အေမရိကန္ ထိပ္တန္းေဆး ပညာရွင္ႏွင့္ သိပၸံ ပညာရွင္မ်ား ရုတ္တရက္ ထူးဆန္းစြာေပ်ာက္ဆံုးေန

အေမရိကန္ ထိပ္တန္းေဆး ပညာရွင္ႏွင့္ သိပၸံ ပညာရွင္မ်ား ရုတ္တရက္ ထူးဆန္းစြာေပ်ာက္ဆံုးေန

တုိက္ဆုိက္မႈလား…အေၾကာင္းကိစၥတခု ရွိလုိ႔လား…ေသခ်ာ တာကေတာ့ ပညာရွင္ေတြ ေပ်ာက္ဆံုးေနတာပါပဲ…

အေမရိကန္အစိုးရဟာ ႏိုင္ငံ စီးပြားေရး ျပန္ဖြင့္ႏိုင္ဖို႔အတြက္ ဆက္သြယ္ေရး အခ်က္အလက္ေတြ ကို ထိန္းခ်ဳပ္ႏိုင္ ဖို႔ ႀကိဳးစားေနၿပီး၊ သတင္းစကားထုတ္ျပန္မႈေတြကိုလည္း အာ႐ုံစိုက္ေနစဥ္အခ်ိန္အတြင္းမွာပဲ ႏိုင္ငံရဲ႕အထင္ကရ ထိပ္တန္းေဆးပညာရွင္ေတြနဲ႔ သိပၸံပညာရွင္ေတြဟာ သတင္း႐ုပ္သံ ေတြ႕ဆုံေမးျမန္းမႈေတြကေန ေပ်ာက္ကြယ္ေနတယ္ လို႔ အခုလ(၁၄)ရက္က ေဖာ္ျပထားပါတယ္။

အေမရိကန္ အစိုးရက ဖြဲ႕စည္းထားတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးနဲ႔ တန္ျပန္ေရး အထူးတာဝန္အဖြဲ႕မွာ ပါဝင္တဲ့ ေဒါက္တာ Deborah Birx ဟာ လြန္ခဲ့တဲ့တစ္ပတ္ ေမလ(၇) ရက္ေန႔က ႐ုပ္သံေမးျမန္းမႈမွာ ေနာက္ဆုံး ထြက္ေပၚလာခဲ့ပါတယ္။

အဲဒီမတိုင္ခင္ကလည္း နာမည္ေက်ာ္ထိပ္တန္းေဆး ပညာရွင္ ေဒါက္တာ Anthony Fauci ဟာ ေမလ(၄)ရက္ေန႔က အင္တာဗ်ဴးတစ္ခုမွာ ထြက္ေပၚလာတာ ရွိခဲ့ဖူးပါတယ္။ အဲဒီေနာက္မွာပိုင္းမွာေတာ့ အထင္ကရ ေဆးပညာရွင္ေတြဟာ သတင္း႐ုပ္သံေတြ႕ဆုံေမးျမန္းမႈေတြကေန ေပ်ာက္ကြယ္ေန ခဲ့တာျဖစ္ပါတယ္။

ေရာဂါဘယ ထိန္းခ်ဳပ္ေရး နဲ႔ကာကြယ္ေရးစင္တာက ၫႊန္ၾကားေရးမႉးျဖစ္သူ ေဒါက္တာ Robert Redfield ဟာ ႐ုပ္သံေမးျမန္းမႈေတြကေန ဧၿပီလ(၁၇)ရက္ေန႔ကတည္းက ေပ်ာက္ကြယ္ေနခဲ့ပါတယ္။

အစားအစာနဲ႔ေဆးဝါးဦးစီးဌာနက ေကာ္မရွင္နာ ေဒါက္တာ Stephen Hahn ဟာလည္း ႐ုပ္သံေမးျမန္းမႈေတြ ကေန ဧၿပီလ(၂၈)ရက္ေန႔ကတည္းက ေပ်ာက္ကြယ္ေနခဲ့ပါတယ္။အလားတူ surgeon general ျဖစ္သူ ေဒါက္တာ Jerome Adams ဟာလည္း ဧၿပီလ(၁၇)ရက္ေန႔ကတည္းက ႐ုပ္သံေမးျမန္းမႈ ကေန ေပ်ာက္ကြယ္ေနခဲ့ပါတယ္။

အခု ေဖာ္ျပခဲ့တဲ့ ပညာရွင္ ငါးဦးစလုံးဟာ အေမရိကန္အစိုးရရဲ႕ ကို႐ိုနာ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး နဲ႔ တန္ျပန္ေရးအထူးအဖြဲ႕ထဲမွာ ပါဝင္ေနသူေတြျဖစ္ၾက ပါတယ္။ Fauci ၊ Redfield နဲ႔ Hahn တို႔ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိသူေတြနဲ႔ ထိေတြ႕မႈရွိခဲ့တာေၾကာင့္ အခုရက္ သတၱပတ္အေစာပိုင္းက Q ဝင္ေနရတယ္လို႔ ဆိုပါတယ္။

အခုလိုမ်ိဳး အထင္ကရ ေဆးပညာရွင္ေတြ သတင္း႐ုပ္သံေတြ႕ဆုံေမးျမန္းမႈေတြကေန လတ္တေလာေပ်ာက္ကြယ္ေနတာဟာ အမ်ားျပည္သူေတြအေနနဲ႔ အနာဂတ္မွာ ဒီပညာရွင္ေတြကို ႐ုပ္သံေတြ႕ဆုံေမးျမန္းမႈေတြမွာ မျမင္ေတြ႕ရေတာ့မယ့္ သေဘာမ်ိဳး မဟုတ္ဘူးလို႔ေတာ့ အိမ္ျဖဴေတာ္က ေျပာၾကားသြား ခဲ့ပါတယ္။

crd : whitesone

unicode

အမေရိကန် ထိပ်တန်းဆေး ပညာရှင်နှင့် သိပ္ပံ ပညာရှင်များ ရုတ်တရက် ထူးဆန်းစွာပျောက်ဆုံးနေ

တိုက်ဆိုက်မှုလား…အကြောင်းကိစ္စတခု ရှိလို့လား…သေချာ တာကတော့ ပညာရှင်တွေ ပျောက်ဆုံးနေတာပါပဲ…

အမေရိကန်အစိုးရဟာ နိုင်ငံ စီးပွားရေး ပြန်ဖွင့်နိုင်ဖို့အတွက် ဆက်သွယ်ရေး အချက်အလက်တွေ ကို ထိန်းချုပ်နိုင် ဖို့ ကြိုးစားနေပြီး၊ သတင်းစကားထုတ်ပြန်မှုတွေကိုလည်း အာရုံစိုက်နေစဉ်အချိန်အတွင်းမှာပဲ နိုင်ငံရဲ့အထင်ကရ ထိပ်တန်းဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ သတင်းရုပ်သံ တွေ့ဆုံမေးမြန်းမှုတွေကနေ ပျောက်ကွယ်နေတယ် လို့ အခုလ(၁၄)ရက်က ဖော်ပြထားပါတယ်။

အမေရိကန် အစိုးရက ဖွဲ့စည်းထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ တန်ပြန်ရေး အထူးတာဝန်အဖွဲ့မှာ ပါဝင်တဲ့ ဒေါက်တာ Deborah Birx ဟာ လွန်ခဲ့တဲ့တစ်ပတ် မေလ(၇) ရက်နေ့က ရုပ်သံမေးမြန်းမှုမှာ နောက်ဆုံး ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီမတိုင်ခင်ကလည်း နာမည်ကျော်ထိပ်တန်းဆေး ပညာရှင် ဒေါက်တာ Anthony Fauci ဟာ မေလ(၄)ရက်နေ့က အင်တာဗျူးတစ်ခုမှာ ထွက်ပေါ်လာတာ ရှိခဲ့ဖူးပါတယ်။ အဲဒီနောက်မှာပိုင်းမှာတော့ အထင်ကရ ဆေးပညာရှင်တွေဟာ သတင်းရုပ်သံတွေ့ဆုံမေးမြန်းမှုတွေကနေ ပျောက်ကွယ်နေ ခဲ့တာဖြစ်ပါတယ်။

ရောဂါဘယ ထိန်းချုပ်ရေး နဲ့ကာကွယ်ရေးစင်တာက ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ Robert Redfield ဟာ ရုပ်သံမေးမြန်းမှုတွေကနေ ဧပြီလ(၁၇)ရက်နေ့ကတည်းက ပျောက်ကွယ်နေခဲ့ပါတယ်။

အစားအစာနဲ့ဆေးဝါးဦးစီးဌာနက ကော်မရှင်နာ ဒေါက်တာ Stephen Hahn ဟာလည်း ရုပ်သံမေးမြန်းမှုတွေ ကနေ ဧပြီလ(၂၈)ရက်နေ့ကတည်းက ပျောက်ကွယ်နေခဲ့ပါတယ်။အလားတူ surgeon general ဖြစ်သူ ဒေါက်တာ Jerome Adams ဟာလည်း ဧပြီလ(၁၇)ရက်နေ့ကတည်းက ရုပ်သံမေးမြန်းမှု ကနေ ပျောက်ကွယ်နေခဲ့ပါတယ်။

အခု ဖော်ပြခဲ့တဲ့ ပညာရှင် ငါးဦးစလုံးဟာ အမေရိကန်အစိုးရရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး နဲ့ တန်ပြန်ရေးအထူးအဖွဲ့ထဲမှာ ပါဝင်နေသူတွေဖြစ်ကြ ပါတယ်။ Fauci ၊ Redfield နဲ့ Hahn တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတွေနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် အခုရက် သတ္တပတ်အစောပိုင်းက Q ဝင်နေရတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး အထင်ကရ ဆေးပညာရှင်တွေ သတင်းရုပ်သံတွေ့ဆုံမေးမြန်းမှုတွေကနေ လတ်တလောပျောက်ကွယ်နေတာဟာ အများပြည်သူတွေအနေနဲ့ အနာဂတ်မှာ ဒီပညာရှင်တွေကို ရုပ်သံတွေ့ဆုံမေးမြန်းမှုတွေမှာ မမြင်တွေ့ရတော့မယ့် သဘောမျိုး မဟုတ်ဘူးလို့တော့ အိမ်ဖြူတော်က ပြောကြားသွား ခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 17 =