အခု ခေတ်မှာ RETRO TREND ပြန်ထလာတော့ ကျမအတွက် ကွတ်တိပဲ ဆိုပြီး အရမ်း ကို မိုက်နေတဲ့ ပတ်ထရစ်ရှာ

ပက်ထရစ်ရှာ ကတော့ နိုင်ငံခြားသူလေးလား ထင်ရ လောက်အောင် ချောမောလှပတဲ့ မျက်နှာ အမူအရာလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူမကတော့ နာမည်ကြီး မော်ဒယ်လ် တစ်ယောက် ဖြစ်ရုံသာမက သရုပ်ဆောင်အပိုင်းကိုပါ အတော်လေး ကျွမ်းကျင်ပိုင်နိုင်မှု ရှိတာပဲ ဖြစ်ပါတယ်။ သူမ ကတော့ မိန်းကလေးတိုင်း အားကျရတဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုကို တခဲနပ်ရရှိနေတာပဲ ဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း ကို ပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ရှာကတော့ ခန္ဓာကိုယ် ရဲ့ အမိုက်စား ကောက်ကြောင်းနဲ့ သွယ်လှနေတာကြောင့် ပုရိသတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစား အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ တခါတလေမှာလည်း ဟာသဆန်ဆန် ဗီဒီယိုလေးဆွေ ရိုက်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင် စေချင်သော သဘောဖြင့် ချပြကာ ပရိသတ်တွေရဲ့အချစ်တွေကိုရယူထားပါသေးတယ်။ မကြာမကြာမှာလည်း အမိုက်စား ဖက်ရှင်တွေ ဝတ်ပြီး မြင်သူတိုင်းရဲ့ အသည်းကို ခြွေစေလောက်တဲ့ အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိ ရိုက်ထားတဲ့ ပုံလေးတွေကိုဖော်ပြလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုအခါမှာလည်းမြင်နေကျပုံစံ မဟုတ်တဲ့ တစ်ဇိုင်း တစ်မျိုးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ ကို ချပြလာတာပဲ ဖြစ်ပါတယ်။ ပက်ထရစ်ရှာရဲ့ မာမီတို့ ခေတ်တုန်းက ခေတ်စားခဲ့တဲ့ မျက်မှန်လေးကို တပ်ပြီးခပ်မိုက်မိုက်ပို့စ်လေးတွေ ပေးကာ ” မာမီ သူ့ခေတ်တုန်းက ဝတ်ခဲ့တဲ့မျက်မှန်က အခုခေတ် မှာ retro trend ပြန်ထ တော့ကွက်တိပဲ ကျမ retro စစ်စစ်ကိုဝတ်ရတယ် ကိုယ်တွေခေတ်မှာရှိုးထုတ်တဲ့ accessories တစ်ချို့ကိုလည်း သိမ်းထားပါ ကိုယ်တွေမွေးတဲ့ကလေးတွေအရွယ်ရောက်လာတဲ့အခါ ကိုယ်တွေခေတ်တုန်းက fashion တွေလည်း retro style ဆိုပြီး ပြန် trend ဦးမှာ အသေအချာပဲ “ဆိုတဲ့ ခေါင်းစဥ်လေးတပ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်….။

Photo Crd – Patricia Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

10 + eight =