ပရိသတ်ကြီးရေ ဘီလီယံလေး ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော်သားဂန်း နဲ့ မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေးဘေဘီမောင်တို့ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းလှတာကြောင့် ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိထားတဲ့ပရိသတ်အချစ်တော်လေးပါ။
ဘီလီယံလေးကတော့ လက်ရှိမှာ (၃)လကျော်(၄)လသားအရွယ်လေးသာရှိသေးပေမဲ့ မေမေနဲ့အတူတူ ကြော်ငြာတွေရိုက်ကူးနေခဲ့ရတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ မေမေဘေဘီကတော့ ကြော်ငြာရိုက်ဖို့ သမီးလေးကိုပါ မပါမဖြစ်ခေါ်ကြတာတွေ ရှိနေခဲ့တာကြောင့် လူချစ်လူခင်ပေါတဲ့ သမီးလေးကြောင့် ဂုဏ်ယူ နေခဲ့ပါသေးတယ်။
“သမီးလေးမွေးပီး Commercial ကြေငြာ သုံးခုရှိပြီ။ ဗိုက်စည်းကြော်ငြာ၊ ဒိုက်ဘာ ကြော်ငြာ၊ စိန်ဆိုင်ကြော်ငြာ သုံးခုစလုံး ဘီလီယံလေးမပါမဖြစ်ပေါ့။ မေမေ့မင်းသမီးလေး ဘီလီယံ” ဆိုပြီး သမီးလေးအတွက် ဂုဏ်ယူနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဘီလီယံလေးကတော့ တကယ်ကို ချစ်မွှေးလေးပါပဲနော်။
Chilli – CeleZone
zawgyi
ပရိသတ္ႀကီးေရ ဘီလီယံေလး ကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ အဆိုေတာ္သားဂန္း နဲ႔ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလးေဘဘီေမာင္တို႔ရဲ႕ သမီးေလးပဲျဖစ္ပါတယ္။ ခ်စ္စရာေကာင္းလြန္းလွတာေၾကာင့္ ပရိသတ္ေတြ ရဲ႕ အခ်စ္ေတြကို ရရွိထားတဲ့ပရိသတ္အခ်စ္ေတာ္ေလးပါ။
ဘီလီယံေလးကေတာ့ လက္ရွိမွာ (၃)လေက်ာ္(၄)လသားအ႐ြယ္ေလးသာရွိေသးေပမဲ့ ေမေမနဲ႔အတူတူ ေၾကာ္ျငာေတြ႐ိုက္ကူးေနခဲ့ရတာပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မွာပါေနာ္။ ေမေမေဘဘီကေတာ့ ေၾကာ္ျငာ႐ိုက္ဖို႔ သမီးေလးကိုပါ မပါမျဖစ္ေခၚၾကတာေတြ ရွိေနခဲ့တာေၾကာင့္ လူခ်စ္လူခင္ေပါတဲ့ သမီးေလးေၾကာင့္ ဂုဏ္ယူ ေနခဲ့ပါေသးတယ္။
“သမီးေလးေမြးပီး Commercial ေၾကျငာ သုံးခုရွိၿပီ။ ဗိုက္စည္းေၾကာ္ျငာ၊ ဒိုက္ဘာ ေၾကာ္ျငာ၊ စိန္ဆိုင္ေၾကာ္ျငာ သုံးခုစလုံး ဘီလီယံေလးမပါမျဖစ္ေပါ့။ ေမေမ့မင္းသမီးေလး ဘီလီယံ” ဆိုၿပီး သမီးေလးအတြက္ ဂုဏ္ယူေနခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ဘီလီယံေလးကေတာ့ တကယ္ကို ခ်စ္ေမႊးေလးပါပဲေနာ္။
Chilli – CeleZone