အဆိုတော်လေးဖြူကတော့ အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကြောင့် ပရိသတ် တော်တော် များများ ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူ တစ်ယောက်ပါ။သူပါဝင်တဲ့ “Iron Cross”band ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ေ လာက်ကတည်းကနေ အခုအချိန်အထိ ပရိသတ်တော်တော်များများရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။
နာမည်ကျော် ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အစ်ကိုရင်း ဖြစ်တဲ့ လေးဖြူကတော့ Iron Cross Band နှင့်အတူ စင်မြင့်ဖျော်ဖြေပွဲများစွာ သီဆိုလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။Iron Cross ရဲ့ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေဟာ လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေ တ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။ အဆိုတော်ကြီးတွေ လို့ တင်စားရလောက်အောင် ဂီတ နယ်ပယ်မှာ ဝါရင့်အဆိုတော်တွေ အဖြစ် အသိအမှတ်ပြုထားရတာလည်းဖြစ်ပါတယ်။
အဆိုတော် လေးဖြူကတော့ များသောအားဖြင့် လူငယ်တွေကြိုက်နှစ်သက်ကျတဲ့ Rock ဂီတ အမျိုးအစားတွေကို သီဆိုလေ့ရှိပြီး အထူးသဖြင့်ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေမမြင်တာကြာပြီဖြစ်တဲ့ အဆိုတော်လေးဖြူရဲ့ ပုံရိပ်များထွက်ပေါ်လာတာဖြစ်ပါတယ်။
ဇရာထောင်းသွားပေမယ့် အဆိုတော်လေးဖြူ ရဲ့သီချင်းတွေ ကတော့ ထာဝရနုပျို လတ်ဆတ် နေမှာပါ ❤လေးဖြူ တို့ရဲ့ ပုံရိပ်လေးတွေ ကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်
Credit