ယူကရိန်းနိုင်ငံ မှာ အမေရိကန် ဇီဝလက်နက် ဓာတ်ခွဲ ခန်းများ ရှိသည်မှာ ဟုတ် မှန်ကြောင်း ဝန်ခံ







Than Lwin U

unicode

ယူကရိန်းနိုင်ငံ အတွင်းမှာ အမေရိကန် ရဲ့ ဇီဝလက်နက် ဓာတ်ခွဲ ခန်းများ ရှိသည် မှာ ဟုတ်မှန်ကြောင်း ဝန်ခံ…

ယူကရိန်းနိုင်ငံ အတွင်း မှာ အမေရိကန်ရဲ့ ဇီဝဓာတ်ခွဲခန်း (Bio-Lab) တည်ရှိ သည်မှာ ဟုတ်မှန်ကြောင်း ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က အတည်ပြု ဝန်ခံခဲ့ပါတယ်။

စီအိုင်အေရဲ့ ထိပ်တန်း လျှို့ဝှက် ဇီဝလက်နက် ဓာတ်ခွဲခန်း တွေဟာ အမေရိကန် နိုင်ငံထဲမှာသာမက ယခင်က ဆိုဗီယက် ခွဲထွက် နိုင်ငံတွေ ဖြစ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ ဂျော်ဂျီယာ နိုင်ငံတွေ မှာထိ ဖြန့်ကြက် ခဲ့တယ်။ တရုတ်နဲ့ ရုရှား အစိုးရတွေက ယခင်ဆို ဗီယက်နိုင်ငံဟောင်း တွေ ဖြစ်တဲ့ ယူကရိန်း၊ ဂျော်ဂျီယာ စတဲ့ နိုင်ငံတွေမှာ US ဇီဝ ဓာတ်ခွဲခန်း (Bio-Lab) တွေ တည်ဆောက်ထားတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ပေါင်းစည်း ညီညွတ်စွာ ပြစ်တင်ရှုတ်ချထား ကြကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ ဟာ သူ့နိုင်ငံ အတွင်းမှာသာမက ပြည်ပနိုင်ငံ များမှာပါ ကာကွယ်ဆေး ထုတ်လုပ်ရန် အကြောင်းပြပြီး ဇီဝလက်နက် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ဇီဝလုံခြုံရေး အဆင့်-၄ (BSL-4) ဓာတ်ခွဲခန်းတွေကို လျှို့ဝှက် တည်ဆောက်ထားတဲ့ အတွက် ရုရှားက လွန်ခဲ့တဲ့နှစ် အတန်ကြာ ကာလ ကတည်းက အပြင်းအထန် ကန့်ကွက် ခဲ့ဖူးကြောင်း သိရပါတယ်ဗျာ။

ဂျော်ဂျီယာနိုင်ငံ လူဂါစင်တာ ဇီဝ လက်နက် ဓာတ်ခွဲခန်း မှ MERS နဲ့ SARS ရောဂါ ဗိုင်းရပ်စ်ပိုး တွေကို ထုတ် လုပ်နေကြောင်း ၂၀၁၈ ခုနှစ်က ရုရှားစစ်ထောက်လှမ်းရေး ရဲ့ စွပ်စွဲမှုတွေကြောင့် ကမ္ဘာကျော်ခဲ့ပါသေးတယ်။ (မကြာသေးမီကလည်း အမေရိကန်တွေရဲ့ ယူကရိန်းနိုင်ငံ လူဂါစင်တာ ဇီဝလက်နက် ဓာတ်ခွဲခန်းမှ ကိုဗစ်-19 ရောဂါ ဖြစ်စေတဲ့ SARS- CoV-2 ကိုရိုနာ ဗိုင်းရပ်စ်ကို ဖန်တီးခဲ့တာလို့ ရုရှား စစ်ထောက်လှမ်းရေး ဖက်က စွပ်စွဲခဲ့ပါသေးတယ်။

Covid-19 ဆိုတာ တရုတ်လုပ် ဗိုင်းရပ်စ် မဟုတ် ပဲ စီအိုင်အေ နဲ့ DEEP STATE တို့ရဲ့ အမေရိကန်သမ္မတဟောင်းအိုဘားမား လက်ထက်ကတည်းက ဖန်တီးခဲ့တဲ့ ဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သမ္မတ ထရမ့်ကို အကျိုးစီးပွား ပျက်စီးသွားအောင် ရည်ရွယ်၍ တိုက်ခိုက် လိုက်တဲ့ ဇီဝလက်နက် တစ်ခုသာ ဖြစ်တယ်လို့ UKRAINEGATE, CIA-DEEP STATE’S PLOT AGAINST TRUMP ဆိုတဲ့ ဆောင်းပါး ထောက်ပြထားပါတယ်။ အဲ့ဒီဆောင်းပါးဟာ ဘီလ်ဂိတ်ဟာ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနိုင်ကြောင်း ဘာ့ကြောင့်များ ကြိုသိ နေခဲ့တာလဲ? ဆိုတဲ့ မေးခွန်းကိုလည်း အဖြေတစ်ခု ပေး ထားခဲ့တာ ဖြစ်ပါတယ်။

Than Lwin U

Add a Comment

Your email address will not be published. Required fields are marked *

sixteen + 13 =