အျမင္႔ဆံုး ေလာင္းေၾကး နဲ႔ ေဒးဗစ္လား ကို စိန္ေခၚလုိက္ျပီ ျဖစ္တဲ႔ ဆရာ သရ၀ဏ္(ျပည္)

အျမင္႔ ဆံုးေလာင္းေၾကး နဲ႔ ေဒးဗစ္လား ကို စိန္ေ ခၚလုိက္ျပီျဖစ္ တဲ႔ ဆရာ သရ၀ဏ္(ျပည္)

”ကြၽန္ေတာ္ လုံးဝ အာမခံရဲတယ္။ ဘုရားသခင္ကို ယုံသူေတြဟာ ဒီေရာဂါ လုံးဝ ဝင္မလာရေစဘူး” ဟုလည္းေကာင္”ဆရာဝန္ေတြ ေဆးေတြက Resources ေတြ အနာေရာဂါကို တကယ္ၿငိမ္းေစတာက ဘုရားပဲ၊ ယုံၾကည္လိုက္ပါ ယုံၾကည္မႈဟာ ပိုက္ဆံမေပးရပါဘူး၊ လွည့္စား ခံထားရလို႔ မယုံ တာေပါ့”ဟု ေျပာၾကားခဲ့သည္။

ဒါဆိုရင္ ကြၽန္ေတာ္ တခုေတာင္းဆိုပါရေစ သင္းအုပ္ဆရာႀကီးေဒးဗစ္လား ခင္ဗ်ား။ ေဒးဗစ္လားေလာက္ ဘုရားႏႈတ္က ပတ္ေတာ္ဆိုတာႀကီးကို ယုံသူလည္း မရွိေတာ့ပါ။ သမၼာက်မ္းစာ စာအုပ္ႀကီးကိုလည္း လက္ကကိုင္ကိုင္ျပေနတာေတြ႕ရသျဖင့္ ဘုရားႏွင့္အေတာ္ နီးစပ္သူဟုလည္း သေဘာက်မိပါသည္။

ထို႔ေၾကာင့္ ေဒးဗစ္လား၏ ေနာက္လိုက္ အျဖစ္ ကြၽန္ေတာ္လည္း ပါဝင္ခ်င္ပါသည္။ ကြၽန္အျဖစ္လည္းေကာင္း၊ တပည့္ အျဖစ္လည္းေကာင္း ေဒးဗစ္လားေနာက္က အလုပ္အေကြၽးအျဖစ္လိုက္လိုပါသည္။ ဆရာေဒးဗစ္လား ဘာသာထဲသို႔လည္း ဝင္ပါမည္။ မဝင္ခင္ ခရစ္ယာန္အမ်ားႏွင့္မဆိုင္ဘဲ ေဒးဗစ္လား တဦးတည္းႏွင့္ဆိုင္ေသာ ေမးခြန္းေလးတခုေမးလိုပါ သည္။

တခုတည္းျဖစ္ပါသည္။ ထာဝရဘုရားကိုယုံလွ်င္ ေရာဂါမကူးသေယာင္၊ ေယရႈကို ယုံလွ်င္ ေရာဂါမကူးသေယာင္ ေဟာေျပာေနတာကို သေဘာက်၍ ျဖစ္ပါသည္။ေဒးဗစ္လားသည္ ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ္ရဘူးဘုရားကအခ်ိန္တန္ရင္ တာဝန္ယူသြား လိမ့္မယ္ဟူေသာစကားကို ေျပာခဲ့ သူျဖစ္ပါသည္။

ထို႔ေၾကာင့္ ကြၽန္ေတာ္အလြန္အ ထင္ႀကီးပါသည္။ ေခါင္းေဆာင္မတင္မီ တခု စမ္းသပ္လိုပါသည္။ အျခားမဟုတ္ပါ။ HIV ပိုးရွိေနသူ၏ ေသြးအနည္းငယ္ကို ဆရာေဒးဗစ္လား၏ေသြးေၾကာထဲသို႔ ေဆးထိုးအပ္ျဖင့္ထည့္ၾကည့္လိုပါသည္။ သုံးလၾကလွ်င္ ဆရာေဒးဗစ္လား၏ေသြးကို အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲခန္းတြင္ ဓာတ္ခြဲ အေျဖရွာၾကည့္ပါမည္။

ဆရာေဒးဗစ္လားေဟာေျပာခ်က္မ်ားအတိုင္း ဆိုလွ်င္ ေဒးဗစ္လားသည္ ဘုရားကို အလြန္ယုံၾကည္သက္ ဝင္သူျဖစ္ေသာေၾကာင့္ HIV ပိုးမ်ား ခႏၶာကိုယ္ထဲ တြင္မရွိေတာ့ဘဲ ေပ်ာက္ကြယ္သြားမည္။ HIV positive မျဖစ္ဘဲ Negative ျဖစ္မည္ ျဖစ္သည္။

ထိုသို႔အဆန္းတၾကယ္ျဖစ္ခဲ့လွ်င္ာဆရာေဒးဗစ္လား ေျပာသည့္ စကားမ်ား၊ ေဟာေျပာခ်က္မ်ားသည္ အမွန္မ်ားျဖစ္ၿပီး မယုံမိခဲ့ေသာကြၽန္ေတာ္တို႔ မိုက္မွားမိေၾကာင္း ဝန္ခ်ေတာင္းပန္ကာ ဆရာ့ထံတြင္ ရာသက္ပန္ကြၽန္ခံမည္ျဖစ္သည္။

Negative မဟုတ္ဘဲ Positive ျဖစ္ခဲ့လွ်င္ေတာ့ ေဒးဗစ္လားမွ ကြၽန္ေတာ့္အား ဘာမွျပန္ေပးစရာ မလိုပါ။ မွ်တေသာကမ္းလွမ္းခ်က္ျဖစ္သျဖင့္ ကြၽန္ေတာ့္ထံသို႔ အျမန္ဆုံးအေၾကာင္းျပန္ေပးပါခင္ဗ်ား။သရဝဏ္(ျပည္)/ News Watch ဂ်ာနယ္ေစာင္းပါးမွ ထုတ္ႏႈတ္တင္ျပပါသည္။ ေဆာင္းပါးအျပည့္အစုံကို News Watchဂ်ာနယ္ေပ့တြင္ ၀င္ေရာက္ဖတ္ရႈ႕ႏိုင္ ပါသည္။

unicode

အမြင့် ဆုံးလောင်းကြေး နဲ့ ဒေးဗစ်လား ကို စိန်ေ ခါ်လိုက်ပြီဖြစ် တဲ့ ဆရာ သရဝဏ်(ပြည်)

”ကျွန်တော် လုံးဝ အာမခံရဲတယ်။ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံးဝ ဝင်မလာရစေဘူး” ဟုလည်းကောင်”ဆရာဝန်တွေ ဆေးတွေက Resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး၊ လှည့်စား ခံထားရလို့ မယုံ တာပေါ့”ဟု ပြောကြားခဲ့သည်။

ဒါဆိုရင် ကျွန်တော် တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လား ခင်ဗျား။ ဒေးဗစ်လားလောက် ဘုရားနှုတ်က ပတ်တော်ဆိုတာကြီးကို ယုံသူလည်း မရှိတော့ပါ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်း လက်ကကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော် နီးစပ်သူဟုလည်း သဘောကျမိပါသည်။

ထို့ကြောင့် ဒေးဗစ်လား၏ နောက်လိုက် အဖြစ် ကျွန်တော်လည်း ပါဝင်ချင်ပါသည်။ ကျွန်အဖြစ်လည်းကောင်း၊ တပည့် အဖြစ်လည်းကောင်း ဒေးဗစ်လားနောက်က အလုပ်အကျွေးအဖြစ်လိုက်လိုပါသည်။ ဆရာဒေးဗစ်လား ဘာသာထဲသို့လည်း ဝင်ပါမည်။ မဝင်ခင် ခရစ်ယာန်အများနှင့်မဆိုင်ဘဲ ဒေးဗစ်လား တဦးတည်းနှင့်ဆိုင်သော မေးခွန်းလေးတခုမေးလိုပါ သည်။

တခုတည်းဖြစ်ပါသည်။ ထာဝရဘုရားကိုယုံလျှင် ရောဂါမကူးသယောင်၊ ယေရှုကို ယုံလျှင် ရောဂါမကူးသယောင် ဟောပြောနေတာကို သဘောကျ၍ ဖြစ်ပါသည်။ဒေးဗစ်လားသည် ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ်ရဘူးဘုရားကအချိန်တန်ရင် တာဝန်ယူသွား လိမ့်မယ်ဟူသောစကားကို ပြောခဲ့ သူဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်အလွန်အ ထင်ကြီးပါသည်။ ခေါင်းဆောင်မတင်မီ တခု စမ်းသပ်လိုပါသည်။ အခြားမဟုတ်ပါ။ HIV ပိုးရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏သွေးကြောထဲသို့ ဆေးထိုးအပ်ဖြင့်ထည့်ကြည့်လိုပါသည်။ သုံးလကြလျှင် ဆရာဒေးဗစ်လား၏သွေးကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ အဖြေရှာကြည့်ပါမည်။

ဆရာဒေးဗစ်လားဟောပြောချက်များအတိုင်း ဆိုလျှင် ဒေးဗစ်လားသည် ဘုရားကို အလွန်ယုံကြည်သက် ဝင်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဓာကိုယ်ထဲ တွင်မရှိတော့ဘဲ ပျောက်ကွယ်သွားမည်။ HIV positive မဖြစ်ဘဲ Negative ဖြစ်မည် ဖြစ်သည်။

ထိုသို့အဆန်းတကြယ်ဖြစ်ခဲ့လျှင်ာဆရာဒေးဗစ်လား ပြောသည့် စကားများ၊ ဟောပြောချက်များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သောကျွန်တော်တို့ မိုက်မှားမိကြောင်း ဝန်ချတောင်းပန်ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည်။

Negative မဟုတ်ဘဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အား ဘာမှပြန်ပေးစရာ မလိုပါ။ မျှတသောကမ်းလှမ်းချက်ဖြစ်သဖြင့် ကျွန်တော့်ထံသို့ အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျား။သရဝဏ်(ပြည်)/ News Watch ဂျာနယ်စောင်းပါးမှ ထုတ်နှုတ်တင်ပြပါသည်။ ဆောင်းပါးအပြည့်အစုံကို News Watchဂျာနယ်ပေ့တွင် ဝင်ရောက်ဖတ်ရှု့နိုင် ပါသည်။

unicode

Add a Comment

Your email address will not be published. Required fields are marked *

9 + two =