“ကွက်လပ်မရှိ” ဇာတ်ကားမှာ ဆိုးလွန်းတဲ့ “ရှင်မွေလ” ကို နာမည်တစ်ခုပေးလိုက်တဲ့ “ဝေလာရီ”

Posted on

ပရိတ်သတ်ကြီးရေ….MRTV 4 မှ ထုတ်လွှင့်ပြသခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲထဲမှာ အမြွှာမောင်နှမတွေ ဖြစ်ကြတဲ့ ဇော်နဲ့ မော်ကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ဇော်နဲ့ မော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် ရှင်မွေလနဲ့ ဝေလာရီတို့ဟာ ဇာတ်ကားထဲမှာလည်း အတိုင်အဖောက်ညီညီသရုပ်ဆောင်ကြသလို အပြင်မှာလည်း တကယ့်မောင်နှမအရင်းအချာတွေလို ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာလည်း ရှင်မွေလက နေမင်းတစ်ရာ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။

“ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ အရမ်းကိုဆိုးသွမ်းပြီး မိသားစုအပေါ် သိတတ်ခြင်းမရှိတဲ့ ရှင်မွေလ ရဲ့ ဇာတ်ကောင်အပေါ် ဝေလာရီက “ကြီးမိုက်” ဆိုပြီး နာမည်ပေးခဲ့သလို ရှင်မွေလကလည်း ဝေလာရီကို “ကိုနေက ကိုဇော့်လို မလိမ္မာဘူးနော် ညီမလေးမိမော်” ဆိုပြီး ပြန်လည်စနောက်ကျီစယ်ခဲ့ပါတယ်။

ဝေလာရီနဲ့ ရှင်မွေလကတော့ “နှင်းဆီ” ဇာတ်လမ်းတွဲ ပြီးဆုံးသွားခဲ့ပေမယ့် မိမော်နဲ့ ကိုဇော်ဆိုတဲ့ ဇာတ်ကောင်လေး အတိုင်း ချစ်ချစ်ခင်ခင်ရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝေလာရီနဲ့ ရှင်မွေလတို့ရဲ့ နှစ်ယောက်သားဆက်ဆံရေးလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Credit

zawgyi

ပရိတ္သတ္ႀကီးေရ….MRTV 4 မွ ထုတ္လႊင့္ျပသခဲ့တဲ့ “ႏွင္းဆီ” ဇာတ္လမ္းတြဲထဲမွာ အႁမႊာေမာင္ႏွမေတြ ျဖစ္ၾကတဲ့ ေဇာ္နဲ႔ ေမာ္ကို ပရိသတ္ႀကီး မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ေဇာ္နဲ႔ ေမာ္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ ရွင္ေမြလနဲ႔ ေဝလာရီတို႔ဟာ ဇာတ္ကားထဲမွာလည္း အတိုင္အေဖာက္ညီညီသ႐ုပ္ေဆာင္ၾကသလို အျပင္မွာလည္း တကယ့္ေမာင္ႏွမအရင္းအခ်ာေတြလို ရင္းႏွီးတဲ့ ဆက္ဆံေရးရွိၾကတာပဲ ျဖစ္ပါတယ္။ လက္ရွိ ထုတ္လႊင့္ျပသေနတဲ့ “ကြက္လပ္မရွိ” ဇာတ္လမ္းတြဲမွာလည္း ရွင္ေမြလက ေနမင္းတစ္ရာ ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပရိသတ္အားေပးမႈကို ရရွိေနတာပဲျဖစ္ပါတယ္။

“ကြက္လပ္မရွိ” ဇာတ္လမ္းတြဲမွာ အရမ္းကိုဆိုးသြမ္းၿပီး မိသားစုအေပၚ သိတတ္ျခင္းမရွိတဲ့ ရွင္ေမြလ ရဲ႕ ဇာတ္ေကာင္အေပၚ ေဝလာရီက “ႀကီးမိုက္” ဆိုၿပီး နာမည္ေပးခဲ့သလို ရွင္ေမြလကလည္း ေဝလာရီကို “ကိုေနက ကိုေဇာ့္လို မလိမၼာဘူးေနာ္ ညီမေလးမိေမာ္” ဆိုၿပီး ျပန္လည္စေနာက္က်ီစယ္ခဲ့ပါတယ္။

ေဝလာရီနဲ႔ ရွင္ေမြလကေတာ့ “ႏွင္းဆီ” ဇာတ္လမ္းတြဲ ၿပီးဆုံးသြားခဲ့ေပမယ့္ မိေမာ္နဲ႔ ကိုေဇာ္ဆိုတဲ့ ဇာတ္ေကာင္ေလး အတိုင္း ခ်စ္ခ်စ္ခင္ခင္ရွိေနၾကဆဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေဝလာရီနဲ႔ ရွင္ေမြလတို႔ရဲ႕ ႏွစ္ေယာက္သားဆက္ဆံေရးေလးကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။

Credit