နှစ်သစ်မှာ ​ကောင်းမှုကုသိုလ်တွေဆက်တိုက်ပြုလုပ်ပြီး ပရိသတ်တွေအတွက် ဆုတောင်းပေးလိုက်တဲ့ “ပိုပို”

ပရိတ်သတ်ကြီးရေ အဆိုတော်ပိုပိုကတော့ အချစ်သီချင်းကောင်းများစွာနဲ့ လူငယ်ပရိတ်သတ်တွေ ရဲ့ အားပေးမှုကို များစွာရရှိထားတာပဲ ဖြစ်ပါတယ် …

အဆိုတော် ပိုပိုကတော့ နှစ်သစ်မှာ ​ကောင်းမှုကုသိုလ်တွေ ဆက်တိုက်ပြုလုပ်ပြီး ပရိသတ်တွေ အတွက် ဆုတောင်းပေးလာတာလည်း ဖြစ်ပါတယ်။ ပိုပိုက မဟာဝိဟာရ ဘုန်းကြီးကျောင်းမှာ ပေါက်စီ အလုံး ၆၅၀ ကို မိတ်ဆွေ သူငယ်ချင်း အသိများနှင့်စုပေါင်း လှူဒါန်းခဲ့ပါတယ်။

၇ ရက်သားသမီး အလှူလေးပါ ပရိတ်သတ်တွေ အားလုံး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ချမ်းသာ ကြွယ်ဝခြင်းများနှင့် ပြည့်စုံကြပါစေ။မိမိ ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနေထိုင်နိုင်ကြပါစေ မနေ့ကလဲ ငှက်ကလေးတွေလဲ လွတ်ရင်း ဆုတောင်း ပေးခဲ့ပါတယ် ဆိုပြီး ဆုတောင်းပေးလာတာဖြစ်ပါတယ်။

crd

zawgyi


