မွေးနေ့မှာ သမီးကြီးပေါ်ရှာကို သိန်းထောင်ချီတန်ကားအပြင် သိန်းသောင်းချီတန်စိန်တစ်ဆင်စာ ဆင်မြန်းပေးလိုက်တဲ့ “စမိုင်းလ်”

သရုပ်ဆောင်စမိုင်းလ်ကတော့ လတ်တလောမှာဆိုရင် ချစ်ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်နေတာဖြစ်ပြီး ကုသိုလ်တွေယူနေတာပါနော်။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သမီးနှစ်ယောက်ရဲ့ရှေ့ကနေ လမ်းပြလုပ်ဆောင်ကြပြီး ကောင်းရာလမ်းကိုညွှန်ပြကြတဲ့ မိဘတွေဖြစ်ပါတယ် ပေါ်ရှာနဲ့ကလိုဝီတို့ ညီအစ်မနှစ်ယောက်ကလည်း တစ်နေ့ကျရင် သူတို့လည်း မေမေ့လို သီလရှင်ဝတ်ကြမယ်လို့ ပြောတာကြောင့် စမိုင်းလ်ကတော့ ပီတိတွေဖြာနေရတာ ဖြစ်ပါတယ်။

အလှူအတန်းဆိုလည်း သိန်းပေါင်းများစွာကို မကြာခဏ လှူဒါန်းနေကြပြီး ချစ်ပရိသတ်တွေအတွက် အမြဲတမ်းလိုလို လက်ဆောင်တွေ ပေးနေတာဖြစ်ပါတယ်။ စမိုင်းလ်တို့ မိသားစုကတော့ စီးပွားရေးနယ်ပယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပြီး မကြာသေးမီကမှာ ဒေါ်လာ 7 သန်းတန် အိမ်ကြီးကိုလည်း ဝယ်ယူထားတာဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ် တို့ မိသားစုကတော့ ကိုယ်ပိုင်လေယာဉ်ကြီး နဲ့ဘဲ ခရီးသွားလေ့ရှိပြီး ကမ္ဘာကျော် show ပွဲတွေမှာ VIP တန်းကနေ ကြည့်တဲ့အကြောင်း လူမှူကွန်ရက်မှာ ချပြနေတာလည်းဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ သမီးကြီး ပေါ်ရှာရဲ့ (18) နှစ်ပြည့်မွေးနေ့လေးမှာ စမိုင်းလ်က သိန်း(၄၀၀၀) ကျော် နောက်ဆုံးပေါ် Telsa Model S ကားသစ်ကြီး သိန်းသောင်းချီတန် စိန်တစ်ဆင်စာ ဆင်မြန်းပေး ခဲ့တာလည်းဖြစ်ပါတယ်။

Credit

zawgyi

သ႐ုပ္ေဆာင္စမိုင္းလ္ကေတာ့ လတ္တေလာမွာဆိုရင္ ခ်စ္ခင္ပြန္းနဲ႔အတူ သာသနာ့ေဘာင္ထဲသို႔ ဝင္ေရာက္ေနတာျဖစ္ၿပီး ကုသိုလ္ေတြယူေနတာပါေနာ္။ စမိုင္းလ္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ကေတာ့ သမီးႏွစ္ေယာက္ရဲ႕ေရွ႕ကေန လမ္းျပလုပ္ေဆာင္ၾကၿပီး ေကာင္းရာလမ္းကိုၫႊန္ျပၾကတဲ့ မိဘေတြျဖစ္ပါတယ္ ေပၚရွာနဲ႔ကလိုဝီတို႔ ညီအစ္မႏွစ္ေယာက္ကလည္း တစ္ေန႔က်ရင္ သူတို႔လည္း ေမေမ့လို သီလရွင္ဝတ္ၾကမယ္လို႔ ေျပာတာေၾကာင့္ စမိုင္းလ္ကေတာ့ ပီတိေတြျဖာေနရတာ ျဖစ္ပါတယ္။

အလႉအတန္းဆိုလည္း သိန္းေပါင္းမ်ားစြာကို မၾကာခဏ လႉဒါန္းေနၾကၿပီး ခ်စ္ပရိသတ္ေတြအတြက္ အၿမဲတမ္းလိုလို လက္ေဆာင္ေတြ ေပးေနတာျဖစ္ပါတယ္။ စမိုင္းလ္တို႔ မိသားစုကေတာ့ စီးပြားေရးနယ္ပယ္မွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနၿပီး မၾကာေသးမီကမွာ ေဒၚလာ 7 သန္းတန္ အိမ္ႀကီးကိုလည္း ဝယ္ယူထားတာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ စမိုင္းလ္ တို႔ မိသားစုကေတာ့ ကိုယ္ပိုင္ေလယာဥ္ႀကီး နဲ႔ဘဲ ခရီးသြားေလ့ရွိၿပီး ကမာၻေက်ာ္ show ပြဲေတြမွာ VIP တန္းကေန ၾကည့္တဲ့အေၾကာင္း လူမႉကြန္ရက္မွာ ခ်ျပေနတာလည္းျဖစ္ပါတယ္။

ဒီေန႔က်ေရာက္တဲ့ သမီးႀကီး ေပၚရွာရဲ႕ (18) ႏွစ္ျပည့္ေမြးေန႔ေလးမွာ စမိုင္းလ္က သိန္း(၄၀၀၀) ေက်ာ္ ေနာက္ဆုံးေပၚ Telsa Model S ကားသစ္ႀကီး သိန္းေသာင္းခ်ီတန္ စိန္တစ္ဆင္စာ ဆင္ျမန္းေပး ခဲ့တာလည္းျဖစ္ပါတယ္။

Credit