ကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုလွမ်းဆွတ်တမ်းတရင်း အသည်းတွေကွဲနေရကြောင်း ပြောပြလိုက်တဲ့ “ဖွေးဖွေး”

ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖခင်ကြီးကို လွမ်းဆွတ်တမ်းတနေကြောင်း ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာခဲ့ပါတယ်။

ဖွေးဖွေးရဲ့ ဖခင်ကြီးကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော် လောက်က ဆုံးပါးကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဖွေးဖွေးကတော့ ဖခင်ကြီးကိုချစ်တဲ့သမီးတစ်ယောက်ဖြစ်တဲ့သူပီပီ ဖခင်ကို အခုချိန်ထိလွမ်းဆွတ်နေခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ “အသဲကကွဲနေတော့ ဒီတစ်ခေါက် Back on Track လုပ်ရတာတော်တော်ခက်ပါတယ်။ အသဲကွဲတယ်ဆိုတိုင်းလည်း ရည်းစားကိစ္စကြီးပဲ မဟုတ်ပါဘူး။တစ်နှစ်ကျော်တာတောင် စိတ်ထဲနှလုံးသားထဲကအဖေ့ကို လက်မလွှတ်နိုင်သေးတာပါ။

အိပ်မက်ထဲတစ်ခါတစ်ခါ လာဖတ်ပေးတိုင်း နည်းနည်းအလွမ်းပြေသလိုရှိပေမဲ့စိတ်ကိုဘယ်လိုထားရမလဲသိပေမဲ့ မလုပ်နိုင်တဲ့နေ့တွေကများပါတယ်။အဖေ့ကိုစိတ်ကောက်ချင်ပါတယ် သမီးကိုအစောကြီးထားခဲ့လို့” ဆိုပြီး ဖခင်ကြီးကို လွမ်းဆွတ်နေကြောင်းရင်ဖွင့်ထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေဖခင်ကြီးကို လွမ်းပြီးဝမ်းနည်းနေတဲ့ဖွေးစိန်လေးအတွက် အားပေးနှစ်သိမ့်စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source – Phway Phway
Credit – CeleZone

zawgyi

ပရိသတ္ႀကီးေရ ေဖြးေဖြးကေတာ့ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ ဒီေန႔မွာသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ဖခင္ႀကီးကို လြမ္းဆြတ္တမ္းတေနေၾကာင္း ဝမ္းနည္းစြာနဲ႔ရင္ဖြင့္လာခဲ့ပါတယ္။

ေဖြးေဖြးရဲ႕ ဖခင္ႀကီးကေတာ့ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ ေလာက္က ဆုံးပါးကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ေဖြးေဖြးကေတာ့ ဖခင္ႀကီးကိုခ်စ္တဲ့သမီးတစ္ေယာက္ျဖစ္တဲ့သူပီပီ ဖခင္ကို အခုခ်ိန္ထိလြမ္းဆြတ္ေနခဲ့တာပဲျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ “အသဲကကြဲေနေတာ့ ဒီတစ္ေခါက္ Back on Track လုပ္ရတာေတာ္ေတာ္ခက္ပါတယ္။ အသဲကြဲတယ္ဆိုတိုင္းလည္း ရည္းစားကိစၥႀကီးပဲ မဟုတ္ပါဘူး။တစ္ႏွစ္ေက်ာ္တာေတာင္ စိတ္ထဲႏွလုံးသားထဲကအေဖ့ကို လက္မလႊတ္ႏိုင္ေသးတာပါ။

အိပ္မက္ထဲတစ္ခါတစ္ခါ လာဖတ္ေပးတိုင္း နည္းနည္းအလြမ္းေျပသလိုရွိေပမဲ့စိတ္ကိုဘယ္လိုထားရမလဲသိေပမဲ့ မလုပ္ႏိုင္တဲ့ေန႔ေတြကမ်ားပါတယ္။အေဖ့ကိုစိတ္ေကာက္ခ်င္ပါတယ္ သမီးကိုအေစာႀကီးထားခဲ့လို႔” ဆိုၿပီး ဖခင္ႀကီးကို လြမ္းဆြတ္ေနေၾကာင္းရင္ဖြင့္ထားခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရဖခင္ႀကီးကို လြမ္းၿပီးဝမ္းနည္းေနတဲ့ေဖြးစိန္ေလးအတြက္ အားေပးႏွစ္သိမ့္စကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။

Source – Phway Phway
Credit – CeleZone