ေလဖိ အားနည္း ရပ္ဝန္း ပိုအားေကာင္း လာၿပီး ယေန႔ည ဆိုင္ကလုန္း မုန္တိုင္း အဆင့္ ေရာက္ရွိႏိုင္

ေလဖိ အားနည္း ရပ္ဝန္း ပိုအားေကာင္း လာၿပီး ယေန႔ည ဆိုင္ကလုန္း မုန္တိုင္း အဆင့္ ေရာက္ရွိႏိုင္

ဒီေန႔မနက္ ၆ နာရီခြဲ တိုင္းတာခ်က္အရ ဘဂၤလား ပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္း ရပ္ဝန္းဟာ ပိုမိုအားေကာင္းလာၿပီး ၆ နာရီအတြင္း မုန္တိုင္းငယ္ အဆင့္နဲ႔ ဒီေန႔ညပိုင္းမွာ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ ေရာက္ရွိႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

အဆိုပါ ေလဖိ အားနည္းရပ္ဝန္းဟာ မုန္တိုင္းငယ္ အဆင့္ ေရာက္ရွိၿပီးေနာက္ ေမ ၁၇ ရက္ေန႔ ေနာက္ပိုင္းမွာ ေျမာက္-အေရွ႕ေျမာက္ဘက္ကို ေကြ႕ၿပီး ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းကို ေ႐ြ႕လ်ားႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ဒီေန႔ညေနအထိ ခန႔္မွန္းခ်က္အရ စစ္ကိုင္းတိုင္း အထက္ပိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း နဲ႔ အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမွာျဖစ္ၿပီး က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းမယ္ လို႔ ဆိုပါတယ္။

Cyclone Roanu set to hit Myanmar | Mizzima Myanmar News and Insight

ျမန္မာ့ပင္လယ္ျပင္အေျခအေန ကေတာ့ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ လႈိင္းအျမင့္ ၅ ေပမွ ၇ ေပခန႔္ ရွိႏိုင္ပါတယ္။ ေနာက္ ၂ ရက္မွာလည္း ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္။

ဒီဗြီဘီ

unicode

လေဖိ အားနည်း ရပ်ဝန်း ပိုအားကောင်း လာပြီး ယနေ့ည ဆိုင်ကလုန်း မုန်တိုင်း အဆင့် ရောက်ရှိနိုင်

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၆ နာရီအတွင်း မုန်တိုင်းငယ် အဆင့်နဲ့ ဒီနေ့ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အဆိုပါ လေဖိ အားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ် အဆင့် ရောက်ရှိပြီးနောက် မေ ၁၇ ရက်နေ့ နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်ကို ကွေ့ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း နဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ် လို့ ဆိုပါတယ်။

Cyclone Roanu set to hit Myanmar | Mizzima Myanmar News and Insight

မြန်မာ့ပင်လယ်ပြင်အခြေအနေ ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်မှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *

fourteen + 14 =