ပရိသတ်တွေ မသိသေးတဲ့ သူ့ရဲ့ အားနည်းချက်တွေ ကိုပြောပြ ခဲ့တဲ့ ဖြူဖြူကျော်သိန်း





unicode

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်း ကတော့ ပရိသတ်အချစ်တော် အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်သူတစ်ယောက်ဖြစ်တာကြောင့် ဖက်ရှင်ဘုရင်မတစ်ပါးလို့တောင် တင်စားခေါ်ဝေါ်ခြင်းကိုခံနေရ ပါတယ်။ အသံပါဝါအားကာင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတဲ့နေရာ မှာလည်း ပရိသတ်တွေရင်ထဲရောက်အောင် ပို့ပေးနိုင်ပြီး တေးစီးရီးအယ်ဘမ်တော်တော်များများကိုလည်း ထွက်ရှိအောင်မြင်ထားပါတယ်။ လတ်တလောမှာလည်း Covid-19 ရောဂါကြောင့် စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် မျှော်လင့်ချက်တွေပြည့်နေတဲ့စာသားလေးတွေနဲ့ moti ပေးထားတဲ့သီချင်းသစ်လေး တစ်ပုဒ် ထွက်ရှိပါတယ်။

ဒီနေ့မှာတော့ ဖြူဖြူကျော်သိန်းက ပရိသတ်တွေ မသိသေးတဲ့ သူ့ရဲ့အားနည်းချက်တွေကိုပြောပြခဲ့ပါတယ်။ အဲဒီအကြောင်းလေး ကိုတော့ “ဒီပုံထဲမှာတွေ့ရတဲ့ဖြူဖြူ့ရဲ့ အားနည်းချက်လေးတွေချရေးပြကြည့်မယ်နော် နဖူးလေးကျယ်တယ် ဒါမယ့်မွေးမွေးပေးဖို့ချဲ့ထားတာမလို့အားကျ သင့်ပါတယ် မျက်ကွင်းလေးတွေညိုတယ် ဒါမယ့်ပန်ဒါလေးလိုချစ်ဖို့ကောင်းတာမို့ ခွင့်လွှတ်သင့်ပါတယ် မျက်ခုံးနှစ်ခုကြားအတွန့်လေးရှိတယ်ဒါမယ့် စဉ်းစားတွေးခေါ်မြော်မြင်တတ်တဲ့မိန်းကလေးတွေမှာဖြစ်တတ်တာမို့တန်ဖိုးထားသင့်ပါတယ် ဝက်ခြံလေးတွေထွက်နေတယ် ဒါမယ့်ကြားဖူးတာတစ်ခုရှိတယ် ဝက်ခြံဆိုတာအပျိုလေးတွေမှာထွက်တတ်တယ်တဲ့ ပါးဖောင်းလွန်းတယ် ဒါမယ့်ခဏခဏမွေးမွေးပေးခံရရင်(ဓာတ်ပုံကိုပဲဖြစ်ဖြစ် ပေါ့ညော်)အာ့လိုဖဲဖြစ်တတ်တာမို့နားလည်ပေးသင့်ပါတယ် လက်မှာပတ်တီးလေး စည်းထားရတယ် ဒါမယ့်မောင့်အတွက်မုန့်မုန့်တွေစမ်းလုပ်ရင်းဖြစ်ရတာမို့ဂုဏ်ယူမိပါတယ်

အသားလေးညိုတယ် ဒါမယ့်ကိုကိုချစ်တဲ့အရောင်လေးမို့အားနည်းချက် လို့လုံးဝမထင်မိပါဝူးကွယ် အော် အရေးကြီးတာလေးကျန်ခဲ့တော့မလို့ မျက်လုံးလေးတွေချိုင့်နေတယ် ဒါလင်ပြန်လာမယ့်ရက်ကိုစောင့်စားရင်းလွမ်းပြီးအိပ်မရလို့ပါကွယ် ကဲကဲ…ချစ်တို့ကိုလည်းကိုယ့်အားနည်းချက်လေးတွေကိုခုလိုအကောင်းမြင်မှုလေးတွေ နဲ့တွဲရေးကြည့်ကြဖို့ဖြူဖြူက challenge လုပ်လိုက်ပါတယ်”ဆိုပြီးရေးသားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဖြူဖြူကိုချစ်ရင်တစ်ခုခုပောပြခဲ့ဦးနော်…။

Source:Phyuphyukyawthein