ကိုယ့်ကိုကိုယ်ဆုချတဲ့အနေ နဲ့ ပိုက်ဆံသိန်း (၅၀၀) ကို တစ်ထိုင်တည်းသုံးပြလိုက်တဲ့ နေဆန်း ရဲ့ ဗီဒီယို

မွန်တိုင်းရင်းသားလေး နေဆန်းကတော့ ဖေ့ဘုတ်စ် စာမျက်နှာတွေထက်မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း လူသိများလာခဲ့တဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပဲဖြစ်ပါတယ် ။ ခုနောက်ပိုင်းမှာတော့ အားပေးဝန်းရံနေကြတဲ့ ပရိသတ်တွေ အများကြီး ရလာပြီး အလုပ်တွေ လည်း အများကြီး လာအပ်ကြတဲ့အတွက် ပိုပြီးအောင်မြင်လာတယ်လို့ဆိုရမှာပါ ။

ရှာဖွေလို့ရတဲ့ငွေကြေးတွေကို မိဘတွေအတွက် တိုက်၊ ကား စတာတွေအပြင် ကိုယ်တိုင်အတွက်လည်း အိမ်၊ ကား စသည်ဖြင့် လိုလေသေးမရှိအောင် ပိုင်ဆိုင်ဖြည့်ဆည်းထားပြီဖြစ်တဲ့ နေဆန်းဟာ ဒီတစ်ခါမှာလည်း သူ့ဘဝရဲ့ စိတ်ကူးအိပ်မက်တစ်ခုကို ဖြည့်ဆည်း ခဲ့ပါတယ်။ နေဆန်းက သူကိုယ်တိုင်ကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံသိန်း (၅၀၀) နဲ့ ကမ္ဘာကျော် Brand တွေဖြစ်တဲ့ Gucci နဲ့ LV အစရှိတဲ့အိတ်တွေကို တစ်ထိုင်တည်း ဝယ်ယူခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။

နေဆန်းကတော့ ကိုယ့်ကိုကိုယ်ဆုချတဲ့အနေနဲ့ ကိုယ်ပိုင်ရှာဖွေထားတဲ့ ပိုက်ဆံ သိန်း (၅၀၀) ကို တစ်ထိုင်တည်းဈေးဝယ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။ နေဆန်းရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး လူငယ်လူရွယ်တွေအနေနဲ့လည်း အလုပ်တွေကြိုးစားပြီး စိတ်ကူး အိပ်မက်တွေအကောင်အထည်ဖော်ဖို့ အားအင်တွေရသွားမယ် ထင်ပါတယ်နော်။

Credit

zawgyi




Credit