





crd : panpyoelat

unicode

OXFORD UNIVERSITY ထုတ်ကုသဆေး ဟာ မျောက်တွေ ရဲ့ အဆုတ်ကို COVID-19 မှ ကာကွယ်နိုင်ကြောင်းတွေ့ရှိ

လူသားတွေထံမစမ်းသပ်မီ Oxford University ထုတ် ကုသဆေးတွေကို မျောက်တွေနဲ့ စတင်စမ်းသပ်ခံတာလည်းဖြစ်ပါတယ်။ ထိုစမ်းသပ်မှုအရ ဆေးတိုက်ကျွေးထားတဲ့မျောက်တွေရဲ့ အဆုတ်ကို Covid-19 ထိုးဖောက်မဝင်ရောက်နိုင်သည်ကိုတွေ့ရှိရသောကြောင့် ယနေ့ဟာ ကမ္ဘာအတွက်မျှော်လင့် ချက်ရောင်ခြည်ပေါ်ထွန်းခဲ့တဲ့နေ့လို့ ဆိုနေကြပါတယ်။ ထို စမ်းသပ်မှုမှာ မျောက်တွေကို ၂၈ ရက်ဆေးတိုက်ကျွေးခဲ့ရာမှာတော့ ထူးခြားချက်အနေနဲ့ Covid-19 ကိုကာကွယ်နိုင်တဲ့ကိုယ်ခံအားရရှိလာကြရုံမက အဆုတ်အတွင်းကိုလည်း ရောဂါပိုးထိုးဖောက်မဝင်ရောက်နိုင်တာ ကို တွေ့ရှိခဲ့ရတာလဲဖြစ်ပါတယ်။

နောက်ထပ်သတင်းကောင်းကတော့ ၎င်းကုသဆေး ကို လူသားထံမှာစမ်းသပ်ခဲ့တဲ့အဖြေဟာ ဇွန်လအတွင်းထွက်ပေါ်လာမှာဖြစ်လို့ ရလဒ်ကောင်းထွက်ပေါ်ခဲ့ပါက ကမ္ဘာကြီးကို Covid-19 ဘေးမှ ကယ်တင်နိုင်တော့မှာလည်းဖြစ်ပါတယ်။ ပညာရှင်တွေကတော့ အကောင်းဆုံးမျှော်လင့်နေကြပြီး မျောက်နဲ့လူသားဖွဲ့စည်းပုံအချို့ကွာခြားတာကြောင့် ထပ်တူရလဒ်ထွက်ပေါ်လာမယ်လို့ အာမမခံနိုင်ကြောင်းလည်း ပြောပါတယ်။

မျောက်နဲ့ကြွက်တွေမှာတော့ ကုသဆေး တစ်လုံးဟာ ကူးစက်ခံမျောက်နဲ့ကြွက် ရဲ့ အဆုတ်က ဒဏ်ရာကိုကုစားပေးနိုင်တာကိုလည်းတွေ့ရှိခဲ့ရတာပါ။ အခြားသတ္တဝါတွေမှာတော့ ကိုယ်ခံအားစနစ်မြင့်တက်လာတာတွေ့ရပြီး ၂၈ ရက်အတွင်းရောဂါကို လုံးဝတိုက်ထုတ်နိုင်တာကို တွေ့မြင့်ခဲ့ရတာပါ။ ကုသဆေးရဲ့အဓိက လုပ်ဆောင်ချက် ကတော့ အဆုတ်တွင်းရှိ ရောဂါပိုးကို ပျံ့ပွားမှုကို သိသိ သာသာလျော့ချပေးနိုင်ပြီး အဆုတ်ကိုပြန်လည်ကုသပေးတာဖြစ်ပါတယ်။ “ယခုဆေးဝါးဖော်စပ်နိုင်မှုမှာ Respiratory syncytial virus နဲ့ SARS ရောဂါကု သဆေးတွေဟာ များစွာ အထောက်အကူပြုခဲ့ပါတယ်” လို့ လန်ဒန်ဆေးပညာအဖွဲ့က Stephen Evans ကပြောကြား ခဲပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ကုသဆေးတစ်မျိုးထွက်ဖို့ နှစ်ချီကြာမြင့်နိုင်ပေမယ့် လပိုင်းအတွင်း ထုတ်လုပ်ပေးနိုင်ဖို့ ဗြိတန်ပညာရှင်တွေ အဖွဲ့နှစ်ဖွဲ့ခွဲကာ ကြိုးပမ်းနေကြတယ်လို့လည်းသိရပါတယ်။ ထိုအဖွဲ့နှစ်ဖွဲ့မှာOxford University အဖွဲ့က လူနာကို အအေးမိအောင်ပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ ကိုယ်ခံအားကိုစမ်းသပ်ခဲ့ပြီး အခြားပညာရှင်အဖွဲ့ကတော့ သွေးထဲကို ရောဂါပိုးထည့်သွင်းပြီးစောင့်ကြည့်အဖြေရှာခြင်းနည်းကို အသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။၎င်းလေ့လာမှုတွေကို အခြေခံပြီး ကုသဆေးကိုထုတ်လုပ်ခဲ့ကာ Oxford University ထုတ်ကု သဆေးကိုတော့ အသက် ၁၈ နှစ်မှ ၅၅နှစ်အတွင်းရှိ စုစုပေါင်း စမ်းသပ်ခံလူနာ ၁၁၁၂ ဦးထဲက ၅၁၀ ဦးမှာ စမ်းသပ်ခဲ့တယ်လို့လည်းသိရပါတယ်။ ဇွန်လအတွင်းစမ်းသပ်အဖြေရလဒ်ကောင်းပါက ဆေးဝါးအမြန်ထုတ်လုပ်နိုင်ဖို့ ဗြိတိန်အခြေစိုက်ဆေးထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ AstraZeneca နဲ့ ညှိနှိုင်းထားတယ်လို့လည်း သိရ ပါတယ်။

crd : panpyoelat