မင်းသမီးကြီးချိုပြုံးကတော့အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့ သရုပ်ဆောင်မှုများနဲ့အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်မင်းသမီးကြီးချိုပြုံးက မင်္ဂလာပွဲတွေမှာ စိတ်မကောင်းစရာတွေ ကြုံတွေ့ခဲ့ရကြောင်း အခုလိုပြန်လည် ရင်ဖွင့်လာခဲ့ပါတယ်နော်။
မင်းသမီးကြီးချိုပြုံးက မင်္ဂလာပွဲတွေမှာ စိတ်မကောင်းစရာတွေ ကြုံတွေ့ခဲ့ရတယ်၊ ဒီနှစ် မင်္ဂလာဆောင်ပွဲတွေမှာ လာဖျော်ဖြေပေးတဲ့ အနုပညာရှင်တွေကို အစားအသောက် နဲ့ ဧည့်ခံတာမျိုးတွေ မရှိတော့လို့ စိတ်မကောင်း ဖြစ်မိတယ်၊ ပွဲကမနက်ဆိုရင် မေချိုက မနက်စာ မစားခဲ့ဘူး၊ နောက်ကြမှာစိုးလို့၊ သူတို့အတွက် ဘယ်လောက်ကုန်မှာ မလို့လဲ နော်၊ မင်္ဂလာယူနေတဲ့ချိန်ဆို မင်္ဂလာပဲ ရှိစေချင်တယ်လေ ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။
crd
zawgyi
crd