အေမရိကန္ေတြ ကိုရိုနာ ဗိုင္းရပ္စ္ ကို ႀကိဳတင္ သိရိွေနခဲ့တဲ့ ေမးခြန္း ထုတ္စရာ ျဖစ္ရပ္

အေမရိကန္ေထာက္လွမ္းေရးေတြ ကိုရိုနာ ဗိုင္းရပ္စ္ကို ႀကိဳတင္ သိရိွေနခဲ့တဲ့ ေမးခြန္း ထုတ္စရာ ျဖစ္ရပ္…

အေမရိကန္ အထက္ လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီ ဥကၠဌ ရစ္ခ်တ္ဘားရဲ႕ ဆဲလ္ဖံုး ကို FBI က သိမ္းဆည္းလိုက္တယ္။ သူ႔ကို စံုစမ္းစစ္ေဆးပါမယ္။

အေၾကာင္းကေတာ့ ရစ္ခ်တ္ဘား ဟာ ေဖေဖၚဝါရီလ ထဲမွာ သူ႔ရဲ႕စေတာ့ရွယ္ယာေတြကို ေရာင္းခ်ခဲ့ပါတယ္။ Dow Jones Industrial ရဲ႕ ေစ်းအျမင့္ဆံုးရတဲ့ အခ်ိန္မွာ ေရာင္းခဲ့တာ ျဖစ္တယ္။ ေနာက္တပတ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အႏၲရာယ္ကို စိုးရိမ္လာၾကတဲ့အတြက္ စေတာ့ရွယ္ယာ ေစ်းေတြ ထိုးက် သြားပါတယ္။

အေမရိကန္သမၼတ အိုဘားမား လက္ထက္ (၂၀၁၂) မွာ စေတာ့ရွယ္ယာ ဥပေဒသစ္ကို ျပဌာန္း ခဲ့တယ္။ ဆီးနိတ္ေထာက္လွမ္းေရးေကာ္မတီဟာ ျပည္သူေတြ မသိေသးတဲ့ လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကို အသံုးျပဳၿပီး စေတာ့ရွယ္ယာ ဝင္ကစားတာမ်ိဳး ကိုယ္က်ိဳးရွာတာမ်ိဳး မလုပ္ရဘူး လို႔ ဆို ပါတယ္။

ရစ္ခ်တ္ဘား အေပၚ စံုစမ္းစစ္ေဆးမႈေတြ လုပ္လာေတာ့ ေမးခြန္းတခု ေရာက္လာတယ္။ ဆီးနိတ္ေထာက္လွမ္းေရးေကာ္မတီက ဗိုင္းရပ္ ကူးစက္မႈ အႏၲရာယ္ကို အေစာႀကီးသိရက္သားနဲ႔ ဘာေၾကာင့္ ျပည္သူေတြကို အသိမေပးခဲ့ပါသလဲ။

ကပ္ဆိုးႀကီးနဲ႔ အၿပိဳင္ ႏိုင္ငံေရးေတြ ရႈပ္ေန လိုက္ပံုမ်ား…

Aung Moe Win

unicode

အမေရိကန်ထောက်လှမ်းရေးတွေ ကိုရိုနာ ဗိုင်းရပ်စ်ကို ကြိုတင် သိရှိနေခဲ့တဲ့ မေးခွန်း ထုတ်စရာ ဖြစ်ရပ်…

အမေရိကန် အထက် လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဌ ရစ်ချတ်ဘားရဲ့ ဆဲလ်ဖုံး ကို FBI က သိမ်းဆည်းလိုက်တယ်။ သူ့ကို စုံစမ်းစစ်ဆေးပါမယ်။

အကြောင်းကတော့ ရစ်ချတ်ဘား ဟာ ဖေဖေါ်ဝါရီလ ထဲမှာ သူ့ရဲ့စတော့ရှယ်ယာတွေကို ရောင်းချခဲ့ပါတယ်။ Dow Jones Industrial ရဲ့ ဈေးအမြင့်ဆုံးရတဲ့ အချိန်မှာ ရောင်းခဲ့တာ ဖြစ်တယ်။ နောက်တပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို စိုးရိမ်လာကြတဲ့အတွက် စတော့ရှယ်ယာ ဈေးတွေ ထိုးကျ သွားပါတယ်။

အမေရိကန်သမ္မတ အိုဘားမား လက်ထက် (၂၀၁၂) မှာ စတော့ရှယ်ယာ ဥပဒေသစ်ကို ပြဌာန်း ခဲ့တယ်။ ဆီးနိတ်ထောက်လှမ်းရေးကော်မတီဟာ ပြည်သူတွေ မသိသေးတဲ့ လျှို့ဝှက်အချက်အလက်တွေကို အသုံးပြုပြီး စတော့ရှယ်ယာ ဝင်ကစားတာမျိုး ကိုယ်ကျိုးရှာတာမျိုး မလုပ်ရဘူး လို့ ဆို ပါတယ်။

ရစ်ချတ်ဘား အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတော့ မေးခွန်းတခု ရောက်လာတယ်။ ဆီးနိတ်ထောက်လှမ်းရေးကော်မတီက ဗိုင်းရပ် ကူးစက်မှု အန္တရာယ်ကို အစောကြီးသိရက်သားနဲ့ ဘာကြောင့် ပြည်သူတွေကို အသိမပေးခဲ့ပါသလဲ။

ကပ်ဆိုးကြီးနဲ့ အပြိုင် နိုင်ငံရေးတွေ ရှုပ်နေ လိုက်ပုံများ…

Aung Moe Win

Add a Comment

Your email address will not be published. Required fields are marked *

one × five =