သမီး ဒီနှစ် ပြန်လာရင် လူထွက်တော့မယ် အဖေ အမေ ရယ်၊ .. ဘာဖြစ် လို့ လဲ ဆရာလေးရယ်.. 😢

လူ ထွက်တော့မယ် အဖေရယ် အမေရယ်

ကလင်.……… ကလင် ဖုန်းခေါ်သံလေးကြားပြီး ကိုင်လိုက်တော့ ဟဲလို ……… သမီးလား ဟုတ်တယ် အမေ သမီးဒီနှစ်ပြန် လာရင် လူထွက်တော့မယ် အဖေအမေ ဘာဖြစ်လို့လဲဆရာလေးရယ် အေးပါကွယ် အမေ့ဆီသီလရှင်ဝတ်ရဲ့လေးတော့ပြန်ခဲ့ပါကွယ်။

ဒေါ်တင်မေ တစ်ယောက်အတွေး များစွာနှင့်နေပြီးစဉ်းစားနေတော့တယ်။မွေးထားတဲ့သားသမီး ၃ ယောက်ထဲမှာ “သမီးသီလရှင်လေးကအကြီးဆုံး သားလေးနှစ်ယောက်နှင့်အတူတကွနေတာပေါ့သမီးလေးကို ၁၀ နှစ်အရွယ်တည်းကသီလရှင်ဝတ်ပေးခဲ့ပြီး စစ်ကိုင်းမှာဘုရားစာပါဠိတွေကို သင်ယူစေခဲ့တယ်။

သမီးလေးအဖေကငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်သွားလုပ်ပီး မိခင်တစ်ယောက်တည်းရုန်းကန်နေရတာကိုသနားလို့ထင်ပါတယ် သမီးကဒီနှစ်မှလူထွက်မယ် စကားကိုပြောတော့ ဒေါ်တင်မေခင်များမှာ ငိုရမလို ဖြစ်နေခဲ့တယ်။သမီးလေးကိုတော့ချော့ပြော လိုက်တာဘဲရွာကိုအရောက်တော့ပြန်ခဲ့အုံးလို့ မှာလိုက်တာဘဲ ဘုရား ဘုရားသမီးလေး သီလရှင်ဝတ်ရဲ့လေးနှင့်ဘဲပြန်ခဲ့ပါစေဘုရား ဆိုပြီး ဘုရားရှေ့မှာဆုတောင်းနေပြီးလေ။

ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေချိန်မှာ ဒေါ်တင်မေထံ သမီးလေး သီလရှင်ပြန်လာမယ့်သတင်း ကြားတော့ ရွာလယ်ပိုင်းကသူဋ္ဌေးတစ်ဦးဆီမှာ ပိုက်ဆံ ၂ သိန်းလောက်သွားချေးပြီး သမီးလေးအတွက် SAMSUNG ဖုန်းလေးတစ်လုံးဝယ်ထားလိုက်တယ်။သူ့စိတ်ကူးကတော့ သမီးလေးကို ဒီဖုန်းလေးနှင့်ချော့ပြီးလူမထွက်အောင်တားမယ်ပေါ့။

ဟော…… သမီးလေးကရောက်လာပြီးအမေ……အမေ ရေလို့အော်ေ ခ်ါပြေးဖက်ထားပြီးသားမိနှစ်ယောက်အပြိုင်ငိုနေကြပြီး။ဒေါ်တင်မေက သမီးလေးမျက်နှာမှမျက်ရည်တွေကိုလက်လေးနှင့် သုတ်ပေးပြီး ငါ့သမီးလေးအရမ်းပိန်သွားပါလားကွယ် သမီးရယ် စိတ်တွေဘယ်လောက်ဆင်းရဲနေလို့ဟင်း အမေ့ကိုပြောပြ ပါကွယ်။

အမေရယ်သမီးလူထွက်ချင်တာ အမေ့ကိုသနားလို့ပါ။ အမေမောင်လေးနှစ်ယောက်ကို တစ်ယောက်တည်းလုပ်ကျွေးနေတာသမီးမကြည့်ရက်လို့ပါအမေ။သမီးရယ်အမေကိုထည့်မတွက်ပါနဲ့ သမီးလေးအဆင်ပြေဖို့ကအဓိကပါ အမေကဘာမှမဖြစ်ဘူး

ကဲ ကဲ သမီးလေးအမေ့တွက်ဆို လူတော့ မထွက်ပါနဲ့နော် အမေရယ် သမီးလေးသီလရှင်ဘဝကိုမြတ်နိုးပါတယ် ဒါပေမဲ့လေ အရာရာမှာနိမ့်ကျလွန်းပြီး ဘေးဖယ်ထားတဲ့ သမီးတို့ဘဝကိုကြာလာတော့စိတ်ပျက်မိတယ်အမေ။

သမီးတို့မှာ ဘုန်းကြီးကိုရင်တွေလို ဆွမ်း ခံစားရတာမဟုတ်ဘဲ အဖိတ်နေ့ ဥပုသ်နေ့လေးတွေမှာ ရပ်တကာ မြို့တကာလှည့်ပြီး နေပူခံမိုးရွာမိ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆန်လေးတွေလိုက်အလှူ ခံရတာပါအမေ။

တစ်အိမ်မှာ ဆန်တစ်ဇွန်လောက်ဘဲရပြီး တစ်ရပ်ကွက်လုံးမှ ဆန်လေး ၃ ပြည်လောက်ရ အဲဒီဆန်တွေကို ဈေးဆိုင်မှပြန်ရောင်း ရတဲ့ငွေလေးတွေနှင့်သမီးတို့၏အာဟာရအတွက် ချက်ပြုတ်စားရတာပါအမေ။

တစ်ချို့ဒကာတွေကပြောသေးတယ်အမေ ဒါနဆန်များ ပါရှင်လို့အလှူ ခံရင် နင်တို့လုပ်စားရှိလို့လား နင်တို့လင်အိမ်တွေမို့လားဆိုပြီး အပြောခံရတယ်အမေ သူတို့လောင်းတာကနည်းနည်း ပြောခံရတာတွေများလာတော့ ပုထုဇဉ်ဆိုတဲ့သမီးတို့နှလုံးသားတွေကကြာကြာ မခံနိုင်တော့ဘူးအမေ

ဒီခေတ်ကြီးမှာတိုးတက်လာတာနှင့်အမျှ မိန်းကလေး အသုံးအဆောင်တွေကလည် လိုချင်စရာတွေပါဘဲ ဒါပေမဲ့ကိုယ့်စိတ်ကိုပြန်ထိန်းငါဟာဘုရားသမီးတော်စစ်စစ် ဒါတွေနှင့် ငါကဘာမှမဆိုင်ဘူးဆိုပြီးအံကိုကြိတ်ပြီးစိတ်ကိုနိုင်ထိန်းထားခဲ့တယ်အမေ

တစ်ခါတစ်လေမှာလေ ဘိက္ခုနီသာသနာ သီလရှင် သာသနာစခဲ့တဲ့ မိထွေတော်ဂေါတမီတို့ ယသော်ဓရာတို့ကိုအပြစ်တင်ချင်မိတယ်အမေ သူတို့ကဘုရားခွင့်မပြုခဲ့တာတောင် ဘိက္ခုနီသာသနာကိုရအောင်ဝင်ခဲ့တယ်

သူတို့အဲဒီလိုဝင်ခဲ့လိုသမီးတို့သီလရှင်တွေ အခုလို ဝတ်နေရတာလို့အပြစ်မြင်မိတယ်အမေ ဒါတောင်တစ်ချို့ယောကျာင်္းတွေက သီလရှင်တွေကိုကန့်တော့ရင်ဘုန်းနိမ့်တယ်ထင်လား မသိဘူးအမေ သမီးတို့ဆိုယောကျာင်္းတွေမရှိခိုးဘူး ရှိခိုးခံချင် လို့ပြောတာမဟုတ်ပါဘူးအမေအနှိမ်ခံရလို့ပါ။

ရဟန်းတွေ ကိုရင်တွေ ဆိုလှူ မယ့်လူ ရဟန်းခံမယ် ရဟန်းဒကာတွေပေါမှပေါအမေ သမီးတို့ဆရာလေးတွေအသက် ၂၀ပြည့်လို့လဲဘယ်သူမှရဟန်းဒကာလာမခံပါဘူးအမေ

ကိုယ်ကျက်မယ့်စာအုပ်ကို ကိုယ့်ဘာသာ ကိုယ်ဝယ် ကိုယ့်ဘဝကိုယ်လျှောက်လမ်းရတဲ့ခရီးတွေ ကြာလာတော့ပြိုလဲချင်နေပြီးအမေ ပြီးတော့အမေ ကျောင်းတွေမှာနေဖို့စရိတ်ကိုလည် ကျောင်းထိုင်ဆရာကြီးတွေကိုပေးရတယ်အမေ

သူတို့ကိုလည်အပြစ်မမြင်ပါဘူး ဒီဘက်ခေတ် မှာ ကုန်ဈေးနှုန်းတွေကကြီး ရေဖိုး မီးဖိုးတွေနှင့် အပြင်ကကျောင်းသားတွေတက်တဲ့ ပိုက်ဆံနဲ့ဘာမှမပြောပါးပေမယ့် ဘယ်သူကမှ မလှူ တဲ့သမီးတို့ဘဝမှာတော့ ငွေတစ်သိန်းဆိုတာ

အင်မတန်မှရှားပါးပါတယ်အမေ့ကိုလည်း ဒီထက်ဒုက္ခ မပေးချင်တော့ဘူးဒါကြောင့်သမီးကို လူထွက်ခွင့်ပေးပါနော် သမီးလေးက သူပြောချင်တာတွေပြောတာကိုနားထောင်ပြီး ရော့ ဒါသမီးအတွက်အမေဝယ်ပေးတာဖုန်းလေးကိုထုတ်ပေးတော့ သမီးလေးကဝမ်းသာသလိုရှိပေမဲ့ မျက်ရည်တွေကျလာတယ်။

အမေရယ် အမေ့မှာပိုက်ဆံမရှိဘဲ ဒီဖုန်းကိုဘာ လို့ ဝယ်တာလဲ အမေ သမီးနှင့်အမေဖုန်းပြောရအောင်ပေါ့ကွယ် ပြီးတော့သမီးလည်တရားတွေနား ဗဟုသုတတွေလည်ရှာလို့ရတာပေါ့ကွယ်

သမီးရယ်ယူပါသမီးလူမထွက်ရင်အမေဘာဘဲ လုပ်ပေးရ လုပ်ပေးရ ဘာမှမဖြစ်ဘူး သမီးလေးလူမထွက်ဖို့သာအဓိကပါ သမီးတို့အခက်အခဲတွေကိုနားလည်ပါတယ်သမီးရယ် သမီးတို့မှာဒီသီလရှင်သာသနာကိုမထမ်းရင်ရှေ့ကထမ်းဆောင်သွားတဲ့ အမျိုးသမီးအရိယာကြီးတွေကိုအားနာတယ်သမီး အမေတို့ မိန်းမသာသနာဆိုလို့ ဒီသီလရှင်သာသနာတစ်ခုဘဲရှိတယ်သမီး။

အရေအတွက်ကိုလည်ကြည့်အုံးသမီး သံဃာတွေ သိန်း ချီပြီး ရှိနေပေမယ့်အမျိုးသမီးသာသနာပြုတွေကသောင်းဂဏန်းဘဲရှိတယ်သမီး ကျေးဇူးပြု ပြီးထမ်းဆောင်ပေးပါသမီးရယ်

အမေတို့မိန်းမသားတွေအတွက်ဂုဏ်ယူရတဲ့ ဘုရားသာသနာ အဖြစ်ထမ်းဆောင်ပေးပါသမီးရယ် သမီးလေးလည် ဒေါ်တင်မေဆုံးမချက်တွေ နားထောင်ပြီးစစ်ကိုင်းကိုပြန်စာတွေသင်ပြီး ဓမ္မာစရိယထိပြီးအောင်နေသွားခဲ့တယ် ဆရာလေးအမည်ကတော့ မပညာနန္ဒတဲ့

သာသနာပြုနေသောအစ်မတော် ညီတော်များ၏ဘ ဝတွေကို ဤစာဖြင့်ရေးသားဂုဏ်ပြုလိုက်ပါသည်။ မိန်းမဘဝရပေမဲ့ရလာတဲ့လူဘဝကိုအရှုံးမပေးဘဲ ရဟန်းသံဃာများနှင့်တန်းတူ သာသနာပြုနေတဲ့အတွက်အစဉ်လေးစားနေပါသည်။ သီလရှင်လေးများကိုတန်ဖိုး ထားနိုင်ကြပါစေ။

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *

11 − 2 =