ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်အတွဲလေးကတော့ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဝါသနာပါရာ အနူပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေကြသူတွေပါ။ သူတို့ရဲ့သမီးလေးတွေဟာလည်း ပရိသတ်တွေ သာမကပဲ အနုပညာရှင်များကပါ ချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။ အိမ်ထောင်သက် (၉) နှစ်နီးပါးရှိနေပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက နိုင်ငံရေးပြဿနာတွေကြောင့် သူတို့ရဲ့သမီးလေးတွေနဲ့အတူတူ နေရာဒေသအသစ်မှာ တိမ်းရှောင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။
မနေ့ကလို နှစ်သစ်ကူးအချိန်အခါမှာလည်း ချစ်သုဝေက သူများပျော်သလို ပျော်မနေဘူးလို့ အခုလိုပဲပြောလာပါတယ်။ချစ်သုဝေက “ဒီလိုပါပဲ တရက်ပြီး တရက်သာ တွေးပြီးဖြတ်သန်းနေတော့ မွေးနေ့ရယ်လည်းရင်မခုန် anniversaryဆိုတာလည်းမရှိ new yearတွေလည်းမပျော်ချင်တော့ပါဘူး။ ကိုယ်မျှော် နေတဲ့ တနေ့ မရောက်မချင်း ကိုယ့်မြေကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်church ကိုယ့်မိတ်ဆွေရင်းတွေကို လွမ်းစိတ် ဖြတ်သန်းခဲ့ရသမျှနာကျင်စိတ်တွေကို ဘယ်ပျော်စရာ ဘယ်ရင်ခုန်မှူကမှ မလွှမ်းမိုးနိုင်တော့တာကိုး “2023” ဟာ အားကုန်ရုန်းရမယ့် အဆုံးအဖြတ်နှစ်မို့ အားလုံး ရုန်းကြရအောင်💪💪💪 အိမ်ပြန်ချင်တယ်😔😔😔
မြေပြင်ကသူတွေ အိမ်နဲ့ဝေးသူတွေလည်း အိမ်ပြန်စေချင်တယ်။ ပြီးတော့. တနေ့ ဖြတ်သန်းခဲ့သမျှနာကျင်မှုတွေကနေ လှပတဲ့ငါတို့ရေးတဲ့ သမိုင်းအကြောင်းတွေပြောပြီး စိတ်လွတ်လက်လွတ် ရယ်မောချင်တယ်🕊🕊🕊” ဆိုပြီး ရင်ဖွင့်လာပါတယ်။ချစ်သုဝေကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်မောပျော်ရွှင်ရမယ့် အချိန်မရောက်မချင်း ဘယ်လိုနေ့မျိုးမဆို မပျော်တော့တဲ့အကြောင်းကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ပြန်ချင်နေတဲ့ ချစ်သုဝေလည်း အမြန်ဆုံး အိမ်ပြန်ခွင့်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Chit Thu Wai’s fb
zawgyi
ပရိသတ္ေတြသာမကပဲ အႏုပညာရွင္မ်ားကပါ ခ်စ္ခင္အားေပးၾကတဲ့ အႏုပညာရွင္အတြဲေလးကေတာ့ လင္းလင္းနဲ႔ခ်စ္သုေဝတို႔ဇနီးေမာင္ႏွံပဲ ျဖစ္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံဟာ ဝါသနာပါရာ အႏူပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္ေနၾကသူေတြပါ။ သူတို႔ရဲ႕သမီးေလးေတြဟာလည္း ပရိသတ္ေတြ သာမကပဲ အႏုပညာရွင္မ်ားကပါ ခ်စ္ခင္ၾကတာလည္း ျဖစ္ပါတယ္။ အိမ္ေထာင္သက္ (၉) ႏွစ္နီးပါးရွိေနၿပီျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ႏိုင္ငံေရးျပႆနာေတြေၾကာင့္ သူတို႔ရဲ႕သမီးေလးေတြနဲ႔အတူတူ ေနရာေဒသအသစ္မွာ တိမ္းေရွာင္ေနခဲ့ရတာပဲ ျဖစ္ပါတယ္။
မေန႔ကလို ႏွစ္သစ္ကူးအခ်ိန္အခါမွာလည္း ခ်စ္သုေဝက သူမ်ားေပ်ာ္သလို ေပ်ာ္မေနဘူးလို႔ အခုလိုပဲေျပာလာပါတယ္။ခ်စ္သုေဝက “ဒီလိုပါပဲ တရက္ၿပီး တရက္သာ ေတြးၿပီးျဖတ္သန္းေနေတာ့ ေမြးေန႔ရယ္လည္းရင္မခုန္ anniversaryဆိုတာလည္းမရွိ new yearေတြလည္းမေပ်ာ္ခ်င္ေတာ့ပါဘူး။ ကိုယ္ေမွ်ာ္ ေနတဲ့ တေန႔ မေရာက္မခ်င္း ကိုယ့္ေျမကိုယ့္ေနရာ ကိုယ့္ပတ္ဝန္းက်င္ ကိုယ့္church ကိုယ့္မိတ္ေဆြရင္းေတြကို လြမ္းစိတ္ ျဖတ္သန္းခဲ့ရသမွ်နာက်င္စိတ္ေတြကို ဘယ္ေပ်ာ္စရာ ဘယ္ရင္ခုန္မႉကမွ မလႊမ္းမိုးႏိုင္ေတာ့တာကိုး “2023” ဟာ အားကုန္႐ုန္းရမယ့္ အဆုံးအျဖတ္ႏွစ္မို႔ အားလုံး ႐ုန္းၾကရေအာင္💪💪💪 အိမ္ျပန္ခ်င္တယ္😔😔😔
ေျမျပင္ကသူေတြ အိမ္နဲ႔ေဝးသူေတြလည္း အိမ္ျပန္ေစခ်င္တယ္။ ၿပီးေတာ့. တေန႔ ျဖတ္သန္းခဲ့သမွ်နာက်င္မႈေတြကေန လွပတဲ့ငါတို႔ေရးတဲ့ သမိုင္းအေၾကာင္းေတြေျပာၿပီး စိတ္လြတ္လက္လြတ္ ရယ္ေမာခ်င္တယ္🕊🕊🕊” ဆိုၿပီး ရင္ဖြင့္လာပါတယ္။ခ်စ္သုေဝကေတာ့ စိတ္လြတ္ကိုယ္လြတ္ ရယ္ေမာေပ်ာ္႐ႊင္ရမယ့္ အခ်ိန္မေရာက္မခ်င္း ဘယ္လိုေန႔မ်ိဳးမဆို မေပ်ာ္ေတာ့တဲ့အေၾကာင္းကို ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ အိမ္ျပန္ခ်င္ေနတဲ့ ခ်စ္သုေဝလည္း အျမန္ဆုံး အိမ္ျပန္ခြင့္ရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Chit Thu Wai’s fb