်မှာကွက်ပြီးပျော်ရွှင်အောင်မြင်နေတဲ့ အနုပညာရှင်တွေကို ပညာသားပါပါ နဲ့ ဒဲ့ပြောလိုက်တဲ့ “ဖြူဖြူကျော်သိန်း”

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ အဆိုတော်ဖြူဖြူကျော်သိန်းက ယခုချိန်မှာ ကွက်ပြီး ပျော်ရွှင် အောင်မြင်နေတဲ့ အနုပညာရှင်တွေကို ပညာသားပါပါနဲ့အခုလို ဒဲ့ပြောလာ ခဲ့ပါတယ်နော်။

အဆိုတော်ဖြူဖြူကျော်သိန်းက 2023 New Year Resolution ၊ ဆရာဝန်စစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲ ဖြစ်ချင်တယ်၊ အဆိုတော်စစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်၊ အနုပညာသမားစစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်၊ ပညာတတ်စစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်၊ ဘာလို့ဆို လူစစ်စစ် အရင်မဖြစ်ပဲ ဘာစစ်စစ်မှ ဆက်ဖြစ်လို့မရလို့။

ဒါဆို လူစစ်စစ်ဖြစ်ဖို့ ဘာလိုလဲ တဲ့ ဟုတ်လား၊ အေ ကိုယ်ချင်းစာတရားရှိတဲ့ လူစိတ်စစ်စစ်လိုတယ်၊ တတိုင်းပြည်လုံးမျက်ရည် ပေါက်ကြီးငယ်ကျနေချိန်မှာ ကိုယ်တစ်ယောက်တည်းကွက်ပျော်ရွှင်အောင်မြင်နေရတာကို ရှက်တတ်တဲ့ ဟီရိဩတ္တပ္ပတရားစစ်စစ်လိုတယ်၊ ဒါပါပဲ၊ အဲ့ဒီ ၂ ခုမရှိပဲနဲ့တော့ ဘာစစ်စစ်မှ ဆက်ဖြစ်လာမှာမဟုတ်ဘူး မပူနဲ့ဖဘ ဖုတ်ကောင်တွေပဲဖြစ်သွားကြမှာ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

crd

zawgyi




crd