ချစ်စရာကောင်းပြီး အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသမီးလေး ဆုမြတ်နိုးဦးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူ တစ်ယောက်ပါ။ ဆုမြတ်နိုးဦးကတော့ သရုပ်ဆောင်မင်းသမီး တစ်ယောက်ဆိုပေမယ့် ပေါ့ပေါ့ပါးပါးနေထိုင်တတ်ပြီး ပျော်တတ်သူ တစ်ယောက်ပဲဖြစ်ပါတယ်။
အထူးသဖြင့် သရုပ်ဆောင်ကျော်ကျော်နဲ့ဆိုရင် ပြောမနာဆိုမနာခင်မင် ရင်းနှီးကြတာပဲဖြစ်ပါတယ်။ကျော်ကျော်ကတော့ ပျော်တတ်သူတစ်ယောက်ပီပီ သူ့ရဲ့အနီးအနားမှာ ရှိသူတိုင်းကို စနောက်ကျီစယ်လေ့ရှိပြီး အထူးသဖြင့် ဆုမြတ်နိုးဦးကို ဗီဒီယိုလေးတွေရိုက်ပြီး ဆေးထိုးလေ့ရှိတာပဲဖြစ်ပါတယ်။
ကျော်ကျော်ကတော့ ဆုမြတ်နိုးဦးနဲ့ ချစ်သူတွေ ဖြစ်နေကြပြီး ပရိသတ်တွေကို တရားဝင်ချပြထားတာလည်း ဖြစ်ပါတယ်။ဒီနေ့မှာတော့ ကျော်ကျော်က မကြာခင်လက်ထပ်တော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ် ကြည့်နေတဲ့ ပရိသတ်တွေ တစ်ယောက် တစ်သောင်းလက်ဖွဲ့ရင်တော့ မဂ်ဆောင်ဖြစ်မယ်ဆိုပြီး ပြောလာတာလည်း ဖြစ်ပါတယ်။
Video Credit ; Duwun Cele Yatkwat
zawgyi