





unicode

“အသက် ရလာတာနဲ့အမျှ ဆုံးရှုံးမှု ၊ ကျရှုံးမှုတွေအပေါ် အကောင်းမြင်စိတ် နဲ့ပဲ မြင်ကာ နေတတ်လာတယ် ဆိုတဲ့ မယ်လိုဒီ”

ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး မယ်လိုဒီ ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ လှပလွန်းတဲ့ အသားအရည်နဲ့ အမြဲ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်တဲ့ မယ်လိုဒီရဲ့ အပြုအမူလေးတွေက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင် ခဲ့တာလို့ ပြောရမှာပါ.။ လက်ရှိ မှာ ချစ်တဲ့ သားလေးကို စောင့်ရှောက်ရင်း နှစ်သက်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ သူမရဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်.။

ချစ်တဲ့ သားလေးကို ရရှိပြီး နောက်ပိုင်း မှာ အနုပညာ အလုပ်တွေကို သိပ်မလုပ်ကိုင်ဖြစ်ပေမယ့် လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နေရပြီမို့ ပျော်ရွှင်တဲ့ အကြောင်းလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ဖူးပါတယ်.။တစ်ခါတစ်လေမှာ မယ်လိုဒီက သူမ ရဲ့ ရင်တွင်းခံစားချက်လေး တစ်ချို့ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်လေ့ရှိပါသေးတယ်.။ ဒီနေ့ မေလ (၁၅)ရက်နေ့ မှာတော့ မယ်လိုဒီက “အသက်ကြီးလာတော့ ဆုံးရှုံးမှု၊ ကျရှုံးမှုတွေကိုပါ။ ကြံဖန် ဂုဏ်ယူတတ်လာတယ်။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

မယ်လိုဒီကတော့ သူမရဲ့ အသက်အရွယ် ရလာတာနဲ့အမျှ အရာ အားလုံးအပေါ် အကောင်းမြင်စိတ်နဲ့ပဲ မြင်ကာ စိတ်ချမ်း သာအောင်ပဲ နေထိုင်နိုင်လာတဲ့ အကြောင်းကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း အရာအားလုံးအပေါ် အကောင်းမြင်စိတ်နဲ့ပဲ ပျော်ရွှင်အောင် နေထိုင်နေတဲ့ မယ်လိုဒီ ကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးတင်ပေး ခဲ့ပါဦးနော်။

Source: Melody Myo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *

7 − five =